Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ အနိုင်ရပြီး ပြင်သစ် သမ္မတရာထူး ဆက်မြဲသွားတဲ့ မာခရွန်

ရွေးကောက်ပွဲ ကာလမှာ ပြင်သစ် နိုင်ငံသား အတော်များများ အားလပ်ရက် အပန်းဖြေ ခရီးထွက်နေလို့ မဲရုံတွေဆီ ရောက်မလာနိုင်တာက ပြောစရာ တစ်ချက် ဖြစ်နေပေမယ့် အဓိက အကြောင်းရင်းကတော့ ဘယ်သမ္မတလောင်းကိုမှ မကြိုက်လို့ မဲမပေးတဲ့ မဲဆန္ဒရှင်တွေ များပြားနေခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့နောက် အီမန်နျူရယ်လ် မာခရွန် အနေနဲ့ ပြင်သစ် သမ္မတ ရာထူးမှာ နောက်ထပ် ၅ နှစ် ဆက်လက် တာဝန်ယူခွင့် ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီ ၂၄ ရက်က ပြီးဆုံးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေကို ထုတ်ပြန်တဲ့အခါ လက်ရှိ သမ္မတ မာခရွန်က ထောက်ခံမဲ အချိုးအစား ၅၈.၅၅ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။ အဓိက အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ မာရင် လီပန်ကတော့ ၄၁.၄၅ ရာခိုင်နှုန်းသာ ရခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ရွေးကောက်ပွဲအကြို ကာလတွေမှာ ကြိုတင် ခန့်မှန်းထားတဲ့ မဲကွာဟနိုင်ခြေတွေထက် ပိုကြီးမားတဲ့ ရလဒ်လည်း ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲဟာ အနိုင်အရှုံး ကွဲပြားသွားပြီဖြစ်ကြောင်း၊ သူ့အနေနဲ့ ပြင်သစ် ပြည်သူ အားလုံးအတွက် အကျိုးပြု ရပ်တည်ပေးမယ့် သမ္မတ ဖြစ်ချင်ကြောင်း မာခရွန်က ပါရီမြို့တော်၊ အိုင်ဖယ်လ် မျှော်စင်ကြီးရှေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ သူဟာ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယသက်တမ်းအတွက် ရွေးကောက် ခံရတဲ့ ပထမဆုံး ပြင်သစ် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် ဝါရင့် အမျိုးသမီး နိုင်ငံရေးသမား လီပန်ကတော့ သူ့အတွက် ရရှိခဲ့တဲ့ ထောက်ခံမဲ အချိုးအစားကို ကျေနပ်တာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို စိတ်မပျက်ဘူးလို့ ဆိုပါတယ်။ လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ အဲရစ် ဇမ်မောကတော့ တကယ်တမ်းမှာ လီပန်ဟာ သူ့ဖခင် ဂျင်းမာရီ လီပန်လိုပဲ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲတွေမှာ လီပန်မျိုးဆက်တွေ အနိုင်မရတာ ၈ ကြိမ်ထိ ရှိလာပြီလို့လည်း ဇမ်မောက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လီပန်ဟာ ဖခင်ဖြစ်သူ ထူထောင်ခဲ့တဲ့ အမျိုးသား အစည်းအရုံး ပါတီကို ကိုယ်စားပြုပြီး ၂၀၁၂၊ ၂၀၁၇ နဲ့ ၂၀၂၂ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပေမယ့် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာတော့ သူ့ကို ထောက်ခံတဲ့ ပြင်သစ် ပြည်သူ ၁၃ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရပါတယ်။

တစ်ဖက်မှာတော့ သမ္မတ မာခရွန် အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမယ့် နက်နက်ရှိုင်းရှိုင်း သွေးကွဲမှုတွေ ဖြစ်ပေါ်နေတဲ့ ပြင်သစ်နိုင်ငံကို ပြန်လည် စည်းရုံး ဦးဆောင်ဖို့ ကြိုးစားရမှာပါ။ ဒီနှစ် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲပေးပိုင်ခွင့် ရှိသူ ဦးရေ စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြပြီး ၁၉၆၉ ခုနှစ်နောက်ပိုင်း အနည်းဆုံး အချိုးအစား ဖြစ်လာပါတယ်။

ရွေးကောက်ပွဲ ကာလမှာ ပြင်သစ် နိုင်ငံသား အတော်များများ အားလပ်ရက် အပန်းဖြေ ခရီးထွက်နေလို့ မဲရုံတွေဆီ ရောက်မလာနိုင်တာက ပြောစရာ တစ်ချက် ဖြစ်နေပေမယ့် အဓိက အကြောင်းရင်းကတော့ ဘယ်သမ္မတလောင်းကိုမှ မကြိုက်လို့ မဲမပေးတဲ့ မဲဆန္ဒရှင်တွေ များပြားနေခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် မာခရွန်က သူ့အစိုးရ အဖွဲ့ကို မဲမပေးခဲ့သူတွေ အတွက်ပါ ကိုယ်စားပြု ရပ်တည်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ မာခရွန်ဟာ ယူကရိန်းနဲ့ ရုရှားတို့ ဖြစ်ပွားတဲ့ စစ်ပွဲကို သံတမန်ရေးအရ ဖြေရှင်းဖို့ အဓိက အကျဆုံး အားထုတ်ခဲ့သူ တစ်ဦးပါ။ တစ်ဖက်မှာတော့ လီပန်ဟာ ရုရှား အစိုးရကို ထောက်ခံ အားပေးချင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြင်းအထန် ရင်ဆိုင်ခဲ့ရပြီး ဒီအချက်ကလည်း သူ့အပေါ် ထောက်ခံမှု ကျဆင်းစေခဲ့တဲ့ အကြောင်းတရားတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆာဘီးယားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို အရေးနိမ့်သွားကြောင်း ဆာဘီးယား အစိုးရရဲ့ ခေါင်းဆောင် အလက်ဇန္ဒား ဗူချစ်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း...