Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆင်းရဲတဲ့ နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ လှူဖို့ အမေရိကန် စီစဉ်

ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို ဖြန့်ဝေ ထောက်ပံ့ဖို့အတွက် အမေရိကန် အစိုးရက Covid-19 ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ ဝယ်ယူသွားမယ်လို့ သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရ အဖွဲ့ဟာ လာမယ့် ၂ နှစ်တာ ကာလအတွင်း ဒီအစီအမံကို အထမြောက်အောင် အကောင်အထည် ဖော်သွားမယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။ ပထမအသုတ် ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ ကို ဒီနှစ်ထဲမှာ ဝယ်ယူ ဖြန့်ဝေပေးပြီး ကျန်တဲ့ အရေအတွက်ကတော့ ၂၀၂၂ ခုနှစ်ထဲမှာ ဖြန့်ဝေသွားဖို့ ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဆီ ကာကွယ်ဆေးတွေ ထောက်ပံ့ ပေးပို့ဖို့ ဘက်ပေါင်းစုံ ဖိအားပေး တောင်းဆိုမှုတွေနဲ့ ကြုံနေရပါတယ်။ ဘိုင်ဒန်ရဲ့ သမ္မတ သက်တမ်းတလျှောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဗြိတိန်ကို သွားရောက်ချိန်မှာပဲ အခုလို ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ ဝယ်ယူ လှူဒါန်းမယ့် သတင်း ထွက်ပေါ်လာတာပါ။

အစောပိုင်းမှာတော့ ဘိုင်ဒန်က သူဟာ နိုင်ငံတကာ ကာကွယ်ဆေး ဖြန့်ဝေမှု ရည်မှန်းချက်နဲ့ ပတ်သက်လို့ အစီအမံတစ်ရပ် ရှိနေကြောင်း၊ မကြာခင်မှာ အများသိအောင် ကြေညာမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာအနှံ့က ဝင်ငွေနည်းပါးတဲ့ နိုင်ငံ ၉၂ ခုနဲ့ အာဖရိက သမဂ္ဂဆီကို ကာကွယ်ဆေးတွေ တင်ပို့သွားမှာပါ။ အမေရိကန်နည်းတူ ဗြိတိန်နဲ့ ကနေဒါတို့လို နိုင်ငံကြီးတွေကလည်း ကာကွယ်ဆေးတွေ လှူဒါန်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။