Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ လူတစ်ယောက်ကို ရထားနဲ့ တိုက်မိပြီး သေအောင် တွန်းခဲ့သူကို ရဲတပ်ဖွဲ့ ရှာဖွေနေ

နှစ်သစ်ကူးနေ့က ဆန်ဒီယေးဂိုးမြို့မှာ ရထားနဲ့ တိုက်မိပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီကိစ္စဟာ သွေးရိုးသားရိုး မတော်မတဆမှု မဟုတ်ဘဲ အရှိန်နဲ့ လာနေတဲ့ ရထားဆီကို ရည်ရွယ်ချက်ရှိရှိ တွန်းပစ်တာ ခံခဲ့ရတာလို့ ဆန်ဒီယေးဂိုး ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ရထားနဲ့ တိုက်မိအောင် တွန်းတိုက်ခံရလို့ လူတစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရပါတယ်။

နှစ်သစ်ကူးနေ့က ဆန်ဒီယေးဂိုးမြို့မှာ ရထားနဲ့ တိုက်မိပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီကိစ္စဟာ သွေးရိုးသားရိုး မတော်မတဆမှု မဟုတ်ဘဲ အရှိန်နဲ့ လာနေတဲ့ ရထားဆီကို ရည်ရွယ်ချက်ရှိရှိ တွန်းပစ်တာ ခံခဲ့ရတာလို့ ဆန်ဒီယေးဂိုး ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးတော့ သေဆုံးသူနဲ့ ကျူးလွန်သူတို့ဟာ ရန်ဖြစ်ထားတာမျိုး မဟုတ်ဘဲ ရုတ်တရက် တွန်းချလိုက်တာ ဖြစ်မယ်လို့ ရဲတွေက ယူဆထားပါတယ်။ ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပြီးတဲ့နောက် ထွက်ပြေးသွားတဲ့ သံသယ တရားခံကို လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ အကူအညီနဲ့ လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သေဆုံးသူဟာ အိုးလ်တောင်း ဘူတာကနေအထွက် ရထားလမ်းဘေး ပလက်ဖောင်းပေါ် လမ်းလျှောက်နေတုန်း ရထား ဖြတ်မောင်းချိန်မှာ တရားခံက မပြောမဆို လှမ်းတွန်းတာ ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ အရှိန်နဲ့ မောင်းနေတဲ့ ရထားဘေး ကိုယ်ထည်နဲ့ တိုက်မိရာက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အသက်ဆုံးရှုံးသွားခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အသက် ၆၀ ကျော်အရွယ် လူဖြူ အမျိုးသား တစ်ဦးဖြစ်ပြီး ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။ ဆန်ဒီယေးဂိုး ရဲတပ်ဖွဲ့ဟာ အရပ် ၅ ပေ ၉ လက်မဝန်းကျင်၊ အသားရောင် ခပ်ဖျော့ဖျော့၊ ခပ်ပိန်ပိန် အမျိုးသား တစ်ယောက်ကို လိုက်ရှာနေပါတယ်။

လူသေမှုအပြီး စုံထောက်တွေ လာရောက် စစ်ဆေးနေချိန်မှာ အိုးလ်တောင်း ဘူတာကို ယာယီ ပိတ်ထားခဲ့ပေမယ့် နာရီပိုင်း အကြာမှာတော့ ပုံမှန်အတိုင်း ရထားတွေ ပြန်လည် ပြေးဆွဲဖို့ ခွင့်ပြုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook