Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ဖို့ စဉ်းစားနေပေမယ့် အတိအကျ မဆုံးဖြတ်သေးဘူးလို့ဆို

အမေရိကန် လွှတ်တော်ထဲမှာတော့ အတော်လေး များပြားတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ပိုင်ခွင့် ရှိတယ်လို့ ထောက်ခံနေပြီး ဒီကိစ္စနဲ့ ပတ်သက်ရင် အလေးအနက် သတိထား ချဉ်းကပ်သင့်ကြောင်း ထောက်ပြသူ တချို့လည်း ရှိနေပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ဖို့ စဉ်းစားနေပေမယ့် အတိအကျ မဆုံးဖြတ်သေးဘူးလို့ဆို
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ဖို့ စဉ်းစားနေပေမယ့် အတိအကျ မဆုံးဖြတ်သေးဘူးလို့ဆို

အတိအကျ မဆုံးဖြတ်သေးပေမယ့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီဟာ ထိုင်ဝမ်ကို လာရောက်ဖို့ စဉ်းစားနေကြောင်း ထိုင်ဝမ်နဲ့ အမေရိကန် အစိုးရ အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။

တရုတ်က ပလော့စီ အနေနဲ့ ထိုင်ဝမ်မြေကို ခြေမချဖို့ တင်းတင်းမာမာ သတိပေးနေချိန်မှာ အမေရိကန်နဲ့ ထိုင်ဝမ် အစိုးရတွေဖက်က အခုလို အသံထွက်လာတာ ဖြစ်ပါတယ်။ ပလော့စီဟာ အာရှ ၄ နိုင်ငံကို ခရီးလှည့်လည်မယ့် အမေရိကန် သံအရာရှိတွေကို ဦးဆောင်လာပြီး အခုအခါ စင်ကာပူကို ရောက်ရှိနေပါတယ်။ သူဟာ အဲဒီခရီးစဉ်နဲ့ ဆက်စပ်ပြီး ထိုင်ဝမ်ကို လှည့်ဝင်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကို လက်အောက်ခံ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ တရုတ်က ထိုင်ဝမ်ရဲ့ သံတမန်ရေးရာ ကဏ္ဍကို လက်ဝါးကြီး အုပ်ထားချင်တာကြောင့် အမေရိကန်ရဲ့ အဆင့်မြင့် အရာရှိတစ်ဦး ထိုင်ဝမ်ကို ရောက်လာမယ့် ကိစ္စအပေါ် ဘယ်လိုမှ လက်မခံနိုင်ဘဲ ဖြစ်နေပါတယ်။

အမေရိကန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ ပလော့စီရဲ့ ရာထူးဟာ သမ္မတလိုပဲ အုပ်ချုပ်ရေး ကဏ္ဍသုံးရပ်ရဲ့ အဓိက နေရာမှာ အပါအဝင် ဖြစ်နေပါတယ်။ တကယ်လို့ သူသာ ထိုင်ဝမ်ကို ရောက်ရှိခဲ့မယ်ဆိုရင် တရုတ်နဲ့ ရေလက်ကြား တစ်ခုသာခြားတဲ့ ကျွန်းနိုင်ငံဆီ ၂၅ နှစ်တာအတွင်း ခြေချခဲ့ဖူးသမျှ အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိ ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

ပလော့စီဟာ အခုနှစ် အစောပိုင်း ကတည်းက ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်ဖူးပေမယ့် ကိုဗစ်ရောဂါ ကူးစက် ခံလိုက်ရတာကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။ အာရှ ခရီးစဉ်အတွက် အမေရိကန်က ထွက်ခွာလာပြီး ဟာဝိုင်ယီမှာ တစ်ထောက်နားတုန်းက ပလော့စီက စင်ကာပူ၊ မလေးရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို သွားရောက်မယ်လို့ ပြောခဲ့ပေမယ့် ထိုင်ဝမ်အကြောင်း ထည့်သွင်း ရည်ညွှန်းခဲ့တာတော့ မရှိပါဘူး။

တရုတ်ကတော့ ပလော့စီ ထိုင်ဝမ်ကို သွားရောက်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေအပေါ် ပြင်းပြင်းထန်ထန် ကြိုတင် ကန့်ကွက်ထားသလို ထိုင်ဝမ် ရေလက်ကြားနားမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး အင်အားပြ စစ်ရေး လေ့ကျင့်နေပါတယ်။ အမေရိကန် အစိုးရက ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားမသွားဆိုတာ တိတိကျကျ မှတ်ချက် မပေးသေးပေမယ့် တကယ်လို့သာ ခရီးစဉ် ဖြစ်မြောက်ခဲ့ရင် ရေတပ်၊ လေတပ် အင်အားအပြည့် လုံခြုံရေး စောင့်ကြပ်ပေးဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက အသင့်စီစဉ်ထားပါတယ်။

လေ့လာသူတွေကတော့ ပလော့စီသာ ထိုင်ဝမ်ကို သွားရောက်ဖို့ အမှန်တကယ် ဆုံးဖြတ်ခဲ့မယ်ဆိုရင် တရုတ်-အမေရိကန် ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်သွားစေမယ်လို့ သုံးသပ်ထားကြပါတယ်။ လောလောဆယ်မှာ အမေရိကန်ရော၊ ထိုင်ဝမ်ကပါ အစိုးရ အရာရှိတွေက ပလော့စီ အနေနဲ့ ဒီကိစ္စကို စဉ်းစားနေကြောင်း အတည်ပြုထားပြီး ခရီးစဉ် ဖြစ်မြောက်မလား ဆိုတာကိုတော့ တပ်အပ် မပြောခဲ့ပါဘူး။

အမေရိကန် လွှတ်တော်ထဲမှာတော့ အတော်လေး များပြားတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ပိုင်ခွင့် ရှိတယ်လို့ ထောက်ခံနေပြီး ဒီကိစ္စနဲ့ ပတ်သက်ရင် အလေးအနက် သတိထား ချဉ်းကပ်သင့်ကြောင်း ထောက်ပြသူ တချို့လည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook