Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကို တန်ပြန်မယ့် အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ရဲ့ အစီအမံသစ်

အဲဒီ ကာကွယ်ရေး နည်းပညာ ပူးပေါင်းမှု သဘောတူ စာချုပ်ကို Aukusလို့ နာမည်ပေးထားပါတယ်။ နည်းပညာ မျှဝေမှုတွေမှာ ဉာဏ်ရည်တု နည်းပညာ၊ Quantumနဲ့ Cyber နည်းပညာတွေလည်း အကျုံးဝင်မယ်လို့ သိရပါတယ်။

တရုတ်ရဲ့ စစ်အင်အား တိုးချဲ့မှုကို တန်ပြန် ထိန်းချုပ်ဖို့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ သုံးနိုင်ငံ ပူးပေါင်းထားတဲ့ အထူးလုံခြုံရေး သဘောတူညီချက် တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

အဲဒီ လက်တွဲမှုအရ သုံးနိုင်ငံကြား ခေတ်မီ ကာကွယ်ရေး နည်းပညာ ဝေမျှသုံးစွဲလာနိုင်မှာဖြစ်ပြီး ဩစတြေးလျ အနေနဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ပထမဆုံးအကြိမ် တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ ဩစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်ကလည်း နျူကလီးယား ရေငုပ်သင်္ဘော တပ်ဖွဲ့တစ်ခု တည်ထောင်သွားဖို့ စီစဉ်နေကြောင်း ပြောကြားထားပါတယ်။

အဲဒီ ကာကွယ်ရေး နည်းပညာ ပူးပေါင်းမှု သဘောတူ စာချုပ်ကို Aukusလို့ နာမည်ပေးထားပါတယ်။ နည်းပညာ မျှဝေမှုတွေမှာ ဉာဏ်ရည်တု နည်းပညာ၊ Quantumနဲ့ Cyber နည်းပညာတွေလည်း အကျုံးဝင်မယ်လို့ သိရပါတယ်။

အင်ဒို-ပစိဖိတ် ရပ်ဝန်းမှာ တရုတ်ရဲ့ အင်အားတိုးမြှင့် ဖြန့်ကျက်မှုူတွေအပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ အစိုးရတွေက စိုးရိမ်နေပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်ရေး စူပါပါဝါ နိုင်ငံတစ်ခုအသွင် ပိုမို ပီပြင်လာသလို အမေရိကန်က အဓိက ပြိုင်ဘက်အဖြစ် သဘောထားလာပါတယ်။

Public Service Announcement

Public Service Announcement

Aukus သဘောတူညီမှုအရ ဩစတြေးလျဟာ ပြင်သစ်ရဲ့ ဒီဇိုင်းကို ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘော တည်ဆောက်ရေး သဘောတူ စာချုပ်ကို ဖျက်သိမ်းမှာပါ။ ပြင်သစ်ဟာ ယူရို ၃၁ ဘီလီယံ တန်ဖိုးရှိပြီး ဩစတြေးလျ ရေတပ်အတွက် ရေငုပ်သင်္ဘော ၁၂ စီး တည်ဆောက်ပေးမယ့် စာချုပ်ကို ၂၀၁၆ တုန်းက ချုပ်ဆိုထားခဲ့ပါတယ်။ ဒါဟာ ဩစတြေးလျရဲ့ သမိုင်းတလျှောက် တန်ဖိုး အများဆုံး ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုစာချုပ် ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းမှာ အစိတ်အပိုင်း အမြောက်အမြား ထုတ်လုပ်ရမယ့် ကိစ္စ အပါအဝင် အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာတော့ သုံးနိုင်ငံ ဝန်ကြီးချုပ်တွေနဲ့ သမ္မတက Aukus သဘောတူညီမှု စာချုပ်အကြောင်း ပူးတွဲထုတ်ပြန် ကြေညာခဲ့ပါတယ်။ Aukusရဲ့ ရည်မှန်းချက် ကြီးမားတဲ့ ပထမအဆင့် ဆောင်ရွက်မှု အနေနဲ့ ဩစတြေးလျ တော်ဝင်ရေတပ်မှာ နျူကလီးယား ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်လာစေရေးအတွက် ဦးစားပေး အကောင်အထည် ဖော်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ဩစတြေးလျရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်မှု စောနိုင်သမျှ အစောဆုံး ပြီးစီးဖို့ လိုလား မျှော်လင့်ထားတယ်လို့လည်း သုံးနိုင်ငံ ခေါင်းဆောင်တွေက အတည်ပြုထားပါတယ်။ အခုနှစ်အတွင်း အမေရိကန်နဲ့ NATO မဟာမိတ် အဖွဲ့ဝင်တွေဟာ အင်ဒို-ပစိဖိတ် ရေပြင်မှာ စစ်ရေး လှုပ်ရှားမှုတွေကို ပိုမို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန် ရေတပ်ရဲ့ HMS Queen Elizabeth လေယာဉ်တင် သင်္ဘောကြီးဟာ အမေရိကန်ရဲ့ ပံ့ပိုးမှုတွေနဲ့အတူ အင်ဒို-ပစိဖိတ်ရေပြင်မှာ တပ်စွဲ နေရာယူထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။