Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လစ်ဗျားမှာ ဆန္ဒပြသူတွေက လွှတ်တော်ကို စီးနင်းခဲ့တဲ့ကိစ္စ ကုလသမဂ္ဂ ရှုတ်ချ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးထားတဲ့ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားခြင်းက မြေထဲပင်လယ် ဒေသတွင်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ကူညီ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာ အသိုက်အဝန်းအတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာပါတယ်။

လစ်ဗျားမှာ ဆန္ဒပြသူတွေက လွှတ်တော်ကို စီးနင်းခဲ့တဲ့ကိစ္စ ကုလသမဂ္ဂ ရှုတ်ချ
လစ်ဗျားမှာ ဆန္ဒပြသူတွေက လွှတ်တော်ကို စီးနင်းခဲ့တဲ့ကိစ္စ ကုလသမဂ္ဂ ရှုတ်ချ

ဆန္ဒပြသူတွေက လစ်ဗျား လွှတ်တော် အဆောက်အအုံထဲ ဝင်ရောက် စီးနင်းခဲ့တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂက ရှုတ်ချသွားခဲ့ပါတယ်။

လစ်ဗျားမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် အစိုးရအပေါ် မကျေမနပ် အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁ ရက်ကတော့ မြို့တော် ထရီပိုလီ အပါအဝင် မြို့ကြီးတချို့မှာ အခြေအနေတွေ အတော်လေး ဆိုးရွားသွားခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ နိုင်ငံအနှံ့က အစိုးရ အဆောက်အအုံတွေထဲ အတင်းအကျပ် ဝင်ရောက် သောင်းကျန်းခဲ့ပြီး နိုင်ငံ အရှေ့ပိုင်းက တိုဘရက်ခ်မြို့ရဲ့ လွှတ်တော်ကိုလည်း တိုက်ခိုက် စီးနင်းခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လစ်ဗျားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စတက်ဖနီ ဝီလျံစ်က ဒီမိုကရေစီအရ ဆန္ဒပြကြတယ် ဆိုတာဟာ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်မှုတွေ ရောစပ်ခွင့် မရှိဘူးလို့ ပြောပါတယ်။ ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ် ဆိုတာမျိုးကို လေးလေးစားစား ကာကွယ်ပေးရမှာ ဖြစ်ပေမယ့် ဖျက်လိုဖျက်ဆီး ဆူပူ သောင်းကျန်းကြတာမျိုး၊ ဥပမာ အနေနဲ့ လွှတ်တော် အဆောက်အအုံထဲ ဝင်စီးနင်းတာမျိုးတွေက လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ သူက ဝေဖန်ခဲ့ပါတယ်။

လစ်ဗျားမှာ လက်ရှိ အခြေအနေတွေကို အမြန်ဆုံး ပြန်တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အရမ်းအရေးကြီးကြောင်း၊ ပြဿနာတွေ ဆိုးသထက် ဆိုးမလာအောင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ဆောင်ရွက်ဖို့လိုကြောင်း ဝီလျံစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရီပိုလီ မြို့တော်က ဥပဒေပြု အဖွဲ့နဲ့ လွှတ်တော် ခေါင်းဆောင်တွေကြား နောက်တစ်ကြိမ် ဆွေးနွေးမှုတွေ အဆင်မပြေခဲ့တဲ့နောက် နိုင်ငံရေး ကဏ္ဍ တိုးတက်မှု အားနည်းနေတာကို စိတ်ပျက်လာတဲ့ ပြည်သူတွေက ဆန္ဒပြကြတာ ဖြစ်ပါတယ်။ လစ်ဗျားဟာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဥပဒေကိစ္စ အငြင်းပွားမှုတွေ အပါအဝင် အရှုပ်အထွေးမျိုးစုံကြောင့် အထမမြောက်နိုင်သေးပါဘူး။ ဒါ့အပြင် ပြည်တွင်းက လက်နက်ကိုင် အင်အားစုတွေနဲ့ နိုင်ငံခြား တပ်ဖွဲ့တွေကလည်း ရွေးကောက်ပွဲအပေါ် လွှမ်းမိုး သက်ရောက်မှုတွေ အနည်းနဲ့အများ ရှိနေပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးထားတဲ့ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားခြင်းက မြေထဲပင်လယ် ဒေသတွင်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ကူညီ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာ အသိုက်အဝန်းအတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာပါတယ်။

ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ယာယီ ဝန်ကြီးချုပ် အက်ဘ်ဒူဟာမစ် ဒီဘီဘာက ထရီပိုလီ အခြေစိုက် အစိုးရအဖွဲ့ကို ဦးဆောင်ပြီး ပြိုင်ဘက် အင်အားစုကိုတော့ စစ်ခေါင်းဆောင် ခါလီဖာဟက်ဖ်တာနဲ့ တိုဘရက်ခ် အခြေစိုက် လွှတ်တော် ကိုယ်စားလှယ်တွေ ထောက်ခံတဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ဖာသီ ဘာရှက်ဂ်ဟာက ဦးဆောင်ခဲ့ပါတယ်။

ဆွေးနွေးမှုတွေ ကြာရှည်လာပေမယ့် နိုင်ငံရေး အခြေအနေတွေ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခြင်းကြောင့် စီးပွားရေးပါ ကျပ်တည်းလာခြင်းက လစ်ဗျား ပြည်သူတွေရဲ့ ဒေါသကို မီးစာဖြည့်ပေးလိုက်ပါတယ်။ လစ်ဗျားရဲ့ အဓိက နိုင်ငံခြား ဝင်ငွေ ရင်းမြစ်တစ်ခုဖြစ်တဲ့ စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍကလည်း နိုင်ငံရေး ပြဿနာတွေကြောင့် ဘက်ပေါင်းစုံ ကျဆင်းမှုတွေ ကြုံနေရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။