Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ် ခရီးစဉ်ကို အမှန်တကယ် အကောင်အထည် ဖော်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ

ပလော့စီဟာ အာရှလေးနိုင်ငံကို လှည့်လည်သွားလာမယ့် အလည်အပတ် ခရီးစဉ်ကနေ ခွဲထွက်ပြီး ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၅ နှစ်တာအတွင်း ထိုင်ဝမ်မြေကို ခြေချဖူးတဲ့ ရာထူး အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ထိုင်ဝမ် ခရီးစဉ်ကို အမှန်တကယ် အကောင်အထည် ဖော်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ
ထိုင်ဝမ် ခရီးစဉ်ကို အမှန်တကယ် အကောင်အထည် ဖော်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ

တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်နေပေမယ့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီဟာ ထိုင်ဝမ်နိုင်ငံကို သွားရောက်ခဲ့ကြောင်း သိရပါတယ်။

ပလော့စီ လိုက်ပါလာတဲ့ လေယာဉ်ဟာ ဩဂုတ် ၂ ရက်၊ မြန်မာစံတော်ချိန် ၉ နာရီကျော်ကျော်လောက်မှာ ထိုင်ပေမြို့ကို ဆင်းသက်ခဲ့ပါတယ်။ ကနဦး ထွက်ပေါ်လာတဲ့ လေဆိပ်ထဲက ဓာတ်ပုံတွေအရ ပန်းရောင် ဝတ်စုံဝတ်ပြီး နှာခေါင်းစည်း တပ်ဆင်ထားတဲ့ ပလော့စီဟာ လေယာဉ်ပေါ်က ဆင်းသက်လာတာကို တွေ့နေရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတိုင်းကို စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ပိုင်နက် နယ်မြေလို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို အမေရိကန် ထိပ်တန်း အရာရှိတစ်ဦး သွားရောက်ခဲ့ခြင်းက တရုတ်အတွက် အကြီးအကျယ် ခံပြင်းစရာ ဖြစ်လာစေမှာပါ။ နိုင်ငံရေး လေ့လာသူတွေကတော့ ပလော့စီရဲ့ ခရီးစဉ်ကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ဆိုးသထက် ဆိုးလာလိမ့်ဦးမယ်လို့ မှတ်ချက် ပေးထားကြပါတယ်။

ပလော့စီဟာ အာရှလေးနိုင်ငံကို လှည့်လည်သွားလာမယ့် အလည်အပတ် ခရီးစဉ်ကနေ ခွဲထွက်ပြီး ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၅ နှစ်တာအတွင်း ထိုင်ဝမ်မြေကို ခြေချဖူးတဲ့ ရာထူး အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ပလော့စီ လိုက်ပါလာတဲ့လေယာဉ် မလေးရှားကနေ ထွက်ခွာပြီး ထိုင်ဝမ်ကျွန်းဆီ ဦးတည် ပျံသန်းလာချိန်မှာ တရုတ်ရဲ့ Su-35 တိုက်လေယာဉ်တွေက ထိုင်ဝမ် ရေလက်ကြားနားမှာ အင်အားပြ ပျံသန်းနေခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမဲ့ ပလော့စီက တရုတ်ရဲ့ ခြိမ်းခြောက် သတိပေးမှုတွေကို လုံးဝ အရေးမစိုက်ဘဲ ထိုင်ဝမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

တရုတ် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Baiduမှာတော့ တရုတ် အစိုးရ အနေနဲ့ ဒီကိစ္စကို သည်းခံမနေသင့်ဘဲ ထိုင်ဝမ်ကို စစ်အင်အားသုံး သိမ်းယူသင့်ပြီဆိုတဲ့ မြှောက်ထိုးပင့်ကော် အရေးအသားတွေ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာပါတယ်။ တရုတ် အစိုးရ အနေနဲ့ နန်စီရဲ့ ထိုင်ဝမ်ခရီးစဉ် လက်တွေ့ ဖြစ်မြောက်သွားတဲ့နောက်ပိုင်း ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထား မှတ်ချက် တစ်ခုခု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ် မတိုင်ခင် ကတည်းက ထိုင်ဝမ်ကျွန်း အနီးတဝိုက်မှာ စစ်အင်အား တိုးမြှင့်ထားသလို စစ်ရေးလေ့ကျင့်မှုတွေပါ လုပ်ဆောင်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန် ရေတပ်၊ လေတပ်တွေကို ထိုင်ဝမ်ကျွန်း တဝိုက်မှာ တပ်လှန့်ထားခဲ့ပါတယ်။

အသက် ၈၂ နှစ်အရွယ် ပလော့စီဟာ တရုတ်ကွန်မြူနစ် ပါတီကို ထက်ထက်သန်သန် ဆန့်ကျင်သူ တစ်ဦးအနေနဲ့ လူသိများပါတယ်။ သူဟာ ထိုင်ဝမ်ကို ရောက်ရှိနေချိန် အတောအတွင်း သမ္မတ ဆိုင်အင်ဝမ် အပါအဝင် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ယုံကြည်ရပြီး ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ပလော့စီရဲ့ ရုံးအဖွဲ့ကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ ထိုင်ဝမ် ခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ ကမ္ဘာကြီးက အာဏာရှင် စနစ်နဲ့ ဒီမိုကရေစီ စနစ်ကြား ရွေးချယ်နေရတဲ့ လက်ရှိ ကာလလို အရေးကြီး အခိုက်အတန့်မျိုးမှာ အမေရိကန်က ထိုင်ဝမ်ပြည်သူ ၂၃ သန်းနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း ကြေညာထားပါတယ်။