Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လစ်ဗျားရဲ့ မြို့တော်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်ရာက လူ ၂၃ ဦးထက်မနည်း သေဆုံး

ဩဂုတ် ၂၇ ရက်ကစပြီး ထရီပိုလီ မြို့ထဲက နေရာတချို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေလည်း ကြားနေခဲ့ရပါတယ်။

လစ်ဗျားရဲ့ မြို့တော်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်ရာက လူ ၂၃ ဦးထက်မနည်း သေဆုံး
လစ်ဗျားရဲ့ မြို့တော်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်ရာက လူ ၂၃ ဦးထက်မနည်း သေဆုံး

လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီမှာ ပြိုင်ဘက် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့တွေချင်း အပြင်းအထန် စစ်ခင်း တိုက်ခိုက်မှုတွေကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးပြီး ၁၄၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၂၇ ရက်ကစပြီး ထရီပိုလီ မြို့ထဲက နေရာတချို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေလည်း ကြားနေခဲ့ရပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေအရ လူနေအိမ်တွေ အပါအဝင် အဆောက်အအုံတချို့ ပျက်စီးနေပြီး မီးလောင်နေတဲ့ ကားတွေကိုလည်း တွေ့ရပါတယ်။

၂၀၁၁ ခုနှစ်က အာဏာရှင် မိုအာမာ ကဒါဖီကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှုကြီးအပြီး လစ်ဗျားနိုင်ငံမှာ အပြန်အလှန် စစ်ခင်းနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမြောက်အမြား ထွက်ပေါ်လာပါတယ်။ ပြည်သူ့စစ် နာမည်ခံထားတဲ့ လက်နက်ကိုင် အင်အားစုတွေဟာ အချင်းချင်းလည်း ယှဉ်ပြိုင် တိုက်ခိုက်နေကြပြန်ပါတယ်။

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (GNU)ဟာ ပြည်သူ့စစ် အဖွဲ့အစည်းတွေ အားလုံးအပေါ် ဩဇာသက်ရောက် လွှမ်းမိုးနိုင်မှု မရှိသေးပါဘူး။ GNUရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ထားမှုအရ ဇာဝါရီ လမ်းမပေါ် ဖြတ်မောင်းသွားတဲ့ ယာဉ်တန်း တစ်ခုကို ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က ရမ်းသမ်း ပစ်ခတ်ရာက အခုလို တိုက်ပွဲတွေ စတင်လာတာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လစ်ဗျားမှာ လောလောဆယ် ပြိုင်ဘက် အစိုးရ အဖွဲ့အစည်း နှစ်ခုရှိနေပြီး နိုင်ငံ အနောက်ပိုင်းက ထရီပိုလီ မြို့တော်မှာ ယာယီ ဝန်ကြီးချုပ် အက်ဘ်ဒူလ်ဟာမစ်ဒ် ဘီဘားဦးဆောင်တဲ့ GNU အစိုးရ အခြေစိုက်ပါတယ်။ နိုင်ငံ အရှေ့ခြမ်းက တော့ဘရွတ်ခ်မြို့မှာရှိတဲ့ လွှတ်တော် အဆောက်အအုံမှာတော့ ဝန်ကြီးချုပ် ဖာသီ ဘာရှာဂါး ဦးဆောင်တဲ့ စင်ပြိုင် အစိုးရက ရုံးထိုင်နေပါတယ်။

ဘာရှာဂါးက GNUဟာ တရားမဝင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံရေးမှာ မပါသင့်ကြောင်း ဝေဖန် စွပ်စွဲခဲ့ပြီး ထရီပိုလီ မြို့တော်ထဲထိ သူ့ရဲ့ စစ်တပ်တွေ ထိုးဖောက်ဝင်ရောက် သိမ်းပိုက်ဖို့ အားထုတ်ခဲ့ဖူးပါတယ်။ GNUကတော့ အစိုးရ အဖွဲ့တစ်ခု အာဏာလွှဲပြောင်း ယူတာဟာ ရွေးကောက်ပွဲ နည်းလမ်းတွေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သင့်ပြီး စစ်အင်အားသုံး တိုက်ခိုက်တာမျိုးက လက်မခံသင့်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ထရီပိုလီမြို့တော်က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရစ်ချတ်ဒ် နော်လန်းကတော့ ထရီပိုလီမှာ လောလောဆယ် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ကြဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ လစ်ဗျား ကိုယ်စားလှယ် ရုံးကလည်း ထရီပိုလီမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေအတွက် အလေးအနက် စိုးရိမ်ကြောင်းနဲ့ လူနေထူထပ်ရာ ဧရိယာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဆေးရုံတွေ အပါအဝင် အရပ်ဖက် အဆောက်အအုံတွေ ဆုံးရှုံးတာ၊ အရပ်သား ပြည်သူတွေ သေကြေနေတာတွေကို ရှုတ်ချကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။