Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာရပါတီ ညီလာခံ ပိတ်ပွဲကနေ တရုတ် သမ္မတဟောင်း ထပြန်

ဟူဟာ တရုတ်သမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ တရုတ် သမ္မတအဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခမ်းအနား တက်ရောက်လာချိန်မှာ ဟူဟာ အတော်လေး အိုမင်းနေပြီး ဆံပင်တွေ ဖြူနေတာကိုလည်း တွေ့ရပါတယ်။

အာဏာရပါတီ ညီလာခံ ပိတ်ပွဲကနေ တရုတ် သမ္မတဟောင်း ထပြန်
အာဏာရပါတီ ညီလာခံ ပိတ်ပွဲကနေ တရုတ် သမ္မတဟောင်း ထပြန်

တရုတ် အာဏာရ ကွန်မြူနစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ ပိတ်ပွဲ အခမ်းအနားမှာ သမ္မတဟောင်း ဟူဂျင်တောင်က ရုတ်တရက် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၇၉ နှစ်အရွယ် ဟူဟာ အစောပိုင်းတုန်းက ပေါ်လစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်တွေ ထိုင်ခွင့်ရတဲ့ ရှေ့ဆုံးတန်းမှာ လက်ရှိ သမ္မတ ရှီကျင့်ဖျင်နဲ့အတူ ထိုင်နေခဲ့ပါတယ်။ နောက်တော့ သူဟာ ရှီရယ်၊ ဝန်ကြီးချုပ် လီကီကျန်းရယ်နဲ့ ခပ်တိုးတိုး စကားပြောပြီးတဲ့နောက် လုံခြုံရေး တစ်ဦးရဲ့ အကူအညီနဲ့ ဘေဂျင်းမြို့ မဟာပြည်သူ့ ခန်းမဆောင်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဟူက ဝန်ကြီးချုပ် လီရဲ့ ပခုံးကို လက်နဲ့ အသာပုတ်သွားခဲ့ပြီး သူဘာကြောင့် ထွက်သွားတယ် ဆိုတာကိုတော့ ကွန်မြူနစ် ပါတီက မှတ်ချက် မပေးခဲ့ပါဘူး။ သမ္မတဟောင်းရဲ့ မျှော်လင့်မထားတဲ့ ထွက်ခွာသွားမှုကို အခမ်းအနားတက်ရောက် သတင်းယူနေတဲ့ နိုင်ငံတကာ မီဒီယာတွေလည်း သတိပြုမိခဲ့ကြပါတယ်။

ဟူဟာ တရုတ်သမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ တရုတ် သမ္မတအဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခမ်းအနား တက်ရောက်လာချိန်မှာ ဟူဟာ အတော်လေး အိုမင်းနေပြီး ဆံပင်တွေ ဖြူနေတာကိုလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၆၉ နှစ်အရွယ် လက်ရှိ သမ္မတ ရှီကတော့ သူ့ရဲ့ တတိယမြောက် ၅ နှစ် သမ္မတ သက်တမ်းကို အခုအခမ်းအနားမှာ ကြေညာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေး ပေးခံထားရပါတယ်။ ပါတီညီလာခံ ပိတ်ပွဲ အခမ်းအနားမှာ ရှီက ပါတီဝင်တွေ အနေနဲ့ အောင်မြင်မှုတွေ ရယူဖို့အတွက် ရုန်းကန် လှုပ်ရှားရဲကြဖို့ တိုက်တွန်းခဲ့ပြီး ကျိုးကျိုးနွံနွံနဲ့ အလုပ်ကြိုးစားစေလိုကြောင်းလည်း မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။