Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ဒီအဆိုဟာ မကြာသေးခင်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းထားတာဖြစ်ပြီး ဒီလို လေ့ကျင့်မှုတွေဟာ ရန်လို ခြိမ်းခြောက်မှုတွေလို့ မြောက်ကိုရီးယားက ယူဆလေ့ ရှိပါတယ်။

အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ
အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်ဟာ အာရှတိုက်မှာပါ NATO ပုံစံ စစ်မဟာမိတ် အင်အားစုတစ်ခု ထူထောင်ဖို့ ကြံစည်နေတယ်လို့ မြောက်ကိုရီးယား စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဥရောပမှာ မဟာပြိုင်ဘက်ကြီး ရုရှားကို တန်ပြန်ဖို့အတွက် အမေရိကန်က NATOကို ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ ပုံစံမျိုး အာရှတိုက်မှာလည်း ခြေလှမ်း ပြင်နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်တို့က မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ လိုအပ်ရင် အမေရိကန်ရဲ့ ဖျက်အားပြင်း လက်နက်တွေကိုလည်း တောင်ကိုရီးယားမှာ ဖြန့်ကျက်ဖို့ ညှိနှိုင်း သဘောတူခဲ့တဲ့နောက် မြောက်ကိုရီးယားက အခုလို ဝေဖန်ခဲ့တာပါ။ တစ်ဖက်မှာလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုတစ်ခု ပြန်လည် လုပ်ဆောင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လေ့ ရှိခဲ့သလို အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအဆိုဟာ မကြာသေးခင်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းထားတာဖြစ်ပြီး ဒီလို လေ့ကျင့်မှုတွေဟာ ရန်လို ခြိမ်းခြောက်မှုတွေလို့ မြောက်ကိုရီးယားက ယူဆလေ့ ရှိပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဟာ NATO ညီလာခံ တက်ရောက်ဖို့အတွက် စပိန်ကို ထွက်ခွာသွားခဲ့ပြီး နောက်တစ်နေ့မှာပဲ မြောက်ကိုရီးယားရဲ့ ဝေဖန်မှု ထွက်ပေါ်လာခဲ့တာပါ။ တောင်ကိုရီးယား အစိုးရကတော့ နိုင်ငံတကာရေးရာ ကဏ္ဍတွေမှာ ပိုပြီး အင်အားကောင်းကောင်းနဲ့ ပါဝင်လိုတာကြောင့် NATOနဲ့ လက်တွဲဖို့ ရည်ရွယ်ခြင်းသာဖြစ်ကြောင်း မှတ်ချက် ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။