Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို တရုတ် တိုက်ခိုက်ဖို့ မဖြစ်နိုင်သေးဘူးလို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး သုံးသပ်

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ဖို့ဆိုတာ လတ်တလော ဖြစ်နိုင်ခြေ နည်းပါးလွန်းတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

တရုတ်ဟာ သီးခြားနိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေတဲ့ ထိုင်ဝမ်ကို ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ လိုအပ်လာရင် ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး တိုက်ခိုက် သိမ်းပိုက်မယ်လို့လည်း တရုတ်က ခြိမ်းခြောက်ထားဖူးပါတယ်။

မကြာသေးခင် လပိုင်းတွေအတွင်း ထိုင်ဝမ်ကျွန်းနားမှာ တရုတ် ရေတပ်နဲ့ လေတပ်ရဲ့ လှုပ်ရှားမှုတွေ ပိုမို များပြားလာတဲ့အပေါ် ထိုင်ဝမ် အစိုးရကရော၊ အမေရိကန်ကပါ စိုးရိမ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ ပူးပေါင်းစစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး မတ်ခ် မီလေးကတော့ ထိုင်ဝမ်ဟာ လောလောလတ်လတ် အခြေအနေမှာတော့ တရုတ်ရဲ့ ကျူးကျော်မှုကို ခံရနိုင်တဲ့ အန္တရာယ် မရှိလောက်သေးဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန် လွှတ်တော် အမတ်တွေဆီ တွေ့ဆုံ အစီရင်ခံတဲ့ အခါမှာ မီလေးက ထိုင်ဝမ်ဟာ တရုတ်အတွက် အဓိက စိတ်အဝင်စားဆုံး အကြောင်းအရာ တစ်ခုအဖြစ် ဆက်ရှိနေဆဲလို့ ပြောပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို စစ်တိုက်ပြီး သိမ်းပိုက်ဖို့တော့ ဘယ်လို အကြောင်းပြချက်မှ မရှိကြောင်း၊ ဒါကို တရုတ် ကိုယ်တိုင်ကလည်း နားလည်ပြီးဖြစ်ကြောင်း၊ တရုတ်က အချိန်တိုအတွင်း ထိုင်ဝမ်ကို ကျူးကျော်စစ် ပြုလာနိုင်ဖို့ ဖြစ်နိုင်ခြေက အရမ်းနည်းလွန်းတယ်လို့ ယုံကြည်ကြောင်း မီလေးက ဆိုပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို တကယ်ပဲ သိမ်းယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဒီအတွက် စစ်အင်အား ပြင်ဆင် တည်ဆောက်ဖို့ အချိန်ယူရလိမ့်ဦးမယ်လို့ သူက ရှင်းပြပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို အဓိက ထောက်ခံ ရပ်တည်ပေးနေတဲ့ အင်အားကြီး နိုင်ငံဖြစ်ပြီး ထိုင်ဝမ်အတွက် လက်နက်တွေကိုလည်း ရောင်းချပေးနေပါတယ်။ ဒီအခြေအနေက တရုတ်ကို အကြီးအကျယ် ဒေါသထွက်စေပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရက ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ထိုင်ဝမ်နဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက် စွက်ဖက်မှုတိုင်းဟာ တရုတ်ပြည်တွင်းရေးလို့ သတ်မှတ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။