Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Pfizerရဲ့ ကာကွယ်ဆေးကို အသက် ၅ နှစ်အထက် အရွယ်တွေမှာ အသုံးပြုခွင့် လျှောက်ထား

ဒီဆေးကို အမေရိကန်မှာ အသက် ၁၂ နှစ်အထက် ဆယ်ကျော်သက်တွေကိုပါ ထိုးနှံပေးနေပြီး ဒီအသက်အရွယ် အုပ်စုအတွက် သင့်တော်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ထောက်ခံထားပါတယ်။

ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အသက် ၅ နှစ်အထက် ကလေးတွေမှာ ထိုးနှံပေးဖို့ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေဆီ Pfizerက တရားဝင် အဆိုပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Pfizerနဲ့ ဂျာမန် ဇီဝနည်းပညာ လုပ်ငန်းကြီး BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ထိုးဆေးဟာ လက်ရှိ စျေးကွက်ထဲက ကာကွယ်ဆေးတွေထဲမှာ အစွမ်းအထက်ဆုံး အမျိုးအစား တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။

ဒီဆေးကို အမေရိကန်မှာ အသက် ၁၂ နှစ်အထက် ဆယ်ကျော်သက်တွေကိုပါ ထိုးနှံပေးနေပြီး ဒီအသက်အရွယ် အုပ်စုအတွက် သင့်တော်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ထောက်ခံထားပါတယ်။

Pfizerဟာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးတွေမှာလည်း ကာကွယ်ဆေးကို စမ်းသပ် ထိုးနှံပေးခဲ့ပြီး အာနိသင် ထိရောက်ကြောင်းနဲ့ ဘေးအန္တရာယ် ကင်းရှင်းကြောင်း အချက်အလက်တွေကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ရေးဌာန (FDA) တာဝန်ရှိသူတွေဆီ တင်ပြခဲ့ပါတယ်။ ဒီအသက်အရွယ် အုပ်စုကိုတော့ လောလောဆယ် ကာကွယ်ဆေး တရားဝင် ထိုးနှံခွင့် မပြုသေးပါဘူး။

Public Service Announcement

Public Service Announcement

အခုအခါ Pfizerက ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်ထားတဲ့ အချက်အလက်တွေကို FDAဆီ ပေးပို့လိုက်ပြီး အသက် ၅ နှစ်အထက် အရွယ်တွေမှာ ကာကွယ်ဆေး အရေးပေါ် သုံးစွဲခွင့်အတွက် လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။ FDAက ပြင်ပ ပညာရှင်တွေကိုပါ ဖိတ်ကြားပြီး ဒီကိစ္စကို ထောင့်စေ့အောင် ဆွေးနွေး ညှိနှိုင်းပြီးတဲ့အခါ အောက်တိုဘာ ၂၆ ရက်လောက်မှာ အဖြေတစ်ခု ထုတ်ပေးဖွယ် ရှိပါတယ်။

Pfizer အနေနဲ့ FDAရဲ့ ခွင့်ပြုချက်ကို အမြန်ဆုံး ရရှိလာမယ်လို့ မျှော်လင့်နေပြီး လက်တွေ့ အဆင်ပြေလာမယ်ဆိုရင် အမေရိကန်က အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေး ၂၈ သန်းလောက်အတွက် ကာကွယ်ဆေး ထိုးနှံခွင့် ရလာတော့မှာပါ။

Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပိုမိုထကြွလာတဲ့ အခြေအနေမှာ အမေရိကန် ကလေးငယ်တွေ ရောဂါဖြစ်ပွားနှုန်း၊ ဆေးရုံတက်နှုန်း မြင့်လာတဲ့နောက် ကလေးတွေအတွက် ကာကွယ်ဆေး ထိုးနှံဖို့ ပိုပြီး အရေးတကြီး အားထုတ်လာနေတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ပြည်တွင်း ကုမ္ပဏီတွေက ဦးဆောင် ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၃ မျိုးကို ထိုးနှံပေးနေတယ်။ Modernaနဲ့ Johnson & Johnson ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကတော့ အသက် ၁၈ နှစ်အထက် အရွယ်တွေအတွက်ပဲ သုံးစွဲဖို့ ခွင့်ပြုချက် ရရှိထားသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။