Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် သဲကန္တာရထဲမှာ အမေရိကန် စစ်သင်္ဘော ပုံစံတူတွေ တည်ဆောက်ထား

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်းဒေသက သဲကန္တာရထဲမှာ ကြီးမားတဲ့ စစ်သင်္ဘော အတုတွေကို ဂြိုဟ်တု ဓာတ်ပုံတွေ ရိုက်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Maxarက ဒီဓာတ်ပုံတွေကို ထုတ်ပြန် ပြသခဲ့ပါတယ်။

အမေရိကန် စစ်သင်္ဘောတွေရဲ့ ပုံစံတူ အတုတွေကို တရုတ် စစ်တပ်က သဲကန္တာရ တစ်ခုထဲမှာ တပ်ဆင် တည်ဆောက်နေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်းဒေသက သဲကန္တာရထဲမှာ ကြီးမားတဲ့ စစ်သင်္ဘော အတုတွေကို ဂြိုဟ်တု ဓာတ်ပုံတွေ ရိုက်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Maxarက ဒီဓာတ်ပုံတွေကို ထုတ်ပြန် ပြသခဲ့ပါတယ်။

အဲဒီ သင်္ဘော အတုကြီးတွေကို မီးရထား သံလမ်းတွေပေါ် တင်ပြီး ရွှေ့ပြောင်း သယ်ယူနိုင်အောင် ပြင်ဆင်ထားတာလည်း တွေ့ရပါတယ်။ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ပုံစံမျိုး တည်ဆောက်ထားတဲ့ ပုံစံတူဆိုရင် ၇၅ မီတာလောက် ရှည်လျားပါတယ်။

အမေရိကန် ရေတပ်ရဲ့ သတင်းတွေအကြောင်း အဓိက ဖော်ပြလေ့ရှိတဲ့ USNI ဝက်ဘ်ဆိုက်ကတော့ ဒီပုံစံတူတွေကို တရုတ်က စစ်ရေးလေ့ကျင့်တဲ့အခါ ပစ်မှတ် အနေနဲ့ အသုံးပြုဖို့ ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရေကြောင်း ကာကွယ်ရေး ဒုံးကျည် နည်းပညာသစ်တွေ အပူတပြင်း စမ်းသပ် တီထွင်လာပါတယ်။ ဒါဟာ အမေရိကန် ရေတပ်ရဲ့ ကမ္ဘာအနှံ့ အင်အားဖြန့်ကျက်မှုတွေ အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

တက်ခ်လာမာလန် သဲကန္တာရထဲမှာ တရုတ်က တည်ဆောက်ထားတဲ့ ပုံစံတူတွေက အမေရိကန် စစ်သင်္ဘောတွေရဲ့ လက်နက် တပ်ဆင်ပုံကအစ အတော်လေး အသေးစိတ် တူညီအောင် ပုံဖော်ထားကြောင်း USNIက ဆိုပါတယ်။ အဲဒီထဲမှာ အနည်းဆုံး လေယာဉ်တင်သင်္ဘော တစ်စီးနဲ့ ဖျက်သင်္ဘော နှစ်စီးရဲ့ ပုံစံတူတွေ ပါဝင်နေပါတယ်။

တရုတ်ဟာ အခုနှစ် အစောပိုင်းတုန်းကလည်း နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒီဒုံးကျည်တွေဟာ ကမ္ဘာ့လေထုရဲ့ အထက်ကနေ အသံထက် ၅ ဆ ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ပြီး အမေရိကန်ရဲ့ ဒုံးခွင်းဒုံး စနစ်တွေကိုပါ လှည့်စား ကျော်ဖြတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

တရုတ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး အာကာသ နည်းပညာဆိုင်ရာ ပုံမှန် လေ့လာဆန်းစစ်မှု တစ်ခု ပြုလုပ်ခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ တရုတ်ဟာ တောင်တရုတ် ပင်လယ်ကို ကြီးစိုး ထိန်းချုပ်ဖို့ ပိုမို အားထည့် ကြိုးစားလာခြင်းကလည်း အမေရိကန် ရေတပ်နဲ့ရော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့လို ဒေသတွင်း နိုင်ငံတွေနဲ့ပါ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာစေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook