Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လေထီးပုံမှန် မပွင့်ဘဲ ပေတစ်သောင်းခွဲ အမြင့်က ပြုတ်ကျပေမယ့် အသက်ရှင်ခဲ့တဲ့ ဗြိတိန်စစ်သား

သူဟာ အိမ်တစ်လုံးရဲ့ အမိုးပေါ် ကျသွားပေမယ့် ဒဏ်ရာ အနည်းအကျဉ်းလောက်သာ ရခဲ့ပါတယ်။ အိမ်နီးနားချင်း တချို့က လေထီး အပြည့် မပွင့်ဘဲ အရှိန်နဲ့ ကျလာတဲ့ စစ်သားရဲ့ ဖြစ်ရပ်ကို မျက်မြင် တွေ့ရှိခဲ့ကြပါတယ်။

ဗြိတိန် လေထီးစစ်သား တစ်ယောက်ဟာ လေထီးချွတ်ယွင်းပြီး ပေ တစ်သောင်းခွဲ အမြင့်ကနေ အရှိန်နဲ့ ပြုတ်ကျလာပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ဇူလိုင် ၆ ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တာပါ။ သတင်းတွေက နာမည် ဖော်ပြမထားတဲ့ ဗြိတိန် လေထီးစစ်သားဟာ မဟာမိတ် နှစ်နိုင်ငံ ပူးပေါင်း လေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်သားရဲ့ လေထီးက ပုံမှန်အတိုင်း မပွင့်တဲ့အတွက် လူတစ်ကိုယ်လုံး ချာချာလည်ပြီး မြေပြင်ပေါ် ထိုးကျခဲ့တာပါ။ သူဟာ အိမ်တစ်လုံးရဲ့ အမိုးပေါ် ကျသွားပေမယ့် ဒဏ်ရာ အနည်းအကျဉ်းလောက်သာ ရခဲ့ပါတယ်။ အိမ်နီးနားချင်း တချို့က လေထီး အပြည့် မပွင့်ဘဲ အရှိန်နဲ့ ကျလာတဲ့ စစ်သားရဲ့ ဖြစ်ရပ်ကို မျက်မြင် တွေ့ရှိခဲ့ကြပါတယ်။

အကူအညီပေးဖို့ အပြေးအလွှား သွားရောက်ခဲ့တဲ့ အခါမှာတော့ စစ်သားက သတိရှိပြီး အခြေအနေ ကောင်းနေကြောင်း၊ လေထီး သေချာမပွင့်ဘဲ အမြင့်ကြီးက ပြုတ်ကျလျက်နဲ့ အသက်ရှင်ခဲ့တယ်ဆိုတာ အံ့ဩစရာ ကိစ္စမျိုးဖြစ်ကြောင်း အိမ်ပိုင်ရှင်ရဲ့ မိခင် လင်ဒါ ဆယ်လာဒီက ပြောကြားခဲ့ပါတယ်။

နောက်တော့ ရဲတွေ ရောက်လာပြီး ဗြိတိန် စစ်သားကို ဆေးရုံ အမြန်ဆုံး တင်ပို့ပေးခဲ့ပါတယ်။ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ကယ်လီဖိုးနီးယားမှာ အမေရိကန်တွေနဲ့ ပူးပေါင်း လေ့ကျင့်ရင်း ဗြိတိန် အထူးတပ်ဖွဲ့ဝင်တစ်ဦး လေထီးမပွင့်ဘဲ ပြုတ်ကျခဲ့ပေမယ့် ဒဏ်ရာ အနည်းအကျဉ်းသာ ရခဲ့တယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။