Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေကို အမေရိကန်က နာမည်ပျက် စာရင်းသွင်းတဲ့အပေါ် လက်တုံ့ပြန်မယ်လို့ တရုတ် သတိပေး

တရုတ် စီးပွားရေး လုပ်ငန်းတွေရဲ့ တရားဝင် ရပ်တည်မှုနဲ့ အခွင့်အရေးတွေကို ခိုင်ခိုင်မာမာ ကာကွယ်ဖို့ တရုတ် အစိုးရက လိုအပ်သလို တုံ့ပြန်သွားမယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တရုတ် ကုမ္ပဏီတွေကို နာမည်ပျက် စာရင်း သွင်းခဲ့တဲ့ အမေရိကန်ကို လိုအပ်သလို လက်တုံ့ပြန်သွားမယ်လို့ တရုတ်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

တရုတ်မှာ ဟွေဂါ မျိုးနွယ်စုတွေနဲ့ တခြား လူနည်းစု မွတ်ဆလင်တွေအပေါ် ဖိနှိပ် ဆက်ဆံနေတာနဲ့ ဆက်စပ်လို့ ကုမ္ပဏီ တချို့ကို အမေရိကန်က နာမည်ပျက် စာရင်းသွင်း အရေးယူခဲ့တာပါ။ အမေရိကန်ရဲ့ အရေးယူမှုတွေဟာ တရုတ် စီးပွားရေး လုပ်ငန်းတွေအပေါ် ကျိုးကြောင်း ဆီလျော်မှု မရှိဘဲ ရန်လို ဖိနှိပ်တာဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး၊ ကုန်သွယ်ရေး ဥပဒေတွေနဲ့လည်း မညီဘူးလို့ တရုတ် စီးပွားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ် စီးပွားရေး လုပ်ငန်းတွေရဲ့ တရားဝင် ရပ်တည်မှုနဲ့ အခွင့်အရေးတွေကို ခိုင်ခိုင်မာမာ ကာကွယ်ဖို့ တရုတ် အစိုးရက လိုအပ်သလို တုံ့ပြန်သွားမယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်က တရုတ် ကုမ္ပဏီ တချို့ကို နာမည်ပျက် စာရင်း သွင်းလိုက်တာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ တရုတ် လုပ်ငန်းစုကြီး တချို့ဟာ နိုင်ငံ အနောက်ပိုင်းက ရှင်းကျန်းနဲ့ ဒေသတချို့မှာ အဓမ္မ ခိုင်းစေမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စီးပွားရေး ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကြေညာချက်အရ ရှင်းကျန်းက တရုတ် စီးပွားရေး လုပ်ငန်း ၁၄ ခုကို နာမည်ပျက် စာရင်းထဲ ထည့်သွင်းလိုက်တာလို့ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။