Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရိုနာ ဗိုင်းရပ်စ်ဟာ အဆီတစ်ရှူးတွေကိုပါ တိုက်ခိုက်နိုင်တယ်လို့ သုတေသီတွေပြော

ဒါဟာ အဝလွန်သူတွေ၊ ကိုယ်အလေးချိန် များသူတွေမှာ ရောဂါလက္ခဏာ ပိုပြီး ပြင်းထန်နိုင်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။ ကပ်ရောဂါ စတင်လာချိန် ကတည်းက အဝလွန်သူတွေ ရောဂါကူးစက်ရင် သေဆုံးနိုင်ခြေ ပိုမြင့်မားကြောင်း ပညာရှင်တွေက သတိပေးထားပေမယ့် အကြောင်းရင်းကိုတော့ သိပ္ပံနည်းကျ ရှင်းပြဖို့ ခက်ခဲနေခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်က အဆီတစ်ရှူးတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း သုတေသီတွေက ဖော်ထုတ် တွေ့ရှိလာပါတယ်။

ဒါဟာ အဝလွန်သူတွေ၊ ကိုယ်အလေးချိန် များသူတွေမှာ ရောဂါလက္ခဏာ ပိုပြီး ပြင်းထန်နိုင်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။ ကပ်ရောဂါ စတင်လာချိန် ကတည်းက အဝလွန်သူတွေ ရောဂါကူးစက်ရင် သေဆုံးနိုင်ခြေ ပိုမြင့်မားကြောင်း ပညာရှင်တွေက သတိပေးထားပေမယ့် အကြောင်းရင်းကိုတော့ သိပ္ပံနည်းကျ ရှင်းပြဖို့ ခက်ခဲနေခဲ့ပါတယ်။

အဝလွန်ရင် ကိုယ်ခံအား ကျဆင်းနိုင်တာကြောင့် ရောဂါဒဏ် ပိုခံရတာ ဖြစ်နိုင်တယ်ဆိုတဲ့ ယေဘုယျ ကောက်ချက်မျိုးပဲ ရှိနေခဲ့ပါတယ်။ အခုတော့ သုတေသနပြု လေ့လာမှုတွေအရ ကိုရိုနာ ဗိုင်းရပ်စ်ဟာ အဆီတစ်ရှူးတွေနဲ့ လူ့ခန္ဓာကိုယ်က ထုတ်ပေးတဲ့ ကိုယ်ခံအား ဆဲလ်တချို့ကိုပါ ပစ်မှတ်ထား ဖျက်ဆီးလေ့ ရှိတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။

ခပ်တိုတို ရှင်းပြရရင်တော့ ဒီဗိုင်းရပ်စ်ဟာ အဆီဆဲလ်တွေအပေါ် တိုက်ရိုက်ကျကျ သက်ရောက်မှု ရှိစေတယ်လို့ အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့ ယူတီ အနောက်တောင်ပိုင်းခရိုင် ဆေးဝါးစင်တာက သုတေသီ ဒေါက်တာ ဖိလစ် ရှာရာက ပြောပါတယ်။ ဒေါက်တာ ရှာရာနဲ့ အဖွဲ့ဟာ ကိုရိုနာ ဗိုင်းရပ်စ် လူ့ခန္ဓာကိုယ် အတွင်းပိုင်းမှာ ဘယ်လို ထိခိုက် သက်ရောက်မှုတွေ ဖြစ်စေသလဲ ဆိုတာကို အထူးပြု လေ့လာနေကြတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဆီတစ်ရှူးတွေထဲ ရောက်နေတဲ့ ဗိုင်းရပ်ဟာ အဆီတစ်ရှူးထဲမှာတင် အောင်းနေတာမျိုး မဟုတ်ဘဲ ပတ်ဝန်းကျင်က တခြား တစ်ရှူးတွေကိုပါ ထိခိုက်စေတယ်လို့ ဒေါက်တာ ရှာရာက ရှင်းပြပါတယ်။ သုတေသန အဖွဲ့ဟာ လက်ရှိ လေ့လာ တွေ့ရှိထားတဲ့ အသေးစိတ် အချက်အလက်တွေကို ဆေးပညာ ဂျာနယ် တစ်ခုခုမှာ စုစည်း ဖော်ပြတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ တချို့ အကြောင်းအရာတွေကိုတော့ အောက်တိုဘာလကစပြီး အွန်လိုင်းပေါ် တင်ထားပါတယ်။

ဒီတွေ့ရှိချက်ဟာ ကမ္ဘာပေါ်မှာ အဝလွန်နှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုအတွက် တပ်လှန့် သတိပေးမှု တစ်ခုလည်း ဖြစ်လာပါတယ်။ အမေရိကန်မှာ အရွယ်ရောက်သူ ဦးရေရဲ့ ၄၂ ရာခိုင်နှုန်းက အဝလွန်နေပါတယ်။ ခန္ဓာကိုယ်မှာ အဆီပိုတွေ များနေတာဟာ ရောဂါလက္ခဏာတွေ ပိုပြင်းထန်အောင် ဖိတ်ခေါ်သလို ဖြစ်သွားနိုင်တယ်လို့ ဦးဆောင် သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ထရေစီ မက်လော့ဂလင်ကလည်း သတိပေးခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ တစ်ရှူး ရောင်ရမ်းမှုတွေ ပေါ်ပေါက်လာတတ်ပေမယ့် အဆီတစ်ရှူးတွေကတော့ အရမ်း ရောင်ရမ်းလာတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ Macrophageတွေလို့ ခေါ်တဲ့ ကိုယ်ခံအား ဆဲလ်တွေပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်တတ်တာကို သုတေသီတွေက ဖော်ထုတ် တွေ့ရှိခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် မိသားစုတစ်စုတည်း ကလေးငယ် သုံးဦးအပါအဝင် ငါးဦး သေဆုံးခဲ့ရသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏တပ်မကုန်းဟု ခေါ်သော ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့ စတင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

သတင်း

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် - ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Trending

Facebook