Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာကီနာ ဖာဆိုမှာ လက်နက်ကိုင်တွေ ဝင်ပစ်ခတ်လို့ ရွာသား ၁၃၀ ကျော်သေဆုံး

ဘာကီနာဖာဆို နိုင်ငံမှာ လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် လူ ၁၃၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အခု သီတင်းပတ်ကုန်က နိုင်ငံမြောက်ပိုင်း၊ ဆိုလ်ဟန်မှာရှိတဲ့ ရွာတစ်ခုကို အမည်မသိ အဖွဲ့အစည်း တစ်ခုရဲ့ သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ကြေညာပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှလည်း တာဝန်ခံ ကြေညာတာမျိုး မရှိသေးပါဘူး။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က ဒီလုပ်ရပ်မျိုးဟာ စက်ဆုပ်စရာ ရာဇဝတ်မှုမျိုး ဖြစ်တယ်လို့ ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အာဖရိကမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ လျော့ပါးလာစေရေးအတွက် နှစ်ဆတိုး အားထုတ် ကူညီကြဖို့ ဂူတာရက်ဇ်က တိုက်တွန်းခဲ့ပါတယ်။

ဘာကီနာဖာဆို သမ္မတ ရော့ချ်ကာဘောက ဒီဖြစ်စဉ်အတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု ကာလကို ၃ ရက်ကြာ သတ်မှတ်ကြောင်း ထုတ်ပြန်ပါတယ်။ ပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြစ်မှု ကျူးလွန်သူတွေကို လိုက်လံ ရှာဖွေနေတယ်လို့လည်း သမ္မတက ပြောပါတယ်။

အာဖရိကတိုက် အလယ်ပိုင်း နိုင်ငံတွေမှာ လက်နက်ကိုင် အကြမ်းဖက် လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတဲ့အပေါ် ဒေသခံ အစိုးရတွေ အနေနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ အခက်ကြုံနေရပါတယ်။ အခုသီတင်းပတ်ထဲမှာပဲ နိုက်ဂျီးရီးယားမှာလည်း လက်နက်ကိုင် အကြမ်းဖက်သမားတွေ ပစ်ခတ်လို့ ဒေသခံ ၈၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာကီနာဖာဆိုမှာ ဇွန်လ ၄ ရက်ကလည်း ကျေးရွာတစ်ခုမှာ လူရမ်းကားတွေ ဝင်ရောက် ပစ်ခတ်လို့ လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ဘာကီနာဖာဆို အရှေ့ပိုင်းမှာလည်း တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

သတင်း

People’s Spring ထိုင်းနိုင်ငံ တောင်ဖက်စွန်း၊ မလေးရှားနဲ့ နယ်စပ်နားက မြို့တစ်မြို့မှာလက်နက်ကိုင်​သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျီးလန့်စာစား အခြေအနေတွေ ဖြစ်ပေါ်ပြီး အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရတယ်လို့ ဘန်​ကောက်ပို့စ်သတင်းစာက​ဖော်ပြပါတယ်။ မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက နာရာသီဝပ် ပြည်နယ်ရဲ့ အဓိက မြို့ကြီး...

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

သနန်ရွာရှိ အကျဉ်းစခန်းကို နိုဝင်ဘာ၂၂ ရက်နံနက် ၈နာရီတွင် စတင်တိုက်ခဲ့ပြီး ည ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ထိုအကျဉ်းစခန်း စခန်းမှူးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။