Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူနည်းစု တိုင်းရင်းသား အနွယ်ဝင်တစ်ဦး ပထမဆုံးအကြိမ် အိန္ဒိယ သမ္မတဖြစ်လာ

အာဏာရ BJP ပါတီရဲ့ ခေါင်းဆောင်ပိုင်းမှာ အပါအဝင်ဖြစ်တဲ့ ဒရူပါဒီ မာမူဟာ အခု သီတင်းပတ် အစောပိုင်းက လွှတ်တော်တွင်း မဲပေး ရွေးချယ်မှုအရ သမ္မတ ရာထူးအတွက် ရွေးကောက် ခံခဲ့ရပါတယ်။ သူဟာ လာမယ့် သီတင်းပတ်မှာတော့ အိန္ဒိယရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာပါ။

လူနည်းစု တိုင်းရင်းသား အနွယ်ဝင်တစ်ဦး ပထမဆုံးအကြိမ် အိန္ဒိယ သမ္မတဖြစ်လာ
လူနည်းစု တိုင်းရင်းသား အနွယ်ဝင်တစ်ဦး ပထမဆုံးအကြိမ် အိန္ဒိယ သမ္မတဖြစ်လာ

အိန္ဒိယ နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ ပထမဆုံး အကြိမ်အဖြစ် လူနည်းစု တိုင်းရင်းသား မျိုးနွယ်ထဲက အမျိုးသမီး တစ်ဦး သမ္မတ ဖြစ်လာကြောင်း သိရပါတယ်။

အာဏာရ BJP ပါတီရဲ့ ခေါင်းဆောင်ပိုင်းမှာ အပါအဝင်ဖြစ်တဲ့ ဒရူပါဒီ မာမူဟာ အခု သီတင်းပတ် အစောပိုင်းက လွှတ်တော်တွင်း မဲပေး ရွေးချယ်မှုအရ သမ္မတ ရာထူးအတွက် ရွေးကောက် ခံခဲ့ရပါတယ်။ သူဟာ လာမယ့် သီတင်းပတ်မှာတော့ အိန္ဒိယရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာပါ။

အိန္ဒိယမှာ သမ္မတဆိုတာ ဝန်ကြီးချုပ်လိုမျိုး နိုင်ငံရေး ဩဇာ မရှိပေမယ့် အစိုးရ အဖွဲ့ထဲမှာတော့ ဂုဏ်သိက္ခာအရ အရေးပါတဲ့ ရာထူးတစ်ခု ဖြစ်ပါတယ်။ ဒရူပါဒီဟာ အိန္ဒိယ သမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး သမ္မတ ဖြစ်လာပြီး လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေထဲမှာတော့ ပထမဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

အသက် ၆၄ နှစ်အရွယ် ဒရူပါဒီဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ဩရိသ ပြည်နယ် အခြေစိုက် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ဂျာခန်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အနေနဲ့ ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ ဆန်တဲလ် လူနည်းစု တိုင်းရင်းသား အနွယ်ဝင် တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား အနွယ်တွေ အားလုံးထဲမှာတော့ ဆန်တဲလ်တွေက လူဦးရေ အများဆုံးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒရူပါဒီက ကျောင်းဆရာမ တစ်ယောက်အဖြစ် စတင် အသက်မွေးခဲ့ပေမယ့် နောက်တော့ နိုင်ငံရေး လောကထဲ ဝင်လာပြီး ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ BJP ပါတီမှာ အမတ်အဖြစ် နှစ်ကြိမ်တိုင် ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။ သူ့ရဲ့ ဖခင်နဲ့ အဖိုးတို့ဟာ ဩရိသမှာရှိတဲ့ ကျေးရွာတစ်ခုမှာ ရွာသူကြီးတွေ ဖြစ်ကြပါတယ်။

ဒရူပါဒီကို သမ္မတသစ်အဖြစ် လွှတ်တော်က ရွေးချယ်လိုက်တဲ့နောက် နယူးဒေလီမှာရှိတဲ့ သူ့ရဲ့ အိမ်ကို ဝန်ကြီးချုပ် မိုဒီကိုယ်တိုင် သွားရောက် ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံရဲ့ ရှေ့ဆက် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေအတွက် ဒရူပါဒီဟာ အမှန်တကယ် အရည်အချင်းရှိတဲ့ သမ္မတတစ်ဦး ဖြစ်လာလိမ့်မယ်လို့လည်း မိုဒီက Twitterမှာ ရေးသားထားပါတယ်။

လေ့လာသူတွေကတော့ ဒရူပါဒီရဲ့ တက်လှမ်းမှုဟာ အိန္ဒိယ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေအတွက် ကျေနပ်စရာ အချိုးအကွေ့ တစ်ခု ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတ ရာထူးဟာ အိန္ဒိယမှာ အဆောင်အယောင်ဆန်ဆန် ခန့်အပ်မှု သက်သက်လို့ ယူဆကြပေမယ့် နိုင်ငံရေး အခြေအနေ မရေမရာ ဖြစ်နေတဲ့ ကာလမျိုးတွေမှာ သမ္မတရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အခန်းကဏ္ဍက အရမ်း အရေးပါလာတတ်ပါတယ်။

ဒရူပါဒီဟာ ဟိန္ဒူ အမျိုးသားရေး ဝါဒီတစ်ယောက်အဖြစ် လူသိများတဲ့ ဒါလစ် အနွယ်ဝင် ရမ်နက်သ် ကိုဗင်းရဲ့ အရိုက်အရာကို ဆက်ခံမှာပါ။ ဒါလစ်တွေဟာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေ မပပျောက်သေးတဲ့ အိန္ဒိယ လူ့အဖွဲ့အစည်းမှာ ဇာတ်အနိမ့်ဆုံးအဖြစ် သတ်မှတ် ခံရသူတွေပါ။ ကိုဗင်းဟာ ၂၀၁၇ မှာ သမ္မတ ရာထူးကို ရယူခဲ့ပြီး အခုတော့ ဒရူပါဒီက ရာထူး လက်လွှဲ ယူတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။