Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်တဲ့ အမျိုးသားကို တရားစွဲဖို့ စီစဉ်နေ

ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အဆိုအရ ကလေးတွေထဲက တချို့ဟာ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိတာတွေ၊ အရိုးကျိုးတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ကလေးတွေထဲမှာ အသက် ၃ နှစ်ကနေ ၁၆ နှစ်ထိ အရွယ်တွေ ပါဝင်ကြပါတယ်။

အမေရိကန် နိုင်ငံမှာ ခရစ္စမတ်အကြို အလှပြ ချီတက်ပွဲ တစ်ခုထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အမျိုးသားကို လူအများအပြား သေဆုံးစေမှုနဲ့ စွဲချက်တင်ဖို့ ရဲတပ်ဖွဲ့က စီစဉ်နေကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ဝစ္စကွန်ဆင်ပြည်နယ်၊ ဝေါ်ကီရှာမြို့မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေ ချီတက်ပွဲ ပြုလုပ်နေတဲ့ နေရာကို SUVကား တစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၄၈ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူ အားလုံးဟာ ကလေးတွေကို လိုက်ပါ ထိန်းကျောင်းပေးနေတဲ့ အဖိုးအဖွားတွေ ဖြစ်ကြပြီး ဆေးရုံ ရောက်ခဲ့သူတွေထဲမှာ ကလေး ၁၈ ဦး ပါဝင်ခဲ့ပါတယ်။

အနီရောင် SUVကားကို မောင်းနှင်ပြီး လူအုပ်ထဲ ဝင်တိုက်ခဲ့သူဟာ အသက် ၃၉ နှစ်အရွယ် ဒါရဲလ် အက်ဒွပ် ဘရွတ်ခ်စ် ဆိုသူ ဖြစ်တယ်လို့ ရဲတွေက ထုတ်ပြန်ပါတယ်။ သူဟာ အိမ်မှာ ဆူဆူပူပူ ပြဿနာတစ်ခု ဖြစ်ရာကနေ ကားနဲ့ မောင်းထွက်လာရင်း လူအုပ်ကို ဝင်တိုက်သွားခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ အကြမ်းဖက် ဝါဒနဲ့ ဆက်နွှယ်တဲ့ အထောက်အထားတွေ လတ်တလော မတွေ့ရသေးကြောင်း ဝေါ်ကီရှာ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကားနဲ့ အတိုက်ခံရပြီး သေဆုံးခဲ့တဲ့ သူတွေထဲမှာ မီးလ်ဝေါ်ကီ အကမယ် ဖွားဖွားများဆိုတဲ့ အဖွဲ့က အဖွဲ့ဝင်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ မီလ်ဝေါ်ကီမြို့က လာရောက်ပြီး သက်ကြီးပိုင်းအရွယ် အမျိုးသမီးကြီးတွေ စုစည်းထားတဲ့ အဖွဲ့ဟာ ဝေါ်ကီရှာမှာ နှစ်စဉ်လိုလို ခရစ္စမတ်အကြို စီတန်း လှည့်လည်မှုတွေကို ပါဝင်အားဖြည့် ပူးပေါင်းပေးလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အဆိုအရ ကလေးတွေထဲက တချို့ဟာ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိတာတွေ၊ အရိုးကျိုးတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ကလေးတွေထဲမှာ အသက် ၃ နှစ်ကနေ ၁၆ နှစ်ထိ အရွယ်တွေ ပါဝင်ကြပါတယ်။

လောလောဆယ်မှာ ဘရွတ်ခ်စ်ကို ရဲတွေက စုံစမ်းစစ်ဆေးနေသလို ဝစ္စကွန်ဆင် ပြည်နယ် အစိုးရ ရှေ့နေတွေကလည်း စွဲချက်တင်ဖို့ ပြင်ဆင်နေပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်က ဒီဖြစ်ရပ်အတွက် ဝမ်းနည်းမှု သင်္ကေတ အနေနဲ့ ပြည်နယ် တစ်ခုလုံးမှာ အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ယာဉ်တိုက်မှု ပြီးပြီးချင်းမှာ ဝေါ်ကီရှာ ရဲတပ်ဖွဲ့ဟာ တစ်မြို့လုံးက ကျောင်းတွေကို ပိတ်ထားဖို့ တိုက်တွန်းခဲ့သလို ထိခိုက် နာကျင်ခဲ့သူတွေကို စာနာ နှစ်သိမ့်ပေးမယ့် အဖွဲ့အစည်းတွေကိုလည်း အကူအညီ တောင်းခံခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။

နိုင်ငံတကာ

F-15အသစ်တွေ မှာယူမယ့် ကိစ္စကတော့ အဆုံးသတ်မှာ ချောမွေ့ အဆင်ပြေသွားလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် တစ်ဖက်မှာလည်း အစ္စရေးက လေယာဉ်တွေ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။