Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာတိတ်ဒေသဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ဖို့ အမေရိကန် စီစဉ်

ဒီအတောအတွင်း NATO မဟာမိတ် အဖွဲ့ အကြီးအကဲ ဂျန်စ်စတိုလ်တန်ဘက်ဂ်ဟာ ကနေဒါနဲ့ ဆက်စပ်နေတဲ့ အာတိတ် ဒေသကို သွားရောက် လည်ပတ်ခဲ့ရာမှာ ရုရှားရဲ့ ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေဟာ NATO အတွက် မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာတိတ် ဒေသဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ဖို့ အမေရိကန် စီစဉ်
အာတိတ် ဒေသဆိုင်ရာ သံအမတ်ကြီးတစ်ဦး ခန့်အပ်ဖို့ အမေရိကန် စီစဉ်

အာတိတ် ဒေသဆိုင်ရာ သံအမတ်ကြီး တစ်ဦးကို ပထမဆုံးအကြိမ် ခန့်အပ် ထားရှိဖို့ အမေရိကန် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

အာတိတ်ရပ်ဝန်းမှာ ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန် မြှင့်တင်လာတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ဖို့အတွက် သံအမတ်ကြီး အသစ်တစ်ဦး ရွေးချယ် ခန့်အပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လောလောဆယ်မှာတော့ အဲဒီ သံအမတ်ကြီး နေရာအတွက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ အတည်မပြုသေးပါဘူး။ အာတိတ်ဒေသဆိုင်ရာ သံအမတ်ကြီး ခန့်အပ်မယ့် ကိစ္စဟာ မြောက်ဝင်ရိုးစွန်း ဒေသနဲ့ ပတ်သက်လို့ မူဝါဒသစ်တွေ ထဲထဲဝင်ဝင် ရေးဆွဲ ကျင့်သုံးဖို့ အမေရိကန်က ပြင်ဆင်နေကြောင်း မြင်သာလာစေပါတယ်။

အမေရိကန်ရဲ့ သံအမတ်ကြီး အသစ်ဟာ အာတိတ်ရပ်ဝန်းနဲ့ ဆက်စပ်နေတဲ့ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စ်လန်၊ နော်ဝေး၊ ဆွီဒင်၊ ရုရှား နိုင်ငံတွေအပြင် ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေ၊ တခြား ဆက်စပ်သူတွေနဲ့ပါ ထိတွေ့ ဆက်ဆံသွားမယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီဒန့်ပက်တဲလ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာတိတ်ဒေသရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဟာ အမေရိကန်အတွက် အရမ်းအရေးကြီးတဲ့ မဟာဗျူဟာ လိုအပ်ချက် တစ်ခုဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဦးစားပေး ရည်မှန်းချက် တစ်ခုလည်း ဖြစ်တယ်လို့ သူက ဆိုတယ်။ ဘလင်ကန်ဟာ မကြာခင်မှာ အမေရိကန်ရဲ့ ပထမဆုံး အာတိတ်ဒေသဆိုင်ရာ သံအမတ်ကြီး ဘယ်သူဆိုတာ ကြေညာဖွယ် ရှိနေပါတယ်။ အဲဒီ မတိုင်ခင်မှာတော့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရဦးမှာပါ။

ဒီအတောအတွင်း NATO မဟာမိတ် အဖွဲ့ အကြီးအကဲ ဂျန်စ်စတိုလ်တန်ဘက်ဂ်ဟာ ကနေဒါနဲ့ ဆက်စပ်နေတဲ့ အာတိတ် ဒေသကို သွားရောက် လည်ပတ်ခဲ့ရာမှာ ရုရှားရဲ့ ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေဟာ NATO အတွက် မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာတိတ်နဲ့ နီးနီးစပ်စပ် တည်ရှိတဲ့ အလာစကာ ပြည်နယ် ကိုယ်စားပြု အမေရိကန် အထက်လွှတ်တော်အမတ် လီဆာ မာကောစကီးက အာတိတ် သံအမတ်ကြီး ခန့်ထားမယ့် ကိစ္စကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ အရင်က အာတိတ်နဲ့ ဆက်စပ်ပြီး အမေရိကန်ရဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖြစ် ဂျင်မ်ဒီဟတ်ကို ခန့်ထားပြီး အခုတော့ သံအမတ် အသစ်က အစားထိုး တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook