Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ပွဲရပ်ဆိုင်းရေး ကြားဝင် စေ့စပ်ပေးလိုတယ်လို့ ရုရှားကို တရုတ်သမ္မတ ကမ်းလှမ်း

ရုရှား သမ္မတအဖြစ် ၂၀၀၈ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးသူ မက်ဗီဒက်ဗ်ဟာ ရှီက တရုတ် သမ္မတနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲ ရာထူးတွေကို တတိယ သက်တမ်း ရယူပြီးနောက်ပိုင်း ဘေဂျင်းကို ပထမဆုံး ရောက်ရှိလာတဲ့ ရုရှား အဆင့်မြင့် အရာရှိလည်း ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေဖို့အတွက် ရုရှားနဲ့ စေ့စပ် ညှိနှိုင်းပြီး ကူညီဖို့ ဆန္ဒရှိကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမြို့မှာ ရုရှား သမ္မတဟောင်းလည်းဖြစ်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ညာလက်ရုံး တစ်ဦးလည်းဖြစ်တဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်နဲ့ တွေ့ဆုံချိန်မှာ ရှီက အခုလို ပြောခဲ့တာပါ။ အဲဒီ တွေ့ဆုံမှုအတွင်း ရုရှားနဲ့ တရုတ်တို့ဟာ သူတို့ရဲ့ မဟာဗျူဟာ လက်တွဲ ဆောင်ရွက်မှုတွေကို ဆက်လက် မြှင့်တင်သွားဖို့လည်း သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ရုရှား သမ္မတအဖြစ် ၂၀၀၈ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးသူ မက်ဗီဒက်ဗ်ဟာ ရှီက တရုတ် သမ္မတနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲ ရာထူးတွေကို တတိယ သက်တမ်း ရယူပြီးနောက်ပိုင်း ဘေဂျင်းကို ပထမဆုံး ရောက်ရှိလာတဲ့ ရုရှား အဆင့်မြင့် အရာရှိလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အခုနှစ်ဆန်းပိုင်းမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့နောက်ပိုင်း ထိခိုက်မှုတချို့ ရှိလာခဲ့ပါတယ်။ တရုတ်ဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားကို အထောက်အပံ့ ဖြစ်စေမယ့် လက်နက်တွေ ရောင်းချတာမျိုး မလုပ်ခဲ့ပေမယ့် အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရုရှားအပေါ် အရေးယူ ပိတ်ဆို့တာတွေလည်း မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မက်ဗီဒက်ဗ်နဲ့ တွေ့ဆုံချိန်မှာ ရှီက လက်ရှိကာလ တရုတ်-ရုရှား ဆက်ဆံရေးဟာ နိုင်ငံတကာ အပြောင်းအလဲတွေရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံနေရတဲ့ အခြေအနေမျိုးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဒါ့အပြင် ရုရှားကသာ စစ်ပွဲကို ရပ်တန့်လိုတဲ့ ဆန္ဒမျိုး အမှန်တကယ် ရှိနေမယ်ဆိုရင် တရုတ်ကလည်း ကြားဝင် စေ့စပ်ပေးဖို့ လမ်းဖွင့်ထားကြောင်း ရှီက ပြောကြားခဲ့ပါတယ်။

ရှီနဲ့ မက်ဗီဒက်ဗ် တွေ့ဆုံမှုဟာ စစ်ပွဲကာလနောက်ပိုင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ဝါရှင်တန်ကို သွားရောက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီ ခရီးစဉ်မှာ ဘိုင်ဒန်က ယူကရိန်းအတွက် အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့ ဇီလန်စကီးဆီ အခိုင်အမာ ကတိပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။