Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက ထွက်ခွာတော့မယ့် တောင်ကိုရီးယား သမ္မတကို ကင်မ်ဂျုံအန်း ချီးကျူးစကားဆို

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ကင်မ်ဟာ မွန်းနဲ့ အပြန်အလှန် အလေးအနက် ယုံကြည်မှု တည်ဆောက်ခဲ့တယ်လို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဖော်ပြသွားပါတယ်။ မြောက်ကိုရီးယား အစိုးရ အာဘော် အနေနဲ့ တောင်ကိုရီးယား သမ္မတကို ချီးကျူးတယ် ဆိုတာက အတော်ကြီး ရှားပါးတဲ့ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

ရာထူးက ထွက်ခွာတော့မယ့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ချီးကျူးစကား ပြောဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ကင်မ်ဟာ မွန်းနဲ့ အပြန်အလှန် အလေးအနက် ယုံကြည်မှု တည်ဆောက်ခဲ့တယ်လို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဖော်ပြသွားပါတယ်။ မြောက်ကိုရီးယား အစိုးရ အာဘော် အနေနဲ့ တောင်ကိုရီးယား သမ္မတကို ချီးကျူးတယ် ဆိုတာက အတော်ကြီး ရှားပါးတဲ့ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

ကင်မ်က ကိုရီးယား နှစ်နိုင်ငံ သင့်မြတ် ပေါင်းစည်းရေးအတွက် စိတ်ထားမှန်မှန် ကြိုးစားခဲ့တဲ့ မွန်းကို ချီးကျူးခဲ့ပြီး သူ့အနေနဲ့ ဒီရည်မှန်းချက် အထမြောက်အောင် ဆက်လက် ကြိုးစားသွားမယ်လို့လည်း သဝဏ်လွှာထဲမှာ ကတိပေး ရေးသားထားကြောင်း သိရပါတယ်။

ကင်မ်နဲ့ မွန်းတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သလို မွန်းဟာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းထိ အလည်အပတ် သွားရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေး ဆွေးနွေးမှုတွေက ၂၀၁၈ နောက်ပိုင်းမှာတော့ ရပ်တန့်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ တစ်ဦးဟာ ၅ နှစ်သက်တမ်း တစ်ကြိမ် ထမ်းဆောင်ပြီးရင် ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ မွန်းဟာ သမ္မတသက်တမ်း ကုန်ဆုံးမယ့် နောက်ထပ် သီတင်း ၃ ပတ် အကြာမှာ ရာထူး စွန့်ခွာရတော့မှာ ဖြစ်ပါတယ်။

မွန်းရဲ့ သမ္မတရုံးကလည်း ကင်မ်ဆီက ခင်မင်ရင်းနှီးကြောင်း ပေးပို့လာတဲ့ သဝဏ်လွှာကို လက်ခံရရှိခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အပြန်အလှန် သဝဏ်လွှာ ဖလှယ် ပေးပို့ခဲ့ကြတယ်လို့လည်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး မွန်းရဲ့ အရိုက်အရာကို ဆက်ခံမယ့် ယွန်းဆွတ်ခ်ယိုလ်ကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် ပိုမိုတင်းမာတဲ့ သဘောထားမျိုး ရှိတာကြောင့် သူ့လက်ထက် နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို ဖြစ်လာမလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ယွန်းက လိုအပ်လာရင် တောင်ကိုရီးယားဟာ မြောက်ကိုရီးယားအပေါ် လက်ဦးမှု အရယူပြီး ချေမှုန်းသင့်တယ်လို့တောင် ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ မဟာမိတ် ဆက်ဆံရေးကိုလည်း ပိုမို မြှင့်တင်သွားဖို့ ကြိုးစားမယ်လို့လည်း ယွန်းက အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။