Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား အစိုးရ ပြည်တွင်းမှာ ဖေ့စ်ဘွတ်သုံးစွဲတာ ကန့်သတ်တော့မယ်

ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရကို ထောက်ခံတဲ့ မီဒီယာ တချို့မှာ Facebookက ဆင်ဆာ ဖြတ်တောက်တာတွေ လုပ်ခဲ့တဲ့နောက် ရုရှားက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ပြီးတဲ့နောက် ရုရှား အစိုးရဟာ ပြည်တွင်းမှာ Facebook သုံးစွဲခွင့်ကို ကန့်သတ်တော့မယ်လို့ သိရပါတယ်။

ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရကို ထောက်ခံတဲ့ မီဒီယာ တချို့မှာ Facebookက ဆင်ဆာ ဖြတ်တောက်တာတွေ လုပ်ခဲ့တဲ့နောက် ရုရှားက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ Facebook က ရုရှား မီဒီယာ ဌာနတွေအပေါ် ဥပဒေနဲ့ မညီညွတ်ဘဲ ဝင်ရောက် တည်းဖြတ်တာမျိုးတွေဟာ ရုရှား ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ချိုးဖောက်နေတာလို့ ရုရှား ဆက်သွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲပါတယ်။

ရုရှား အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ မီဒီယာတွေက ယူကရိန်း ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေပြီး Facebookက အဲဒီ မီဒီယာတွေရဲ့ အချက်အလက်တွေကို မျက်ခြေမပြတ် ဆက်လက် စိစစ်သွားမယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီ မီဒီယာ စာမျက်နှာတွေမှာ ရုရှား အစိုးရ အထောက်ပံ့ခံဆိုတဲ့ စာသား တပ်ထားတာကို ဖြုတ်မပေးနိုင်ကြောင်းလည်း Facebookက အတိအလင်း ပြောပါတယ်။

ရုရှားက လူမှုကွန်ရက် မီဒီယာတွေအပေါ် ဘယ်အတိုင်းအတာထိ ကန့်သတ်မှုတွေ လုပ်ဆောင်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Facebookနဲ့ မိခင်ကုမ္ပဏီ တစ်ခုတည်း လက်အောက်မှာ ရှိနေတဲ့ WhatsApp၊ Messenger၊ Instagramစတဲ့ ဝန်ဆောင်မှုတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ဆက်သွယ်ရေးဌာန အာဏာပိုင်တွေက Facebook အနေနဲ့ ရုရှား အစိုးရ ဌာနတွေအပေါ် ဆင်ဆာလုပ် တည်းဖြတ်နေတာတွေ ချက်ချင်း ရပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးက မျက်ကွယ် ပြုထားကြောင်း စွပ်စွဲပါတယ်။ Facebookဟာ ရုရှားမှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ တစ်ခုလည်း ဖြစ်ပါတယ်။

Facebookရဲ့ မိခင်ကုမ္ပဏီ Metaမှာ ကမ္ဘာ့နိုင်ငံရေး မူဝါဒဌာန ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဆာနစ်ခ်ကလက်ဂ်က ရုရှား အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပေမယ့် ရုရှား ပြည်သူတွေကိုတော့ Facebook ဆက်သုံးစေချင်ကြောင်း ပြောပါတယ်။

ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကလည်း Facebookလို လူမှုကွန်ရက် ပလက်ဖောင်းတွေကို အသုံးပြုပြီး လူစုတာတွေ၊ လှုံ့ဆော်စည်းရုံးတာတွေ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook