Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ အရေးပေါ် အခြေအနေ ကြေညာပြီး ရုရှားရောက်နေတဲ့ နိုင်ငံသားတွေ ထွက်ခွာဖို့ ညွှန်ကြား

ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့တော်မှာ ရှိနေတဲ့ ရုရှား သံရုံးကလည်း ကတိုက်ကရိုက် ပြောင်းရွှေ့မှုတွေ ပြုလုပ်နေခြင်းက မကြာခင် ထိုးစစ် စတင်တော့မယ်ဆိုတဲ့ အယူအဆတွေကို ပိုမို ခိုင်မာလာစေပါတယ်။

ရုရှားနဲ့ စစ်ဖြစ်နိုင်ခြေတွေ ပိုမို မြင့်တက်လာတဲ့နောက် ယူကရိန်းဟာ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်သလို ရုရှားရောက် ယူကရိန်း နိုင်ငံသားတွေကိုလည်း ချက်ချင်း ပြန်လာကြဖို့ ညွှန်ကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့တော်မှာ ရှိနေတဲ့ ရုရှား သံရုံးကလည်း ကတိုက်ကရိုက် ပြောင်းရွှေ့မှုတွေ ပြုလုပ်နေခြင်းက မကြာခင် ထိုးစစ် စတင်တော့မယ်ဆိုတဲ့ အယူအဆတွေကို ပိုမို ခိုင်မာလာစေပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အခုသီတင်းပတ် အစောပိုင်းမှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေနှစ်ခုကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။ အခုအခါ အဲဒီနယ်မြေတွေက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက် ရုရှားတပ်တွေ စေလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရုရှားတပ်တွေ ယူကရိန်း အရှေ့ပိုင်းကို စတင် ဝင်ရောက်လာပြီးရင် နောက်ဆက်တွဲအဖြစ် ပိုမို ကျယ်ပြန့်တဲ့ ကျူးကျော်စစ် စတင်လာနိုင်ကြောင်း အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက သုံးသပ်ထားပါတယ်။ ရုရှားဟာ လွန်ခဲ့တဲ့ လပိုင်းလောက် ကတည်းက ယူကရိန်းနိုင်ငံ နယ်စပ်အနီးမှာ သိန်းနဲ့ချီ များပြားတဲ့ စစ်တပ်တွေ ဖြန့်ကျက်ပြီး အကြီးစား စစ်ဆင်ရေး တစ်ခုအတွက် ပြင်ဆင်နေပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့နိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ရုရှား အစိုးရကို သတိပေး ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာဖို့ သမ္မတရဲ့ အဆိုပြုချက်ကို ယူကရိန်း လွှတ်တော် တစ်ရပ်လုံးက ထောက်ခံခဲ့ကြပါတယ်။

အရေးပေါ် အခြေအနေ သတ်မှတ်ထားတဲ့ ရက် ၃၀ ကြာ ကာလအတွင်း အာဏာပိုင်တွေက အသွားအလာ ကန့်သတ်တာ၊ လိုအပ်သလို စစ်ဆေးစုံစမ်းတာ၊ နိုင်ငံရေး ပါတီတွေရဲ့ လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေကို ပိတ်ပင်တာမျိုးတွေ လုပ်ပိုင်ခွင့် ရှိလာပါတယ်။

အခု သီတင်းပတ်ထဲမှာပဲ ယူကရိန်းက အစိုးရ ဌာန တချို့က ကွန်ပျူတာတွေမှာ ဒေတာ အချက်အလက်တွေ ဖျက်ဆီးခံရတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ကြုံခဲ့ပါတယ်။ ဒီလက္ခဏာတွေ အားလုံးက ကျူးကျော်စစ်ကြီး အစပြုတော့မယ်လို့ ညွှန်ပြနေပါတယ်။

ခွဲထွက်ရေး နယ်မြေတွေကို အချုပ်အခြာ အာဏာပိုင်အဖြစ် အသိအမှတ် ပြုလိုက်တဲ့ ရုရှားရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ရှုတ်ချကြသလို အနောက်အုပ်စု နိုင်ငံကြီးတွေကလည်း ရုရှားအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေ စတင် ကျင့်သုံးလာပါတယ်။

ရုရှား အစိုးရက အခုအချိန်ထိ ယူကရိန်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူးလို့ ဆက်ငြင်းနေဆဲဖြစ်ပြီး အမေရိကန်နဲ့ NATO အဖွဲ့က ရုရှားအပေါ် နိုင်ငံတကာ အထင်မှားအောင် ပုံကြီးချဲ့နေတာသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ ကိယက်ဗ်က ရုရှား သံရုံးမှာ အလံပြန်ချသွားပြီး သံရုံးဝန်ထမ်းတွေကိုလည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ချက်ချင်း ရွှေ့ပြောင်းကြဖို့ ညွှန်ကြားလိုက်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ ရုရှားက ပိုင်နက်နယ်မြေ ကျူးကျော်လာတဲ့ ယူကရိန်း စစ်သား ၅ ယောက်ကို ပစ်သတ်ခဲ့ကြောင်း ကြေညာပါတယ်။ အဲဒီ မတိုင်ခင် ကတည်းက ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော် စစ်ပြုဖို့ အကြောင်းပြချက် ဆင်ခြေတွေ ရှာဖွေနေကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးက သတိပေးထားပါတယ်။ ယူကရိန်းဖက်ကတော့ သူတို့ဆီက စစ်သား တစ်ယောက်မှ ရုရှားဖက် နယ်မကျွံခဲ့သလို ပစ်သတ် ခံရသူလည်း မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ရုရှား-ယူကရိန်း တင်းမာမှုဟာ တစ်ကမ္ဘာလုံးကို ကူးစက်သွားနိုင်တဲ့ ပြဿနာကြီး ဖြစ်သွားနိုင်ကြောင်း သတိပေးထားပြီး ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားဖို့လိုကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။