Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ၏တရားဝင်အသိအမှတ်ပြုမှုရရှိရန် NUG အရှိန်မြှင့်ကြိုးပမ်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုလက်ခံ မှုရရှိဖို့ အရှိန်မြှင့်ကြိုးစားနေပြီး အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ထောက်ပြတောင်းဆိုထားပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ NUG ရဲ့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေပြီး ဇွန် ၁၈ ရက်က ကျင်းပခဲ့တဲ့ အထွေထွေညီလာခံမှာ မြန်မာနဲ့ပတ်သက်တဲ့အဆိုတစ်ရပ်ကို ထောက်ခံ မဲပေးခဲ့ပါတယ်။

ဒါပေမဲ့ လာမယ့်စက်တင်ဘာမှာ ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံစတင်ကျင်း ပမှာဖြစ်ပြီး အဲဒီညီလာခံမတိုင်ခင်မှာ မြန်မာနိုင်ငံကိုယ်စားပြုရေးအတွက် NUG ရော၊ စစ်ကောင်စီ ရောက အဆိုပြုကြမှာပါ။

ဒါ့ကြောင့် မြန်မာပြည်သူလူထုတာဝန်ပေးအပ်မှုအာဏာ(Mandate)ရရှိထားတဲ့ NUG ဟာ ကုလ သမဂ္ဂအထွေထွေညီလာခံ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee)ရဲ့ အသိ အမှတ်ပြုမှုကိုသာမက နိုင်ငံတကာရဲ့ တရားဝင်ထောက်ခံမှုကိုလည်းလိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်မှာNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ နော်ဝေးပါလီမန်အမတ်များနဲ့အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပြီး NUG ကို တရားဝင်အစိုးရအဖြစ် အားပေး ထောက်ခံဖို့နဲ့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုဖို့ တိုက်တွန်းခဲ့တယ်လို့ CRPH Support Group, Norway က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဆိုးမှ လွတ်မြောက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေး အစိုးရကို နိုင်ငံတကာက အသိမှတ်ပြုဖို့လိုပါတယ်။ စက်တင်ဘာလမှာ ပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ခန့်အပ် လွှာစိစစ်ရေးကော်မတီ ( Credentials Committee) အစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်နိုင်ရေးအတွက် နော်ဝေးအစိုးရက ပါဝင်ထောက်ခံပေးပါလို့ မေတ္တာရပ်ခံပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကုလအထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ ဦးကျော်မိုးထွန်းကလည်း အဖွဲ့ဝင်နိုင်ငံ တွေအနေနဲ့ ရည်ရွယ်လို့ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ စစ် အုပ်စုနှင့် ၎င်းမှ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံတော်စီမံအုပ်ချုပ်မှုကောင်စီကို မထောက်ခံဖို့၊ အသိအမှတ်မပြုဖို့ အရေးကြီးတယ်လို့ထောက်ပြခဲ့ပါတယ်။

“အဲဒီလို ထောက်ခံခြင်းဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကို ပြည် သူများအပေါ် အကြမ်းဖက်မှုတွေ၊ လူသားမဆန်တဲ့အပြုအမှုတွေ ပိုမိုကျူးလွန်လာဖို့ အားပေး ခြင်းသာဖြစ်လာနိုင်ပါတယ်” လို့ ဦးကျော်မိုးထွန်းက ကုလအဖွဲ့ဝင်နိုင်ငံတွေကို သတိပေးခဲ့ပါ တယ်။

ကုလသမဂ္ဂအထွေထွေညီလာခံဟာ မြန်မာမှာ စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချပြီး လက်နက်မရောင်းချရေးအဆိုကို ထောက်ခံမဲအပြတ်အသတ်နဲ့ အတည်ပြုခဲ့ပေမယ့် အာဏာသိမ်းထား တဲ့ အကြမ်းဖက်စစ်ကောင်စီကတော့ ကုလရဲ့ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလအထွေထွေညီလာခံဟာ မြန်မာ့အရေးအဆိုကို ထောက်ခံမဲ ၁၁၉ ၊ ကန့်ကွက်မဲ ၁ ၊ ကြားနေမဲ ၃၆ နဲ့ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ ဘီလာရုစ်တစ်နိုင်ငံသာ မြန်မာ့အရေးအဆိုကို ကန့်ကွက်ခဲ့ ပြီး မြန်မာစစ်တပ်ရဲ့ အဓိကမဟာမိတ်တွေနဲ့ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ ကြားနေမဲသာ ပေးခဲ့တာပါ။

မြန်မာစစ်တပ်ကို တောက်လျှောက်ကာကွယ်ထောက်ခံခဲ့တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ အခုတစ်ကြိမ် ကြားနေမှုဟာ စစ်တပ်အတွက် ကောင်းမွန်တဲ့လက္ခဏာမဟုတ်နိုင်ဘူးလို့ လေ့လာသူအချို့က သုံးသပ်ပါတယ်။
တရုတ်နဲ့ ရုရှားတို့ရဲ့သဘောထားဟာ အကြမ်းဖက်စစ်တပ်အတွက် သူတို့ထင်သလောက် အကာ အကွယ်မရခဲ့တဲ့အတွက် အတော်ခံစားရခက်လိမ့်မယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ရှုမြင်ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပြန် ကြည့်ရင် အကြမ်းဖက်စစ်ကောင်စီဟာ အသိအမှတ်ပြုခံရတာမရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) တို့ဟာ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ သူတို့ရဲ့ ညီလာခံတွေမှာ တက်ရောက်ခွင့်မပြုခဲ့ပါဘူး။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း စစ်ကောင်စီကိုယ်စားလှယ်ကို အသိအမှတ်မပြု သေးပါဘူး။ ဇွန် ၂၁ ရက်မှာ စတင်မယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ်တက်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။

တစ်ဖက်မှာ လူ့အခွင့်အရေးကောင်စီဟာ NUG ကိုယ်စားလှယ်ကိုလည်း တက်ရောက်ခွင့်မပြု ပါဘူး။
လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ကာ နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူထားတာ လေးလကျော်ရှိလာပေ မယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရသေးဘဲ NUGနဲ့ အပြိုင် တရားဝင်မှုရရှိဖို့ ကြိုးစားနေရဆဲပါ။

နိုင်ငံတကာမျက်နှာစာမှာ NUG ရဲ့ ကြိုးပမ်းနေမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “NUG အစိုးရအနေနဲ့ နိုင်ငံတကာသံတမန်အ‌ရေးမှာ အောင်မြင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေပါတယ်။ အမှန်တရားအတွက် နိုင်ကိုနိုင်ရမယ်လို့လဲ ယုံကြည်ထားပါတယ်။ ပြည်သူတွေအနေနဲ့လဲ ရောက်ရှိနေတဲ့နေရာမှာ တတ်နိုင်သရွေ့ စစ်တပ်ကို တွန်းလှန်နေခြင်းဖြင့် စိတ်ဓာတ်ကို အမြင့်မားဆုံးမြှင့်တင်ထားကြပါ” လို့ သတင်းစကားပါးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။