Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရည်းစား ၁၈ ယောက် တပြိုင်တည်း တွဲခဲ့တဲ့ တရုတ် အိမ်ထောင်သည် အမျိုးသမီး လိမ်လည်မှုနဲ့ အဖမ်းခံရ

ဝူရဲ့ လှည့်ဖျားမှုတွေ အလိမ်ပေါ်မယ့် ပြဿနာတွေက နှစ်ဆန်းပိုင်းလောက်မှာ အစပြုလာပါတယ်။ အဲဒီတုန်းက ဝူဟာ သူနဲ့ တွဲနေတဲ့ ဝမ်ဆိုတဲ့ အမျိုးသားကို အစ်ကိုအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။

ရည်းစား ၁၈ ယောက် တပြိုင်တည်း တွဲခဲ့တဲ့ တရုတ် အိမ်ထောင်သည် အမျိုးသမီး လိမ်လည်မှုနဲ့ အဖမ်းခံရ
ရည်းစား ၁၈ ယောက် တပြိုင်တည်း တွဲခဲ့တဲ့ တရုတ် အိမ်ထောင်သည် အမျိုးသမီး လိမ်လည်မှုနဲ့ အဖမ်းခံရ

တရုတ်က အိမ်ထောင်သည် အမျိုးသမီး တစ်ဦးဟာ လူ ၁၈ ယောက်ကို ရည်းစားအဖြစ် တွဲခဲ့ပြီး ငွေကြေး လိမ်လည်ခဲ့တဲ့အတွက် အဖမ်းခံထားရကြောင်း သိရပါတယ်။

အသက် ၂၉ နှစ် အရွယ်ရှိပြီး မျိုးရိုးနာမည် ဝူလို့သာ ဖော်ပြထားတဲ့ ရှန်ဟိုင်းမြို့သူ အမျိုးသမီးဟာ ၂၀၁၇ ကစလို့ လူ ၁၈ ယောက်ကို တပြိုင်တည်းလိုလို စုံတွဲခုတ်ခဲ့ပြီး တချို့သူတွေကို လက်ထပ်စာချုပ် အတုတွေမှာ လက်မှတ်ထိုးမိအောင် သွေးဆောင်ခဲ့တယ်လို့ Shanghai TVက ဖော်ပြသွားပါတယ်။

သူဟာ တွဲခဲ့တဲ့ အမျိုးသားတွေဆီကနေ ဒေါ်လာ ၃ သိန်းလောက်နဲ့ ညီမျှတဲ့ ယွမ် ၂ သန်းလောက်ကို လိမ်လည်ယူခဲ့ပြီး တန်ဖိုးကြီး အဝတ်အထည်တွေ၊ လူသုံးကုန်တွေ ဝယ်ယူဖို့ သုံးစွဲခဲ့ပါတယ်။ ဝူဟာ အပြောကောင်း၊ အညုကောင်းသူ ဖြစ်တာကြောင့် တွဲသမျှ အမျိုးသား အားလုံးကို သူက နှစ်နှစ်ကာကာ ချစ်မြတ်နိုးသလို ဟန်ဆောင်နိုင်ခဲ့ပါတယ်။

တချို့ဆိုရင် သူနဲ့ လက်ထပ်ပွဲအကြို (Pre-wedding) ဓာတ်ပုံတွေတောင် ရိုက်ထားပြီး ဝူကို ‘မိန်းမ’ဆိုတဲ့ နာမ်စားနဲ့တောင် သုံးနှုန်း ခေါ်ဝေါ်နေပြီ ဖြစ်ပါတယ်။ ဝူက သူဟာ မိသားစုဝင် တော်တော်များများကို ထောက်ပံ့ပေးနေရကြောင်း လိမ်ညာ ပြောဆိုပြီး အမျိုးသားတွေဆီက ထောက်ပံ့ငွေတွေ တောင်းခံလေ့ ရှိပါတယ်။ တချို့ကိုတော့ သူ့အဖေက ကင်ဆာရောဂါ ခံစားနေရပြီး ဆေးဖိုးဝါးခ အမြောက်အမြား ကုန်နေလို့ ငွေလိုနေကြောင်း ပြောပြတတ်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ခါတလေလည်း သူ့ဝမ်းကွဲ အစ်ကိုတစ်ယောက် အဖမ်းခံထားရပြီး အာမခံ ငွေကြေး လိုအပ်တယ် ဆိုတာမျိုးနဲ့ လိမ်လည် တောင်းယူလေ့ ရှိပါတယ်။ တစ်ယောက်ကိုတော့ သူ့အစ်ကို မင်္ဂလာဆောင်ပြီး အိမ်ဝယ်ဖို့ ငွေလိုနေလို့ဆိုပြီး အယုံသွင်းပြန်ပါတယ်။ တချို့ အမျိုးသားတွေဟာ ဝူတောင်းသမျှ ထုတ်ပေးဖို့အတွက် ငွေလိုက်ချေးရတာမျိုးတွေတောင် ကြုံခဲ့ရပါတယ်။

ဝူရဲ့ လှည့်ဖျားမှုတွေ အလိမ်ပေါ်မယ့် ပြဿနာတွေက နှစ်ဆန်းပိုင်းလောက်မှာ အစပြုလာပါတယ်။ အဲဒီတုန်းက ဝူဟာ သူနဲ့ တွဲနေတဲ့ ဝမ်ဆိုတဲ့ အမျိုးသားကို အစ်ကိုအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ လီဆိုတဲ့ နောက်ထပ် အမျိုးသား တစ်ယောက်ကို အဆက်ဖြတ်ဖို့အတွက် ဝမ်က ကူပြောပေးစေချင်တယ်လို့ ဝူက အကြောင်းပြပါတယ်။ ဝမ်ကိုယ်တိုင်က ဝူကို ယွမ်ငွေ ၉ သိန်းလောက် ထောက်ပံ့ ချေးငှားပေးထားတာပါ။

အဲဒီဖြစ်ရပ် နောက်ပိုင်းမှာ ဝမ်က ဝူကို စပြီး မသင်္ကာ ဖြစ်လာပါတယ်။ သူက လက်ထပ်ချင်ပြီ ဖြစ်ကြောင်း၊ မိဘချင်း တွေ့ဆုံ ဆွေးနွေးစေချင်ကြောင်း ဖိအားပေးခဲ့ပြီး တကယ်လို့ သူ့ဆန္ဒကို မလိုက်လျောရင် အကြွေးအားလုံး ပြန်ဆပ်ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဝူက သူ့အနေနဲ့ ပေးစရာ ပိုက်ဆံ မရှိဘူးလို့ ငြင်းတဲ့အခါ ဝမ်က ဝူကို ရဲစခန်း ခေါ်သွားပြီး တိုင်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝူရဲ့ နောက်ထပ် ဇာတ်ရှုပ်တွေပါ မီးခိုးကြွက်လျှောက် ပေါ်လာပြီး လိမ်လည်မှုတွေနဲ့ တရားစွဲခံရတော့တာပါပဲ။

ဝူဟာ ၂၀၁၄ ခုနှစ် ကတည်းက အိမ်ထောင်ကျခဲ့ပြီး ၂ နှစ်အရွယ် သားတစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။ ဝူက သူဟာ ဖက်ရှင်မော်ဒယ်လ် တစ်ယောက်အဖြစ် အလုပ်လုပ်နေကြောင်း ခင်ပွန်းကို ပြောထားပြီး မိသားစု ၃ ဦး အတူတကွ အိမ်ငှား နေထိုင်ကြတယ်လို့ ရှန်ဟိုင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ သူရလာတဲ့ ပိုက်ဆံတွေဟာ ရှန်ဟိုင်းမြို့ ပြင်ပက ဆွေမျိုးတွေ ထောက်ပံ့နေတာပါလို့ ဝူက ခင်ပွန်းသည်ကို ပြောပါတယ်။ အခုတော့ သူဟာ လိမ်လည်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ရဲတွေက အမှု နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် စုံစမ်းနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook