Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်မှာ ဝန်ကြီးချုပ်ဖြစ်ပြီး နာရီပိုင်းအတွင်း နုတ်ထွက်သွားသူ ဝန်ကြီးချုပ် ပြန်ဖြစ်လာပြန်

အသက် ၅၄ နှစ် ရှိပြီဖြစ်တဲ့ စီးပွားရေး ပညာရှင်ဟာ ဂရင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ စီစဉ်ခဲ့ပေမယ့် သူ့ရဲ့ ဘတ်ဂျတ် အဆိုပြုချက်က လွှတ်တော်မှာ အရေးနိမ့်ခဲ့တဲ့နောက် ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ် ဖြစ်အပြီး နာရီပိုင်း အကြာမှာ နုတ်ထွက်သွားတဲ့ အမျိုးသမီးဟာ အခုအခါမှာ ဆွီဒင် ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ် ခံလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

ဆိုရှယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် မက်ဒါလီနာ အန်ဒါဆန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆွီဒင်ရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။ ဒါပေမဲ့ အစိုးရ ဘတ်ဂျတ် အစီအမံ တစ်ရပ် လွှတ်တော်မှာ ထောက်ခံမှု မရခဲ့တဲ့နောက် နာရီပိုင်း အတွင်းမှာပဲ အန်ဒါဆန်က နုတ်ထွက်သွားခဲ့ပါတယ်။

ဒီအခြေအနေက ဆွီဒင် နိုင်ငံရေးမှာ အရှုပ်အထွေးတချို့ ပေါ်ပေါက်လာစေခဲ့ပြီး အခု အခါမှာတော့ လွှတ်တော် အမတ် အများစုရဲ့ ထောက်ခံမှုနဲ့အတူ အန်ဒါဆန်က ဝန်ကြီးချုပ် ပြန်ဖြစ်လာခဲ့တာပါ။ အန်ဒါဆန်ကလည်း သူဟာ ညွန့်ပေါင်း အစိုးရ အနေနဲ့ မဟုတ်ဘဲ ဆိုရှယ် ဒီမိုကရက်တစ် ပါတီကသာ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ်အဖြစ် ပြန်လည် တာဝန်ယူဖို့ မျှော်လင့်ကြောင်း ပထမအကြိမ် နုတ်ထွက်စဉ် ကတည်းက ပြောဆိုဖူးပါတယ်။

အခုတော့ သူဟာ တစ်ပါတီ အစိုးရကို ဦးဆောင်ရင်း လာမယ့်နှစ်၊ စက်တင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆိုရှယ် ဒီမိုကရက်တစ်တွေ အခြေအနေကောင်းအောင် ကြိုးစားရပါတော့မယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဆွီဒင်ရဲ့ ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားပြီး အန်ဒါဆန်ကလည်း ဝန်ကြီးချုပ် ရာထူးက ချက်ချင်း နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၄ နှစ် ရှိပြီဖြစ်တဲ့ စီးပွားရေး ပညာရှင်ဟာ ဂရင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ စီစဉ်ခဲ့ပေမယ့် သူ့ရဲ့ ဘတ်ဂျတ် အဆိုပြုချက်က လွှတ်တော်မှာ အရေးနိမ့်ခဲ့တဲ့နောက် ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ အထူးသဖြင့် လက်ယာစွန်း ဆွီဒင် ဒီမိုကရက် အင်အားစုလို အတိုက်အခံ ပါတီတွေက လွှတ်တော် မဲခွဲမှုမှာ အန်ဒါဆန်ကို ဆန့်ကျင် ရပ်တည်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာနိုင်ခြေ ရှိတဲ့အတွက် ကြားပါတီ တချို့ရဲ့ လွှတ်တော် အမတ်တွေက အန်ဒါဆန်ကို ထောက်ခံဖို့ သဘောတူလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဆွီဒင်ရဲ့ နိုင်ငံရေး ဇာတ်မျောက အဆုံးသတ်သွားဖို့ အဝေးကြီး လိုဦးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အန်ဒါဆန်ဟာ ၇ နှစ်ကြာ ဆွီဒင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ စတီဖန် လော့ဖ်ဗန်ရဲ့ နေရာမှာ အစားထိုး တာဝန် ယူသွားမှာပါ။ အန်ဒါဆန် ဝန်ကြီးချုပ် ရာထူးကို မဆက်ခံခင် အတောအတွင်း လော့ဖ်ဗန်က ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ဆွီဒင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။