Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှုကို စိုးရိမ်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး ဝန်ခံ

တရုတ်ဟာ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ လိုက်မမီလောက်အောင် လျင်လျင်မြန်မြန် ပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာကို စမ်းသပ်နေပြီး ဒီလက်နက်တွေရဲ့ အန္တရာယ် ကြီးမားမှုကို ဗိုလ်ချုပ်ကြီး မတ်ခ်မိုင်လီက ပထမဆုံးအကြိမ် ဝန်ခံ အသိအမှတ် ပြုလာခဲ့ပါတယ်။

အမေရိကန် စစ်တပ်ရဲ့ ရာထူးအမြင့်ဆုံး အရာရှိကြီးက တရုတ်ရဲ့ ဟိုက်ပါဆောနစ် နည်းပညာသုံး လက်နက် စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

တရုတ်ဟာ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ လိုက်မမီလောက်အောင် လျင်လျင်မြန်မြန် ပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာကို စမ်းသပ်နေပြီး ဒီလက်နက်တွေရဲ့ အန္တရာယ် ကြီးမားမှုကို ဗိုလ်ချုပ်ကြီး မတ်ခ်မိုင်လီက ပထမဆုံးအကြိမ် ဝန်ခံ အသိအမှတ် ပြုလာခဲ့ပါတယ်။

ဩဂုတ်လတုန်းက တရုတ်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို လက်တွေ့ စမ်းသပ်ခဲ့ပြီး အမေရိကန် စစ်ထောက်လှမ်းရေးတွေကို အငိုက်မိ အံ့အားသင့်စေခဲ့ပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တိုက်ရိုက် မှတ်ချက်ပေးတာမျိုး မရှိဘဲ ရှောင်လွှဲနေခဲ့ပါတယ်။ အမေရိကန် ကိုယ်တိုင်လည်း ဟိုက်ပါဆောနစ် နည်းပညာသုံး လက်နက်တွေ တီထွင်နိုင်ဖို့ အပတ်တကုတ် ကြိုးစားနေဆဲပါ။

အခုတော့ ဗိုလ်ချုပ်ကြီး မီလာက တရုတ်ရဲ့ လက်နက် စမ်းသပ်မှုဟာ လုံးဝ လျှော့တွက်လို့ မရတဲ့ အဆင့်မျိုးလို့ အသိအမှတ်ပြု ပြောကြားသွားပါတယ်။ အမေရိကန်က တွေ့မြင်ခဲ့ရတာဟာ အရမ်းထင်ရှား တိကျတဲ့ ဟိုက်ပါဆောနစ် လက်နက် စမ်းသပ်မှုမျိုး ဖြစ်နေကြောင်း၊ ဒီအတွက်လည်း အလေးအနက် စိုးရိမ်ကြောင်း Bloombergနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်ကြီး မီလာက မှတ်ချက် ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ရေးရာ သုတေသီတွေကတော့ တရုတ်ရဲ့ စမ်းသပ်အဆင့် ဒုံးကျည်အသစ်ဟာ အမေရိကန်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို နည်းလမ်းနှစ်သွယ်နဲ့ ရှောင်ရှားနိုင်အောင် တီထွင်ထားတာလို့ သုံးသပ်ကြပါတယ်။ ပထမ နည်းလမ်းကတော့ ဟိုက်ပါဆောနစ် မြန်နှုန်းဖြစ်ပြီး အသံရဲ့ မြန်နှုန်းထက် ၅ ဆ ပိုတာကြောင့် အမေရိကန်ရဲ့ ဒုံးခွင်းဒုံးတွေက ကြားဖြတ်ဟန့်တားဖို့ မလွယ်ပါဘူး။ တစ်နည်းအားဖြင့် ဒုံးကျည်ဟာ တစ်နာရီကို ကီလိုမီတာ ၆၂၀၀ နှုန်းလောက်နဲ့ ပျံသန်းနေမှာ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ တရုတ်ဟာ ကမ္ဘာပတ်လမ်းထဲ ဒုံးကျည်ပို့ဆောင်ပြီး ပစ်ခတ်တဲ့ နည်းပညာကို ပထမဆုံးအကြိမ် စမ်းသပ်နေပြီလို့ အမေရိကန် လက်နက် ပညာရှင်တွေက ယူဆနေတာ ဖြစ်ပါတယ်။ ဒီနည်းပညာ စိတ်ကူးစိတ်သန်းဟာ စစ်အေးခေတ် ကာလကတည်းက ရှိနေခဲ့ပြီး ကမ္ဘာပတ်လမ်းထဲက လက်နက်ဟာ ပစ်မှတ်အပေါ် တည့်တည့်မတ်မတ် စိုက်ဆင်းလာတာမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ အမေရိကန် လေတပ် ဦးစီးမှူး ဖရန့်ခ် ကန်ဒေါလ်က အဲဒီလို လက်နက်စနစ်မျိုးကို စိုးရိမ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ဖူးပါတယ်။

ပစ်မှတ်တွေကို ဖျက်ဆီးဖို့ အဲဒီလို နည်းလမ်းမျိုး သုံးစွဲလာပြီဆိုရင် သမားရိုးကျ ဒုံးကျည်တွေနဲ့ တုံ့ပြန် တားဆီးဖို့ မဖြစ်နိုင်တော့ကြောင်း၊ လက်နက်ရဲ့ ခရီးစတင်တဲ့ နေရာကနေ ပစ်မှတ်ဆီ တိုက်ရိုက် ရောက်လာမှာဖြစ်ပြီး ကာကွယ်ရေး စနစ်တွေ၊ သတိပေး စနစ်တွေကို ကျော်လွှားလာနိုင်ကြောင်း သူက ဆိုပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့အရှေ့ဖျားက မြောက်ကိုရီးယားလို နိုင်ငံတွေဆီက ပစ်လွှတ်လာနိုင်တဲ့ ဒုံးကျည်တွေကို အတိုင်းအတာ တစ်ခုထိ ဟန့်တားဖို့အတွက် အလာစကာမှာ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ ဖြန့်ကျက်ထားပါတယ်။ ဒါပေမဲ့ ဟိုက်ပါဆောနစ် လက်နက်တွေဟာ အဲဒီ စနစ်တွေကို ခပ်မြန်မြန် ကျော်လွှားလာနိုင်ဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

လက်နက် သုတေသီတွေကလည်း အမေရိကန်ရဲ့ ကာကွယ်ရေး နည်းပညာ စွမ်းရည်ဟာ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး စာရင်းဝင် ဖြစ်နေတဲ့တိုင် တရုတ်၊ ဒါမှမဟုတ် ရုရှားတို့ဆီက အုံလိုက်ကျင်းလိုက် ဒုံးကျည်တွေ ပစ်လွှတ်တာမျိုးကို တားဆီးဖို့ မစွမ်းဆောင်နိုင်လောက်ဘူးလို့ ပြောပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်က တရုတ်၊ ရုရှားတို့ထက် ပိုပြီး ခေတ်မီတဲ့၊ ပိုပြီး အစွမ်းထက်တဲ့ ဟိုက်ပါဆောနစ် လက်နက် နည်းပညာမျိုးနောက်ကို အသည်းအမည်း လိုက်နေဆဲပါ။ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံမှာလည်း စမ်းသပ်ဆဲအဆင့် ဟိုက်ပါဆောနစ် နည်းပညာ လက်နက်တွေ အသီးသီး ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။