Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုက တံတားတစ်စင်းမှာ အလောင်းတွေကို ကြိုးတန်းလန်း ချိတ်ဆွဲထားလို့ ဒေသခံတွေ အထိတ်တလန့်ဖြစ်

ဇာကာတီကက်စ် ပြည်နယ်ဟာ မက္ကဆီကိုရဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေ ခြေရှုပ်တဲ့ နေရာတစ်ခုပါ။ အရင်ကလည်း ပြိုင်ဘက် ဂိုဏ်းအချင်းချင်း တိုက်ပွဲ ဖြစ်တာမျိုးတွေ ကြားသိခဲ့ဖူးပါတယ်။

မက္ကဆီကို နိုင်ငံက ခုံးကျော်တံတား တစ်ခုမှာ အလောင်းတွေကို ကြိုးတန်းလန်းနဲ့ ချိတ်ဆွဲ ပြသထားတာ တွေ့ရှိခဲ့တဲ့နောက် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

နိုင်ငံ အလယ်ပိုင်းက ဇာကာတီကက်စ် ပြည်နယ်မှာ အခု သီတင်းပတ်ကုန်က ထိတ်လန့်စရာ မြင်ကွင်းမျိုး တွေ့ရှိခဲ့ရတာပါ။ အလောင်း ၉ လောင်းက တံတားပေါ်ကနေ ကြိုးတန်းလန်းနဲ့ လေထဲ လွင့်နေပြီး နောက်ထပ် အလောင်း ၁ လောင်းကိုတော့ အောက်ဖက် ပလက်ဖောင်းပေါ်မှာ တွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ သေဆုံးသူ ၁၀ ဦးစလုံးဟာ အမျိုးသားတွေချည်း ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ကွယ်က အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ရာဇဝတ်ဂိုဏ်း အချင်းချင်း ရန်ပွဲတွေကြောင့်လို့ ယူဆရပါတယ်။ ဇာကာတီကက်စ် ပြည်နယ်ဟာ မက္ကဆီကိုရဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေ ခြေရှုပ်တဲ့ နေရာတစ်ခုပါ။ အရင်ကလည်း ပြိုင်ဘက် ဂိုဏ်းအချင်းချင်း တိုက်ပွဲ ဖြစ်တာမျိုးတွေ ကြားသိခဲ့ဖူးပါတယ်။

အထူးသဖြင့် ဆင်နာလိုအာနဲ့ ဂျယ်လစ္စကို မျိုးဆက်သစ် ဂိုဏ်းတွေဟာ ပြည်နယ်ရဲ့ မူးယစ်ဆေးဝါး မှောင်ခို စျေးကွက်ကို ချုပ်ကိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဇာကာတီကက်စ်ဟာ မက္ကဆီကိုက မူးယစ်ဆေးဝါး မှောင်ခို လမ်းကြောင်းတွေ စုဆုံတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မက္ကဆီကို အစိုးရဟာ မူးယစ်မှောင်ခို ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားနေပေမယ့် ဂိုဏ်းဂဏနဲ့ ဆက်နွှယ်တဲ့ လူသတ်မှုတွေ၊ တခြားမှုခင်းတွေက ထူပြောနေဆဲပါ။ အခုနှစ် ပထမ ၉ လအတွင်း မက္ကဆီကိုမှာ လူသတ်မှုပေါင်း ၂၅၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ဒါတောင်မှ အရင်နှစ် အလားတူ ကာလနဲ့ ယှဉ်ရင် လူသတ်မှု ဖြစ်ပွားနှုန်း ၃.၄ ရာခိုင်နှုန်း လျော့ကျသွားတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေရင်း သိုလှောင်ထားတဲ့ မီးရှူးမီးပန်းတွေ ပေါက်ကွဲတာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။