Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Covid-19 လူနာတွေမှာ ပြင်းထန် မှိုရောဂါတစ်မျိုး စွဲကပ်နိုင်ခြေကို အိန္ဒိယ ဆရာဝန်တွေ သတိပေး

Covid-19 လူနာတွေမှာ နောက်ဆက်တွဲအဖြစ် ပြင်းထန် မှိုရောဂါတစ်မျိုး စွဲကပ်လာနိုင်တဲ့အပေါ် အိန္ဒိယ ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

အိန္ဒိယဟာ လတ်တလော အခြေအနေတွေအရ ကမ္ဘာပေါ်မှာ ကပ်ရောဂါ ကူးစက်မှုတွေ အဆိုးဆုံး ကြုံနေရတဲ့ နိုင်ငံပါ။ ဒါ့အပြင် နောက်ဆက်တွဲ ခြိမ်းခြောက်မှုအဖြစ် ရှားပါးတဲ့ မှိုရောဂါ တစ်မျိုးကလည်း တချို့သော Covid-19 လူနာတွေနဲ့ လူနာဟောင်းတွေမှာ တွေ့မြင်လာရတယ်လို့ ဆိုပါတယ်။

သိပ္ပံနာမည် Mucormycosisလို့ သတ်မှတ်ထားပြီး အိန္ဒိယ ဆရာဝန်တွေက မှိုနက်လို့ ခေါ်ဝေါ်တဲ့ ရောဂါဟာ အဖြစ်နည်းပေမယ့် သတိထားရမယ့် ပြဿနာကြီးတစ်ခုလို့ ယူဆကြပါတယ်။ ဒီရောဂါဟာ Covid-19ကြောင့် ကိုယ်ခံအား ထိခိုက် ကျဆင်းသွားတဲ့ လူနာတွေမှာ ခိုအောင်း စွဲကပ်လာနိုင်တယ်လို့ သိရပါတယ်။

ပုံမှန်ဆိုရင် ဒီရောဂါမျိုး ဖြစ်နိုင်ခြေ နည်းပေမယ့် နေ့စဉ် Covid-19 လူနာ သုံးသိန်းကျော်၊ လေးသိန်းလောက် တိုးပွားနေတဲ့ အခြေအနေနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မှိုနက်ရောဂါ ဖြစ်ပွားနေသူတွေကို ပိုပြီး အတွေ့များလာတယ်လို့ အိန္ဒိယ ဆရာဝန်တွေက ပြောပါတယ်။

ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ကိုယ်ခံအား နည်းပါးနေတဲ့ သူတွေမှာ ဝင်ရောက် စွဲကပ်ပြီးရင် မှိုနက်ရောဂါရဲ့ ထိခိုက် ထိုးနှက်နိုင်စွမ်းက အမြင့်ဆုံး ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ အနောက်ပိုင်းက မဟာရှာထရာ ပြည်နယ်မှာဆိုရင် ရက်ပိုင်းအတွင်း မှိုနက်ရောဂါ ဖြစ်ပွားသူ ၃၀၀ ကျော် ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သွေးကြောတွေနဲ့ အနီးတဝိုက်မှာ မှိုစွဲသလို ဖြစ်တတ်တဲ့ ရောဂါဟာ အသက်အန္တရာယ် ထိခိုက်တဲ့ထိ ပြင်းထန်သွားနိုင်ပါတယ်။ ဂရုတစိုက် ကုသမှုမျိုး မရှိရင် ဒီရောဂါကြောင့် သေနိုင်တယ်လို့ အိန္ဒိယ ဆေးသုတေသန ကောင်စီက Twitterမှာ ကြေညာချက် ထုတ်ပြန် သတိပေးထားခဲ့ပါတယ်။

ဒီရောဂါကို ကုသရာမှာ မှိုတိုက်ဖျက်တဲ့ ဆေးဝါးတွေ သွင်းပေးတာ၊ မှိုစွဲလို့ ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ဖြတ်တောက် ဖယ်ရှားရတာမျိုး နည်းလမ်းတွေ အသုံးပြုရပါတယ်။ ဒါပေမဲ့ ဆေးတွေက စျေးကြီးတဲ့အတွက် ကုသရေးမှာ အခက်အခဲတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်တွေက ပြောပြပါတယ်။ အထူးသဖြင့် အစိုးရ ဆေးရုံတွေမှာ ဒီလိုဆေးတွေ ရနိုင်ဖို့ ခက်ခဲတတ်ပါတယ်။

မှိုနက်ရောဂါကြောင့် သေဆုံးနိုင်ခြေ မြင့်မြင့်မားမား ရှိတတ်ကြောင်း၊ ပြန်ကောင်းလာသူ အနည်းအကျဉ်းကလည်း ခက်ခဲရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေ ခံယူရတတ်ကြောင်း၊ နှစ်ပတ်အတွင်း အခြေအနေ ဆိုးသွားတတ်ပြီး ရောဂါ စတွေ့ပြီ ဆိုတာနဲ့ အလေးထား တုံ့ပြန်ဖို့ အရေးကြီးကြောင်းလည်း အိန္ဒိယ ဆေးသုတေသန ကောင်စီက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။