Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပလော့စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို အဆိုးရွားဆုံး ဖျက်ဆီးနေသူလို့ မြောက်ကိုရီးယား စွပ်စွဲ

တရုတ် အစိုးရက ပိုင်နက်နယ်မြေအဖြစ် သဘောထား သတ်မှတ်ထားရာ ထိုင်ဝမ်ကျွန်းကို အခုသီတင်းပတ် အစောပိုင်းက သွားရောက်ခဲ့တဲ့ ပလော့စီရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပလော့စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို အဆိုးရွားဆုံး ဖျက်ဆီးနေသူလို့ မြောက်ကိုရီးယား စွပ်စွဲ
ပလော့စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို အဆိုးရွားဆုံး ဖျက်ဆီးနေသူလို့ မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို အဆိုးရွားဆုံး ဖျက်ဆီးခဲ့သူလို့ မြောက်ကိုရီးယား အစိုးရက စွပ်စွဲ ကြေညာလိုက်ပါတယ်။

တရုတ် အစိုးရက ပိုင်နက်နယ်မြေအဖြစ် သဘောထား သတ်မှတ်ထားရာ ထိုင်ဝမ်ကျွန်းကို အခုသီတင်းပတ် အစောပိုင်းက သွားရောက်ခဲ့တဲ့ ပလော့စီရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသော အရင်းနှီးဆုံး ကုန်သွယ်ဖက် နိုင်ငံပါ။

တရုတ် အစိုးရက ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို အပြင်းအထန် ရှုတ်ချခဲ့သလို စစ်ရေးအရ ကန့်သတ် တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ပလော့စီ ထိုင်ဝမ်ကို လာရောက်သွားတဲ့ ဩဂုတ် ၂ ရက်ကစလို့ တရုတ် ရေတပ်နဲ့ လေတပ်ဟာ ထိုင်ဝမ်ကျွန်း တဝိုက်မှာ ဒုံးကျည် ပစ်ခတ်မှုတွေ အပါအဝင် စစ်ရေးလေ့ကျင့်မှုတွေ အုံနဲ့ကျင်းနဲ့ လုပ်ဆောင်နေပါတယ်။

ပလော့စီဟာ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိခဲ့ချိန်မှာလည်း မြောက်ကိုရီးယား နျူကလီးယား လက်နက် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား လွှတ်တော် ဥက္ကဋ္ဌ ကင်မ်ဂျင်ပြိုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ ကင်မ်ရဲ့ အဆိုအရ သူနဲ့ ပလော့စီတို့ဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပလော့စီက တောင်ကိုရီးယားကိုရော၊ ထိုင်ဝမ်ကိုပါ သွားရောက်ခဲ့ခြင်းက မြောက်ကိုရီးယား အတွက်တော့ မျက်စိ စပါးမွေး စူးစရာတွေ ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်ကြားရေး အရာရှိ ဂျိုယောင်ဆမ်က ပလော့စီဟာ ထိုင်ဝမ်ကို သွားရောက်ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်ခဲ့ကြောင်း၊ သူဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှုကို အဆိုးရွားဆုံး ဖျက်ဆီးသူလို့တောင် ဆိုနိုင်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။

နောက်ပြီး ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်က စိတ်တိုင်းကျ ခြယ်လှယ်နိုင်မှာ မဟုတ်သလို ပလော့စီ အနေနဲ့ လုပ်ချင်ရာ လျှောက်လုပ်နေမယ်ဆိုရင် အမေရိကန် အစိုးရဟာ ဒီအတွက် ကြီးကြီးမားမား ပြန်ပေးဆပ်ရစေမယ်လို့လည်း ဂျိုက ခြိမ်းခြောက်သွားခဲ့ပါတယ်။

ပလော့စီဟာ တောင်ကိုရီးယားကို ရောက်ရှိနေချိန် အတောအတွင်း ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က လုံခြုံရေး ကန့်သတ် ဧရိယာထိ သွားရောက် လည်ပတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ၂၀၁၉ ခုနှစ်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ သမိုင်းဝင် တွေ့ဆုံခဲ့ဖူးပါတယ်။ ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ဟာ ကမ္ဘာပေါ်မှာ လုံခြုံရေး အင်အား အတင်းကျပ်ဆုံး ဖြန့်ကျက်ထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန် သမ္မတအဖြစ် ထရမ့် တာဝန်ယူချိန်တုန်းက နျူကလီးယားလက်နက် ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ တိုးတက်မှုတွေ မရှိတော့ဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။ လတ်တလောမှာတော့ မြောက်ကိုရီးယား အစိုးရက လက်နက် ဖျက်သိမ်းရေး ဆွေးနွေးဖို့ ဆန္ဒ မရှိသေးဘဲ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကိုသာ အရှိန်အဟုန်နဲ့ ဖြည့်တင်းသွားမယ်လို့လည်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။