Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ် အရွယ်မှာ ကွယ်လွန်

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန် ပြုစုရေး အဖွဲ့က ဆာတာနီနို ဒယ်လာ ဖူယန်တာ ဂါစီယာဟာ ဇန်နဝါရီ ၁၈ ရက်မှာ ကွယ်လွန်သွားကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ အသက် ၁၁၃ နှစ်ပြည့် မွေးနေ့မတိုင်ခင် တစ်လနီးပါး အလိုမှာ ဆုံးပါးသွားခဲ့တာပါ။

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ် ခံထားရတဲ့ စပိန် အမျိုးသားကြီးဟာ အသက် ၁၁၂ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန် ပြုစုရေး အဖွဲ့က ဆာတာနီနို ဒယ်လာ ဖူယန်တာ ဂါစီယာဟာ ဇန်နဝါရီ ၁၈ ရက်မှာ ကွယ်လွန်သွားကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ အသက် ၁၁၃ နှစ်ပြည့် မွေးနေ့မတိုင်ခင် တစ်လနီးပါး အလိုမှာ ဆုံးပါးသွားခဲ့တာပါ။

ဂါစီယာဟာ စပိန် အနောက်မြောက်ပိုင်း၊ လီယွန်မြို့မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ လူကြီးရောဂါနဲ့ပဲ သဘာဝအတိုင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူဟာ ဂင်းနစ် မှတ်တမ်း အဖွဲ့ရဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် စက်တင်ဘာလက တရားဝင် သတ်မှတ်ဖော်ပြ ခံခဲ့ရပါတယ်။ အဲဒီတုန်းက သူ့အသက် ၁၁၂ နှစ်နဲ့ ၂၁၁ ရက် ဖြစ်ပါတယ်။ ဂါစီယာကို ၁၉၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ မွေးဖွားခဲ့ပါတယ်။

သူ့ဘဝဟာ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် ရှိခဲ့ပြီး ဘယ်သူ့ကိုမှလည်း ဒုက္ခ မပေးခဲ့ဖူးဘူးလို့ ဂါစီယာက ဂင်းနစ်နဲ့ အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။ သူ့အရပ်က ၅ ပေပဲ ရှိတာကြောင့် ၁၉၃၆ ခုနှစ်၊ စပိန် ပြည်တွင်းစစ်မှာ စစ်မှုမထမ်းခဲ့ရဘူးလို့လည်း ဂါစီယာက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဂါစီယာဟာ ၁၉၁၈ ခုနှစ်က ဖြစ်ပွားတဲ့ ကမ္ဘာကျော် စပိန်တုပ်ကွေး ကပ်ရောဂါ ကာလကိုလည်း ကြုံကြိုက် ဖြတ်သန်းခဲ့ဖူးပါတယ်။ သူဟာ ဇနီးဖြစ်သူ အန်တိုနီနာနဲ့ သား ၁ ဦး၊ သမီး ၇ ဦး ဖွားမြင်ခဲ့ပါတယ်။ ဂါစီယာမှာ မြေး ၁၄ ဦးနဲ့ မြစ် ၂၂ ဦး ရှိပါတယ်။ သူက ဘောလုံး အားကစားကို အရူးအမူး အားပေးပြီး ဒေသခံ ဘောလုံးကလပ်ဖြစ်တဲ့ ကာလ်တူရယ်လ် လီယွန်နက်ဆာရဲ့ အမာခံ ပရိသတ် တစ်ဦးလို့လည်း သိရပါတယ်။

စပိန်မီဒီယာတွေက ဂါစီယာရဲ့ နာရေးကို မြို့ထဲမှာရှိတဲ့ သုဿန် တစ်ခုမှာ ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်ပြီး ရုပ်အလောင်းကို မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဂါစီယာဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး လူသားတော့ ဖြစ်ခွင့် မရခဲ့ပါဘူး။ လက်ရှိ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးကတော့ ကာနီ တာနာကာဆိုတဲ့ ဂျပန် အမျိုးသမီးကြီးဖြစ်ပြီး အခုလဆန်းပိုင်းကမှ အသက် ၁၁၉ နှစ်ပြည့် မွေးနေ့ကို ကျင်းပထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။