Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း
ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေက ဝင်ရောက် စီးနင်း ရှာဖွေခဲ့ကြောင်း သိရပါတယ်။

ထရမ့်က ဖလော်ရီဒါပြည်နယ်၊ ပမ်းလ်မ်ဘိချ်မှာ ရှိနေတဲ့ မာအေလာဂို စံအိမ်ကြီးကို FBI အေးဂျင့် အမြောက်အမြားက ဝင်ရောက် ရှာဖွေခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၈ ရက် ဖြစ်စဉ်ဟာ ထရမ့်ရဲ့ သမ္မတ သက်တမ်းတုန်းက တရားဝင် စာရွက်စာတမ်းတွေ ထိန်းသိမ်းထားမှုနဲ့ သက်ဆိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန် အတွက်တော့ အမှောင်လွှမ်းတဲ့ ကာလတွေကို ကြုံနေတာဖြစ်ကြောင်း၊ အမေရိကန် သမ္မတအဖြစ် တာဝန်ယူဖူးသူ တစ်ယောက်ယောက်မှာ ဒါမျိုးကြုံဖူးတယ်ဆိုတာ အရင်က လုံးဝ မရှိခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အခုလို စီးနင်းရှာဖွေမှုမျိုး လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး FBIကရော၊ အမေရိကန် တရားရေး ဌာနကပါ ဘာဖြေရှင်းချက်မှ မပေးသေးပါဘူး။ အမည်ဖော်မပြတဲ့ စုံထောက် တစ်ဦးကတော့ ဝရမ်း ခွင့်ပြုချက်ရပြီး မိနစ်ပိုင်း အတွင်းမှာပဲ FBI အေးဂျင့်တွေက စံအိမ်ကို ရောက်သွားခဲ့ကြတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

အမေရိကန် သမ္မတဟောင်းတွေဟာ သမ္မတမှတ်တမ်း အက်ဥပဒေအရ သူတို့ရဲ့ တရားဝင် စာရွက်စာတမ်းတွေ၊ အလုပ်ကိစ္စ မှတ်တမ်းတွေနဲ့ အီးမေးလ်တွေကို အမျိုးသား မော်ကွန်းဌာနဆီ လွှဲပြောင်းပေးရပါတယ်။ တရားဝင် မှတ်တမ်းမှတ်ရာတွေကို လက်လွှဲ ကိုင်တွယ်ရတဲ့ တခြား အစိုးရ ဌာနတွေလည်း ရှိပါသေးတယ်။

FBIက သယ်ထုတ်သွားတဲ့ သေတ္တာတွေထဲမှာ အမျိုးသား လုံခြုံရေးဆိုင်ရာ လျှို့ဝှက် သတင်းအချက်အလက်တွေလို့ စာတန်းကပ်ထားတာတွေပါ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ထရမ့်ရဲ့ ရှေ့နေ ခရစ္စတီးနား ဘော့ဘ်က FBIရဲ့ ဝင်ရောက် ရှာဖွေမှုအတွင်း စာရွက်စာတမ်းတချို့ သိမ်းဆည်းခံရကြောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီထဲမှာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ထရမ့် တကျော့ပြန် ယှဉ်ပြိုင်မယ့် လုပ်ငန်းစဉ်တွေအတွက် ရီပတ်ဘလစ်ကန် ပါတီရဲ့ လမ်းညွှန်ချက် မှတ်တမ်းတွေ ပါဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင် တချို့က ဒီလုပ်ရပ်ဟာ အစိုးရက တရားရေး ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချတာလို့ စွပ်စွဲ ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။