အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac စမ်းသပ်စီမံကိန်းခေါင်းဆောင်ဟာ ကိုဗစ်သံသယနဲ့ ကွယ်လွန်သွားတယ်လို့ အင်ဒိုနီးရှားနိုင်ငံ The Jakata Post သတင်းက ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ အခုလို သိပ္ပံပညာအဖွဲ့ခေါင်းဆောင်သေဆုံးချိန်ဟာအင်ဒိုနီးရှားမှာ ကိုဗစ်ကြောင့် လူသေဆုံးမှု အမြင့်ဆုံးဖြစ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံးထိုးနှံတဲ့ ကမ္ဘာ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင်းမီဒီယာတွေက အဲဒီအမျိုးသမီးဟာ ကိုဗစ်ရောဂါနဲ့သေဆုံးတာလို့ ဖော်ပြနေကြပါတယ်။
ဒီရက်ပိုင်းလေးကပဲ စက်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာကတော့ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေလို့ သတ်မှတ်မှာမဟုတ်တဲ့အကြောင်း ပြောထားပါတယ်။
တတိယလှိုင်းဒဏ်ပြင်းပြင်းထန်ထန်စခံလာရပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီရက်ပိုင်း တရုတ်နဲ့ ရုရှားက ကိုဗစ်ကာကွယ်ဆေး တစ်သန်းရောက်ဖို့ရှိပြီးလကုန်ရက်မှာလည်းထပ်ရောက်မယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးက ပြောထားတာရှိပါတယ်။
