Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကိုဗစ်ကာကွယ်ဆေး စမ်းသပ်စီမံကိန်းခေါင်းဆောင် ကိုဗစ်သံသယနဲ့ ကွယ်လွန်

တတိယလှိုင်းဒဏ်ပြင်းပြင်းထန်ထန်စခံလာရပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီရက်ပိုင်း တရုတ်နဲ့ ရုရှားက ကိုဗစ်ကာကွယ်ဆေး တစ်သန်းရောက်ဖို့ရှိပြီးလကုန်ရက်မှာလည်းထပ်ရောက်မယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးက ပြောထားတာရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac စမ်းသပ်စီမံကိန်းခေါင်းဆောင်ဟာ ကိုဗစ်သံသယနဲ့ ကွယ်လွန်သွားတယ်လို့ အင်ဒိုနီးရှားနိုင်ငံ The Jakata Post သတင်းက ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ အခုလို သိပ္ပံပညာအဖွဲ့ခေါင်းဆောင်သေဆုံးချိန်ဟာအင်ဒိုနီးရှားမှာ ကိုဗစ်ကြောင့် လူသေဆုံးမှု အမြင့်ဆုံးဖြစ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံးထိုးနှံတဲ့ ကမ္ဘာ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင်းမီဒီယာတွေက အဲဒီအမျိုးသမီးဟာ ကိုဗစ်ရောဂါနဲ့သေဆုံးတာလို့ ဖော်ပြနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီရက်ပိုင်းလေးကပဲ စက်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာကတော့ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေလို့ သတ်မှတ်မှာမဟုတ်တဲ့အကြောင်း ပြောထားပါတယ်။

တတိယလှိုင်းဒဏ်ပြင်းပြင်းထန်ထန်စခံလာရပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီရက်ပိုင်း တရုတ်နဲ့ ရုရှားက ကိုဗစ်ကာကွယ်ဆေး တစ်သန်းရောက်ဖို့ရှိပြီးလကုန်ရက်မှာလည်းထပ်ရောက်မယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးက ပြောထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။