Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာတိတ်ဒေသဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ဖို့ အမေရိကန် စီစဉ်

ဒီအတောအတွင်း NATO မဟာမိတ် အဖွဲ့ အကြီးအကဲ ဂျန်စ်စတိုလ်တန်ဘက်ဂ်ဟာ ကနေဒါနဲ့ ဆက်စပ်နေတဲ့ အာတိတ် ဒေသကို သွားရောက် လည်ပတ်ခဲ့ရာမှာ ရုရှားရဲ့ ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေဟာ NATO အတွက် မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာတိတ် ဒေသဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ဖို့ အမေရိကန် စီစဉ်
အာတိတ် ဒေသဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ဖို့ အမေရိကန် စီစဉ်

အာတိတ် ဒေသဆိုင်ရာ သံအမတ်ကြီး တစ်ဦးကို ပထမဆုံးအကြိမ် ခန့်အပ် ထားရှိဖို့ အမေရိကန် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

အာတိတ်ရပ်ဝန်းမှာ ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန် မြှင့်တင်လာတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ဖို့အတွက် သံအမတ်ကြီး အသစ်တစ်ဦး ရွေးချယ် ခန့်အပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လောလောဆယ်မှာတော့ အဲဒီ သံအမတ်ကြီး နေရာအတွက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ အတည်မပြုသေးပါဘူး။ အာတိတ်ဒေသဆိုင်ရာ သံအမတ်ကြီး ခန့်အပ်မယ့် ကိစ္စဟာ မြောက်ဝင်ရိုးစွန်း ဒေသနဲ့ ပတ်သက်လို့ မူဝါဒသစ်တွေ ထဲထဲဝင်ဝင် ရေးဆွဲ ကျင့်သုံးဖို့ အမေရိကန်က ပြင်ဆင်နေကြောင်း မြင်သာလာစေပါတယ်။

အမေရိကန်ရဲ့ သံအမတ်ကြီး အသစ်ဟာ အာတိတ်ရပ်ဝန်းနဲ့ ဆက်စပ်နေတဲ့ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စ်လန်၊ နော်ဝေး၊ ဆွီဒင်၊ ရုရှား နိုင်ငံတွေအပြင် ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေ၊ တခြား ဆက်စပ်သူတွေနဲ့ပါ ထိတွေ့ ဆက်ဆံသွားမယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီဒန့်ပက်တဲလ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာတိတ်ဒေသရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဟာ အမေရိကန်အတွက် အရမ်းအရေးကြီးတဲ့ မဟာဗျူဟာ လိုအပ်ချက် တစ်ခုဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဦးစားပေး ရည်မှန်းချက် တစ်ခုလည်း ဖြစ်တယ်လို့ သူက ဆိုတယ်။ ဘလင်ကန်ဟာ မကြာခင်မှာ အမေရိကန်ရဲ့ ပထမဆုံး အာတိတ်ဒေသဆိုင်ရာ သံအမတ်ကြီး ဘယ်သူဆိုတာ ကြေညာဖွယ် ရှိနေပါတယ်။ အဲဒီ မတိုင်ခင်မှာတော့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရဦးမှာပါ။

ဒီအတောအတွင်း NATO မဟာမိတ် အဖွဲ့ အကြီးအကဲ ဂျန်စ်စတိုလ်တန်ဘက်ဂ်ဟာ ကနေဒါနဲ့ ဆက်စပ်နေတဲ့ အာတိတ် ဒေသကို သွားရောက် လည်ပတ်ခဲ့ရာမှာ ရုရှားရဲ့ ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေဟာ NATO အတွက် မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာတိတ်နဲ့ နီးနီးစပ်စပ် တည်ရှိတဲ့ အလာစကာ ပြည်နယ် ကိုယ်စားပြု အမေရိကန် အထက်လွှတ်တော်အမတ် လီဆာ မာကောစကီးက အာတိတ် သံအမတ်ကြီး ခန့်ထားမယ့် ကိစ္စကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ အရင်က အာတိတ်နဲ့ ဆက်စပ်ပြီး အမေရိကန်ရဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖြစ် ဂျင်မ်ဒီဟတ်ကို ခန့်ထားပြီး အခုတော့ သံအမတ် အသစ်က အစားထိုး တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ် ၂ စီး လေထဲတိုက်မိလို့ လူ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဆောင်းပါး

မြန်မာ့ ဒီမိုကရေစီအရေးအပေါ် ဥရောပရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်

သတင်း

စစ်တပ်က အမေရိကန်လော်ဘီကုမ္ပဏီကိုတစ်နှစ်ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းထားမှုမျိုးတားဆီးနိုင်ဖို့ ဥပ​ဒပြဌာန်းနိုင်ဖို့လို

နိုင်ငံတကာ

ပြည်တွင်းမှာ ဒုံးကျည်တွေ ပူးပေါင်းတည်ဆောက် ထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ ဂျပန်တို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။