Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စက်ဘီးပြိုင်ပွဲကို ကသောင်းကနင်း ဖြစ်စေခဲ့တဲ့ အမျိုးသမီး ဒဏ်ကြေး တပ်ရိုက်ခံရ

ပန်းတိုင်နဲ့ ၄၅ ကီလိုမီတာလောက် အကွာမှာ ကြုံခဲ့တဲ့ ကိစ္စဟာ ပြိုင်ပွဲ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး အစုအပြုံလိုက် တိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။ ဒါဇင်နဲ့ချီ များပြားတဲ့ စက်ဘီးသမားတွေဟာ ဒီဖြစ်စဉ်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ကမ္ဘာကျော် Tour de France စက်ဘီးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေ အလဲလဲ အပြိုပြိုနဲ့ ကသောင်းကနင်း ဖြစ်စေခဲ့တဲ့ အမျိုးသမီးကို ပြင်သစ် တရားရုံး တစ်ခုက ဒဏ်ငွေ ယူရို ၁၂၀၀ ချမှတ်လိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ပြင်သစ် အမျိုးသမီးဟာ ပထမအဆင့် ပြိုင်ပွဲဝင်နေချိန် စက်ဘီးသမားတွေ ရှေ့ကနေ ဆိုင်းဘုတ်ကိုင်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။ သူ့ဆိုင်းဘုတ်က လမ်းနဲ့ မလွတ်တဲ့အတွက် ဂျာမန် စက်ဘီးသမား တိုနီ မာတင်နဲ့ တိုက်မိပြီး အဲဒီကနေတဆင့် အနားမှာ ရှိနေတဲ့ နောက်ထပ် ပြိုင်ပွဲဝင်တွေပါ အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြတာပါ။

ပန်းတိုင်နဲ့ ၄၅ ကီလိုမီတာလောက် အကွာမှာ ကြုံခဲ့တဲ့ ကိစ္စဟာ ပြိုင်ပွဲ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး အစုအပြုံလိုက် တိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။ ဒါဇင်နဲ့ချီ များပြားတဲ့ စက်ဘီးသမားတွေဟာ ဒီဖြစ်စဉ်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်မှုတွေ ခံနေရတဲ့ အမျိုးသမီးရဲ့ နာမည်ကိုတော့ ရဲတပ်ဖွဲ့က မထုတ်ပြန်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ ဇွန်လက ပေါ်ပေါက်ခဲ့ပြီး အခုမှ ဒဏ်ကြေး တပ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြိုင်ပွဲကို လာအားပေးတဲ့ ပရိသတ် တစ်ဦးဖြစ်တဲ့ အမျိုးသမီးဟာ ဂျာမန်လို အဖိုးနဲ့ အဖွားလို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး စက်ဘီးသမားတွေနား သွားရောက်ခဲ့ရာက ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာပါ။ သူမွှေလိုက်တဲ့ ဂယက်က အတော်လေး ကြီးသွားခဲ့ပြီး စက်ဘီးသမား တချို့ ပြိုင်ပွဲကနေ နုတ်ထွက်ရတဲ့ထိ ဖြစ်ကုန်ပါတယ်။ စပိန်က မက်ဆိုလာ ဆိုရင်လည်း လက်မောင်း နှစ်ဖက်စလုံး ကျိုးသွားတာကြောင့် ဘယ်လိုမှ ဆက်ပြီး မယှဉ်ပြိုင်နိုင်တော့ပါဘူး။

အစိုးရ ရှေ့နေတွေက ဒီအမျိုးသမီးကို ဆိုင်းငံ့ထောင်ဒဏ် ၄ လ ချမှတ်စေဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ လူ့အသက်တွေကိုပါ ထိခိုက် ဆုံးရှုံးသွားစေနိုင်တယ်လို့ ရှေ့နေတွေက ဝေဖန်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဒါရိုက်တာ ခရစ္စတီယန် ပရူဒ်ဟုမ်းကတော့ အမျိုးသမီးရဲ့ လုပ်ရပ်ဟာ အတော်လေး ဆိုးရွားသွားပေမယ့် အလွန်အမင်း ဖိအားပေး တိုက်ခိုက်နေဖို့တော့ မသင့်ဘူးလို့ ကာကွယ် မှတ်ချက် ပေးခဲ့ပါတယ်။

ဒီအမျိုးသမီးဟာ ပြဿနာတွေ တက်လောက်အောင် စတန့်ထွင်ခဲ့မိတာ မှန်ကြောင်း၊ ဒါပေမဲ့ သူဟာ အကြမ်းဖက်သမား တစ်ယောက်တော့ မဟုတ်ကြောင်း၊ လူတွေ အနေနဲ့လည်း စက်ဘီးပြိုင်ပွဲကို လာအားပေးတဲ့အခါ ချန်ပီယံ ဘယ်သူလဲ ဆိုတာကိုပဲ စိတ်ဝင်စားပြီး ကိုယ့်ကိုယ်ကိုယ် TVထဲ ပါချင်တဲ့စိတ်ကို ဖျောက်ဖို့တော့လိုကြောင်း ပရူဒ်ဟုမ်းက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

News

မန္တလေးမြို့ခံတစ်ဦးကတော့ အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် တမင်ကျင်းပတာလို့ ပြောပါတယ်။

News

"မီးပျက်နေတဲ့အချိန် ည၉နာရီလောက်က တံခါးခေါက်ပြီးဝင်စစ်သွားတယ်၊ တခြားရှာတာတော့မလုပ်ဘူး။၊အိမ်ထောင်စုဇယားမရှိရင် ဧည့်စာရင်းစာရွက်ပြခိုင်းတာ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။