Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း
ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေက ဝင်ရောက် စီးနင်း ရှာဖွေခဲ့ကြောင်း သိရပါတယ်။

ထရမ့်က ဖလော်ရီဒါပြည်နယ်၊ ပမ်းလ်မ်ဘိချ်မှာ ရှိနေတဲ့ မာအေလာဂို စံအိမ်ကြီးကို FBI အေးဂျင့် အမြောက်အမြားက ဝင်ရောက် ရှာဖွေခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၈ ရက် ဖြစ်စဉ်ဟာ ထရမ့်ရဲ့ သမ္မတ သက်တမ်းတုန်းက တရားဝင် စာရွက်စာတမ်းတွေ ထိန်းသိမ်းထားမှုနဲ့ သက်ဆိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန် အတွက်တော့ အမှောင်လွှမ်းတဲ့ ကာလတွေကို ကြုံနေတာဖြစ်ကြောင်း၊ အမေရိကန် သမ္မတအဖြစ် တာဝန်ယူဖူးသူ တစ်ယောက်ယောက်မှာ ဒါမျိုးကြုံဖူးတယ်ဆိုတာ အရင်က လုံးဝ မရှိခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အခုလို စီးနင်းရှာဖွေမှုမျိုး လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး FBIကရော၊ အမေရိကန် တရားရေး ဌာနကပါ ဘာဖြေရှင်းချက်မှ မပေးသေးပါဘူး။ အမည်ဖော်မပြတဲ့ စုံထောက် တစ်ဦးကတော့ ဝရမ်း ခွင့်ပြုချက်ရပြီး မိနစ်ပိုင်း အတွင်းမှာပဲ FBI အေးဂျင့်တွေက စံအိမ်ကို ရောက်သွားခဲ့ကြတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

အမေရိကန် သမ္မတဟောင်းတွေဟာ သမ္မတမှတ်တမ်း အက်ဥပဒေအရ သူတို့ရဲ့ တရားဝင် စာရွက်စာတမ်းတွေ၊ အလုပ်ကိစ္စ မှတ်တမ်းတွေနဲ့ အီးမေးလ်တွေကို အမျိုးသား မော်ကွန်းဌာနဆီ လွှဲပြောင်းပေးရပါတယ်။ တရားဝင် မှတ်တမ်းမှတ်ရာတွေကို လက်လွှဲ ကိုင်တွယ်ရတဲ့ တခြား အစိုးရ ဌာနတွေလည်း ရှိပါသေးတယ်။

FBIက သယ်ထုတ်သွားတဲ့ သေတ္တာတွေထဲမှာ အမျိုးသား လုံခြုံရေးဆိုင်ရာ လျှို့ဝှက် သတင်းအချက်အလက်တွေလို့ စာတန်းကပ်ထားတာတွေပါ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ထရမ့်ရဲ့ ရှေ့နေ ခရစ္စတီးနား ဘော့ဘ်က FBIရဲ့ ဝင်ရောက် ရှာဖွေမှုအတွင်း စာရွက်စာတမ်းတချို့ သိမ်းဆည်းခံရကြောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီထဲမှာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ထရမ့် တကျော့ပြန် ယှဉ်ပြိုင်မယ့် လုပ်ငန်းစဉ်တွေအတွက် ရီပတ်ဘလစ်ကန် ပါတီရဲ့ လမ်းညွှန်ချက် မှတ်တမ်းတွေ ပါဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင် တချို့က ဒီလုပ်ရပ်ဟာ အစိုးရက တရားရေး ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချတာလို့ စွပ်စွဲ ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။