Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်း မီးလောင်မှုမှာ သေဆုံးသူ ၅၀ နီးပါးထိ များပြားလာ

ဆိပ်ကမ်းမှာ ထားရှိတဲ့ ကွန်တိန်နာတွေထဲမှာ ပေါက်ကွဲတတ်တဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်း သိုလှောင်ထားလို့လည်း မီးလောင်မှုကို ပိုဆိုးရွားသွားစေတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်း မီးလောင်မှုမှာ သေဆုံးသူ ၅၀ နီးပါးထိ များပြားလာ
ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်း မီးလောင်မှုမှာ သေဆုံးသူ ၅၀ နီးပါးထိ များပြားလာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားတဲ့ ဆိပ်ကမ်း မီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၀ နီးပါးထိ မြင့်တက်လာခဲ့ပါတယ်။

မေ ၄ ရက် ညပိုင်းက စစ်တကောင်း မြို့နားမှာရှိတဲ့ ဆီတာကုန်ဒါ ဆိပ်ကမ်းမှာ မီးလောင်မှုတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးကြောင်း အစောပိုင်းမှာ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာတော့ သေဆုံးသူ ဦးရေဟာ ၄၉ ဦးထက်မနည်းထိ များပြားလာခဲ့ကြောင်း သိရပါတယ်။

ထောင်နဲ့ချီ များပြားတဲ့ ကွန်တိန်နာတွေ သိုလှောင်ထားရာ ဆိပ်ကမ်းမှာ မီးလောင်တာကို ဝိုင်းဝန်း ငြှိမ်းသတ်နေတုန်း နောက်ထပ် ပေါက်ကွဲမှုတွေကြောင့် မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ဆိုးရွားသူတွေ ပါဝင်နေတာကြောင့် အသေအပျောက် ကိန်းဂဏန်းတွေ တိုးလာနိုင်ကြောင်း အစောပိုင်းမှာ ကတည်းက ကျန်းမာရေးဌာန တာဝန်ရှိသူ တချို့က မှတ်ချက် ပေးထားခဲ့ပါတယ်။

ဆိပ်ကမ်းမှာ ထားရှိတဲ့ ကွန်တိန်နာတွေထဲမှာ ပေါက်ကွဲတတ်တဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်း သိုလှောင်ထားလို့လည်း မီးလောင်မှုကို ပိုဆိုးရွားသွားစေတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ရာဂဏန်းလောက်ထိ များပြားခဲ့ရာမှာ အခြေအနေ အရမ်းဆိုးရွားသူတွေ တော်တော်များများ ရှိနေဆဲလို့လည်း သိရပါတယ်။ အခင်းဖြစ်ရာ နေရာတဝိုက်က ဆေးရုံတွေမှာ မီးလောင်ဒဏ်ရာ ရထားတဲ့ လူနာတွေနဲ့ ပြည့်နှက်သွားတယ်လို့လည်း ဆေးရုံတချို့က တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ စက်ရုံ အလုပ်ရုံ မီးလောင်မှုတွေ မကြာခဏ ကြုံခဲ့ဖူးပြီး အဓိက အကြောင်းရင်းကတော့ လုပ်ငန်းဆိုင်ရာ လုံခြုံရေး အစီအမံ စံနှုန်းတွေ အားနည်းလွန်းတာကြောင့် ဖြစ်ပါတယ်။ အစိုးရက လုပ်ငန်းရှင်တွေကို အလုပ်ခွင် လုံခြုံရေးနဲ့ ပတ်သက်ပြီး ပိုမို ကြပ်မတ်စေဖို့ ဖိအားပေးနေပေမယ့် လုပ်ငန်း အများစုကတော့ ခနော်နီ ခနော်နဲ့ အခြေအနေတွေနဲ့ လည်ပတ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။