Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရထားလမ်းပေါ်က အခြေစိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဒုံးကျည် စမ်းသပ်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကြောင့် အမေရိကန်က အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားက လက်နက် စမ်းသပ်မှု အရှိန်အဟုန်ကို မလျှော့ချခဲ့ပါဘူး။

ရထားလမ်းပေါ်မှာ သယ်ယူပြောင်းရွှေ့ရင်း ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တစ်စင်း လက်တွေ့ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်နှစ်စင်း စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ရေးဗဟို ဌာနချုပ်က အတည်ပြုခဲ့ပါတယ်။ မြောက်ကိုရီးယား အနောက်မြောက် ကမ်းခြေက ပျံတက်လာတဲ့ ဒုံးကျည်တွေဟာ အကွာအဝေး ၄၃၀ ကီလိုမီတာထိ ပျံသန်းပြီး အမြင့် ၃၆ ကီလိုမီတာထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်တစ်နေ့မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက စစ်တပ်ဟာ စစ်ရေး လေ့ကျင့်မှုတွေအတွင်း မီးရထားလမ်းပေါ်မှာ အခြေစိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒုံးကျည်ရဲ့ ပျံသန်းခဲ့တဲ့ အကွာအဝေးနဲ့ အမြင့်ပျံတက်မှု အချက်အလက်တွေကိုတော့ ချန်လှပ်ထားပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း မီးရထား သံလမ်းပေါ်မှာ အခြေစိုက် ရွေ့လျား ပစ်ခတ်နိုင်တဲ့ ဒုံးကျည် တစ်စင်းကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ဖူးပါတယ်။ ဒါဟာ နိုင်ငံအတွက် ကြုံလာနိုင်တဲ့ ဘယ်လို ခြိမ်းခြောက်မှုကိုမဆို တန်ပြန် တွန်းလှန်ဖို့ အစီအမံ တစ်ရပ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဒုံးကျည် စမ်းသပ်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကြောင့် အမေရိကန်က အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားက လက်နက် စမ်းသပ်မှု အရှိန်အဟုန်ကို မလျှော့ချခဲ့ပါဘူး။

မကြာသေးခင် အတောအတွင်း မြောက်ကိုရီးယားဟာ လက်နက် အင်အားကြီး နိုင်ငံတွေ အပြိုင်အဆိုင် တီထွင် စမ်းသပ်နေတဲ့ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေကိုပါ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။