Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကဘူးလ်ကို တာလီဘန်တွေ သိမ်းပိုက်၊ အာဖဂန် သမ္မတ ထွက်ပြေးတိမ်းရှောင်

သွားပြီး လပိုင်း အကြာမှာပဲ အာဖဂန် အစိုးရဟာ တာလီဘန်တွေကို အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေ စစ်ရေး အသာရနေတယ် ဆိုပေမယ့် ကဘူးလ်ထိ ချီတက်လာတဲ့ မြန်နှုန်းကတော့ နိုင်ငံတကာ စစ်ရေး လေ့လာသူတွေပါ အံ့ဩခဲ့ရပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံရဲ့ မြို့တော် ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေ ထိန်းချုပ်လိုက်ပြီဖြစ်ပြီး သမ္မတ အက်ရှ်ရက်ဖ် ဂါနီကတော့ ထွက်ပြေး တိမ်းရှောင်သွားရပြီ ဖြစ်ပါတယ်။

ဩဂုတ် ၁၅ ရက်မှာ တာလီဘန် တပ်တွေက ကဘူးလ်ကို စတင် ဝင်ရောက်ခဲ့ပြီး ဂါနီက တိမ်းရှောင်သွားခဲ့တာပါ။ ဂါနီက သူဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ရွေးချယ်ခဲ့ရကြောင်း၊ လက်နက်ကိုင် တာလီဘန်တွေနဲ့ စစ်ခင်းမလား၊ နိုင်ငံကနေ ထွက်ခွာမလား ရွေးရတဲ့အခါ သွေးချောင်းစီး ဖြစ်ရပ်တွေကို ရှောင်လွှဲဖို့အတွက် နိုင်ငံကို စွန့်ခွာခဲ့ကြောင်း Facebookပေါ်မှာ ရေးသားထားပါတယ်။

တာလီဘန်တွေက အနုနည်းနဲ့ မရရင် ကဘူးလ်ကို အကြမ်းပတမ်း သိမ်းယူဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် မြို့ခံ လူဦးရေ ၆ သန်းကျော်အတွက် အန္တရာယ် ကြီးလွန်းတယ်လို့လည်း ဂါနီက ဆိုပါတယ်။ အခုတော့ တာလီဘန်တွေက ကဘူးလ်မှာ ရှိတဲ့ သမ္မတ နန်းတော်ထဲ ရောက်နေပါပြီ။

အာဖဂန်မှာ နှစ်ပေါင်း ၂၀ လောက် တပ်စွဲထားတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဆုတ်ခွာသွားပြီး လပိုင်း အကြာမှာပဲ အာဖဂန် အစိုးရဟာ တာလီဘန်တွေကို အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေ စစ်ရေး အသာရနေတယ် ဆိုပေမယ့် ကဘူးလ်ထိ ချီတက်လာတဲ့ မြန်နှုန်းကတော့ နိုင်ငံတကာ စစ်ရေး လေ့လာသူတွေပါ အံ့ဩခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၅ ရက်က ကဘူးလ်မြို့၊ အမေရိကန် သံရုံးကနေ သံအရာရှိတွေကို ရဟတ်ယာဉ်နဲ့ ကတိုက်ကရိုက် သယ်ထုတ်နေတာ တွေ့ရပါတယ်။ တာလီဘန်တွေက ကဘူးလ်ဟာ သူတို့ လက်အောက် ရောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေ စတင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၀၁ ခုနှစ်မှာ အာဖဂန်ကို အမေရိကန်တပ်တွေ ဝင်မတိုက်ခင်က တာလီဘန်တွေ အုပ်စိုးခဲ့ဖူးပြီး အမျိုးသမီးတွေ ပညာသင်ခွင့် ပိတ်ပင်တာ၊ ရက်စက် ကြမ်းကြုတ်တဲ့ တရားစီရင်မှုတွေ ကျင့်သုံးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့ပါတယ်။ တာလီဘန်တွေ လက်ထက်မှာ အာဖဂန် အမျိုးသမီးတွေ အကြီးအကျယ် အနေအထိုင် ကျပ်တည်းခဲ့သလို အိမ်အပြင်ထွက်တဲ့အခါ တစ်ကိုယ်လုံး လုံခြုံအောင် ခေါင်းမြီးခြုံဖို့ ညွှန်ကြား ခံထားရပါတယ်။ အခုလည်း ကဘူးလ်က လမ်းမတွေပေါ်မှာ အမျိုးသမီး မော်ဒယ်လ်တွေရဲ့ ပုံတွေကို လိုက်လံ ဖယ်ရှားနေပါပြီ။

ဒါပေမဲ့ တာလီဘန် ပြောရေးဆိုခွင့်ရ အရာရှိ ဆူဟာလီ ရှာဟင်ကတော့ အမျိုးသမီးတွေ စိတ်ပူနေစရာ မလိုဘူးလို့ နှစ်သိမ့်ပါတယ်။ တာလီဘန်တွေက အာဖဂန် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို အကာအကွယ် ပေးမှာဖြစ်ကြောင်း၊ အမျိုးသမီးတွေ အနေနဲ့ အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်တွေ ရရှိမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

မဟာမိတ် အာဖဂန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာ စစ်သွေးကြွတွေ လက်ထဲ ကျရောက်သွားတာနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်လည်း အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရပါတယ်။ ဘိုင်ဒန်ဟာ အာဖဂန် အခြေစိုက် အမေရိကန် စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့သူပါ။ အထူးသဖြင့် အမေရိကန် သံတမန်ရေးရာ အသိုင်းအဝိုင်းမှာ အခုကိစ္စနဲ့ ပတ်သက်လို့ အတော်ကြီး ဆူဆူညံညံ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့လမှာ အာဖဂန်က လက်ကျန် အမေရိကန် တပ်တွေ ရုပ်သိမ်းပြီး ချက်ချင်းလိုလိုပဲ တာလီဘန်တွေက ထိုးစစ်အရှိန် မြှင့်တင်လာခဲ့ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်တွေက သုံးလလောက်အတွင်း ကဘူးလ် ကျဆုံးသွားနိုင်တယ်လို့ သုံးသပ်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ အဲဒီ ခန့်မှန်းကာလရဲ့ သုံးပုံတစ်ပုံလောက် အကြာမှာတင် တာလီဘန်တွေက နိုင်ငံမြို့တော်ကို သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်က ဇွန်လတုန်းကလည်း အာဖဂန်ရဲ့ ပက်တီကာ ဒေသမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၂၅ နှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

နိုင်ငံတကာ

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက်...

ဗီဒီယို

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

သတင်း

အခုနှစ် ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်ဆုံးဖြတ်ပေးရဖို့ ရှိနေပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။