Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံ ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရရင် လက်တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်

ကာတာ ရုပ်မြင်သံကြား သတင်းဌာန အယ်လ်ဂျာဇီးယားနဲ့ အင်တာဗျူးမှာ မက်ဗီဒက်ဗ်က တချို့သော ပြည်ပ အင်အားစုတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာပျက်ကိန်း နိမိတ်ကို ဖော်ဆောင်ဖို့ ကြံစည်နေကြောင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံ ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရရင် လက်တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်
နိုင်ငံ ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရရင် လက်တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်

တကယ်လို့ နိုင်ငံ ပိုင်နက်ထဲကို ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ အမေရိကန်လုပ် ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲလာမယ်ဆိုရင် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်လို့ ရုရှား အစိုးရက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

ယူကရိန်းမှာ တာဝေးပစ် ဒုံးကျည် လက်နက်တွေ ပိုင်ဆိုင်လာပြီး ရုရှား ပိုင်နက်ထဲထိ လှမ်းပစ်ခတ်မယ်ဆိုရင် ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့ အဓိက ဆုံးဖြတ်နိုင်တဲ့ ဗဟိုဌာနတွေကို တန်ပြန် ပစ်မှတ်ထားလာနိုင်တယ်လို့ ရုရှား လုံခြုံရေး ကောင်စီ ဒုတိယ အကြီးအကဲ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောပါတယ်။ ရုရှား သမ္မတဟောင်း တစ်ဦးလည်းဖြစ်တဲ့ မက်ဗီဒက်ဗ်ရဲ့ ဆိုလိုရင်းဟာ ယူကရိန်း ပြင်ပက စစ်ရေး ပစ်မှတ်တွေကိုပါ ဦးတည်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။

ကာတာ ရုပ်မြင်သံကြား သတင်းဌာန အယ်လ်ဂျာဇီးယားနဲ့ အင်တာဗျူးမှာ မက်ဗီဒက်ဗ်က တချို့သော ပြည်ပ အင်အားစုတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာပျက်ကိန်း နိမိတ်ကို ဖော်ဆောင်ဖို့ ကြံစည်နေကြောင်း စွပ်စွဲခဲ့ပါတယ်။

အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတချို့က တာဝေး ပိုမိုရောက်ရှိနိုင်တဲ့ ဒုံးကျည်တွေ ယူကရိန်း စစ်တပ်ကို ပံ့ပိုးဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာပြီးတဲ့နောက် ရုရှားဖက်က အခုလို အသံထွက်လာတာ ဖြစ်ပါတယ်။ ရုရှား ပိုင်နက်ထဲကို တိုက်ခိုက်ဖို့ ဒီလို လက်နက် အမျိုးအစားတွေ အသုံးပြုလာမယ်ဆိုရင် ရုရှား စစ်တပ်ကလည်း ဆိုင်ရာဆိုင်ရာ ထိန်းချုပ်ရေး ဗဟိုဌာနတွေကို တုံ့ပြန်ဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့ မက်ဗီဒက်ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေး လေ့လာသူတွေက တကယ်လို့သာ ယူကရိန်းဟာ ခေတ်မီ တာဝေးပစ် ဒုံးကျည် လက်နက်တွေ ပိုင်ဆိုင်လာမယ်ဆိုရင် စစ်ပွဲရဲ့ အလားအလာအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် အနေနဲ့ ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်စနစ်တွေ ပို့ဆောင်ဖို့ ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီကလည်း အတွဲလိုက် ပစ်ခတ်နိုင်တဲ့ MLRS ဒုံးကျည် စနစ်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပါတယ်။

ပင်တဂွန် စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ ကီလိုမီတာ ၇၀ လောက်ထိ ပျံသန်းနိုင်တဲ့ MLRS ဒုံးကျည်တွေကို ရုရှား ပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ယူကရိန်းကို အသုံးပြုခွင့် ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ MLRS စနစ်တွေထဲမှာ မူကွဲ အမျိုးမျိုးရှိပြီး တချို့က ကီလိုမီတာ ၃၀၀ လောက်ထိ တာဝေး ပစ်ခတ်နိုင်ပါတယ်။

ဘိုင်ဒန်ဟာ ယူကရိန်းကို တာဝေးပစ် ဒုံးကျည်တွေ ပို့ဆောင်ဖို့ အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်တော့ ဆုံးဖြတ်ချက် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ မူလက ယူကရိန်းကို ဒုံးကျည်တွေ မပို့ဘူးဆိုတဲ့ ဘိုင်ဒန်ရဲ့ ကြေညာချက်ကို မက်ဗီဒက်ဗ်ကလည်း ကြောင်းကျိုးဆီလျော်တဲ့ ရွေးချယ်မှုလို့ ချီးကျူးခဲ့သေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook