Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား အစိုးရ ပြည်တွင်းမှာ ဖေ့စ်ဘွတ်သုံးစွဲတာ ကန့်သတ်တော့မယ်

ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရကို ထောက်ခံတဲ့ မီဒီယာ တချို့မှာ Facebookက ဆင်ဆာ ဖြတ်တောက်တာတွေ လုပ်ခဲ့တဲ့နောက် ရုရှားက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ပြီးတဲ့နောက် ရုရှား အစိုးရဟာ ပြည်တွင်းမှာ Facebook သုံးစွဲခွင့်ကို ကန့်သတ်တော့မယ်လို့ သိရပါတယ်။

ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရကို ထောက်ခံတဲ့ မီဒီယာ တချို့မှာ Facebookက ဆင်ဆာ ဖြတ်တောက်တာတွေ လုပ်ခဲ့တဲ့နောက် ရုရှားက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ Facebook က ရုရှား မီဒီယာ ဌာနတွေအပေါ် ဥပဒေနဲ့ မညီညွတ်ဘဲ ဝင်ရောက် တည်းဖြတ်တာမျိုးတွေဟာ ရုရှား ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ချိုးဖောက်နေတာလို့ ရုရှား ဆက်သွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲပါတယ်။

ရုရှား အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ မီဒီယာတွေက ယူကရိန်း ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေပြီး Facebookက အဲဒီ မီဒီယာတွေရဲ့ အချက်အလက်တွေကို မျက်ခြေမပြတ် ဆက်လက် စိစစ်သွားမယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီ မီဒီယာ စာမျက်နှာတွေမှာ ရုရှား အစိုးရ အထောက်ပံ့ခံဆိုတဲ့ စာသား တပ်ထားတာကို ဖြုတ်မပေးနိုင်ကြောင်းလည်း Facebookက အတိအလင်း ပြောပါတယ်။

ရုရှားက လူမှုကွန်ရက် မီဒီယာတွေအပေါ် ဘယ်အတိုင်းအတာထိ ကန့်သတ်မှုတွေ လုပ်ဆောင်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Facebookနဲ့ မိခင်ကုမ္ပဏီ တစ်ခုတည်း လက်အောက်မှာ ရှိနေတဲ့ WhatsApp၊ Messenger၊ Instagramစတဲ့ ဝန်ဆောင်မှုတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ဆက်သွယ်ရေးဌာန အာဏာပိုင်တွေက Facebook အနေနဲ့ ရုရှား အစိုးရ ဌာနတွေအပေါ် ဆင်ဆာလုပ် တည်းဖြတ်နေတာတွေ ချက်ချင်း ရပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးက မျက်ကွယ် ပြုထားကြောင်း စွပ်စွဲပါတယ်။ Facebookဟာ ရုရှားမှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ တစ်ခုလည်း ဖြစ်ပါတယ်။

Facebookရဲ့ မိခင်ကုမ္ပဏီ Metaမှာ ကမ္ဘာ့နိုင်ငံရေး မူဝါဒဌာန ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဆာနစ်ခ်ကလက်ဂ်က ရုရှား အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပေမယ့် ရုရှား ပြည်သူတွေကိုတော့ Facebook ဆက်သုံးစေချင်ကြောင်း ပြောပါတယ်။

ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကလည်း Facebookလို လူမှုကွန်ရက် ပလက်ဖောင်းတွေကို အသုံးပြုပြီး လူစုတာတွေ၊ လှုံ့ဆော်စည်းရုံးတာတွေ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့...