Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံပိုင်နက်ပေါ်က ဖြတ်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဂျပန်ဝေဖန်

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးတွေနဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့် ပိတ်ပင်ထားပေမယ့် မြောက်ကိုရီးယားကတော့ နာခံမှု မရှိပါဘူး။ အခုသီတင်းပတ်ထဲမှာတင် မြောက်ကိုရီးယားဟာ ဒုံးကျည် ၅ စင်းထိ ပစ်ခတ်ခဲ့ပြီးပါပြီ။

နိုင်ငံပိုင်နက်ပေါ်က ဖြတ်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဂျပန်ဝေဖန်
နိုင်ငံပိုင်နက်ပေါ်က ဖြတ်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဂျပန်ဝေဖန်

နိုင်ငံပိုင်နက်ကို ကျော်ပြီး မြောက်ကိုရီးယားက ဒုံးကျည် ပစ်ခတ်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အောက်တိုဘာ ၄ ရက် မနက်အစောပိုင်းက မြောက်ကိုရီးယား အရှေ့ဖက် ကမ်းခြေနားကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အရာဟာ ဂျပန်နိုင်ငံ မြောက်ပိုင်း လေပိုင်နက်ကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ဒုံးကျည် ပျံသန်းနေချိန် အတောအတွင်း ဂျပန်အစိုးရဟာ ဟော့ကိုင်းဒိုး ကျွန်းက ဒေသခံတွေကို အဆောက်အအုံတွေနဲ့ မြေအောက် ဧရိယာတွေမှာ ယာယီ ခိုအောင်းနေဖို့ ဆော်ဩ သတိပေးခဲ့ရပါတယ်။ ပြီးတော့ ဒေသတွင်း ပြေးဆွဲနေတဲ့ ရထား ခရီးစဉ် တချို့ကိုပါ ဆိုင်းငံ့ထားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးကျည်ဟာ ဂျပန် ပိုင်နက်ကို ကျော်လွန်သွားတဲ့နောက် ကီလိုမီတာ ၆၀၀၀ လောက် ခရီးပေါက်ပြီးချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တာလို့ ယုံကြည်ရပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးတွေနဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့် ပိတ်ပင်ထားပေမယ့် မြောက်ကိုရီးယားကတော့ နာခံမှု မရှိပါဘူး။ အခုသီတင်းပတ်ထဲမှာတင် မြောက်ကိုရီးယားဟာ ဒုံးကျည် ၅ စင်းထိ ပစ်ခတ်ခဲ့ပြီးပါပြီ။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြောက်ကိုရီးယားရဲ့ အပြုအမူအပေါ် အပြင်းအထန် ဝေဖန် ကန့်ကွက်ခဲ့ပြီး မြောက်ကိုရီးယားဟာ ကျူးကျော်ရန်ပြုမှု သဘောထားဆန်တဲ့ လုပ်ရပ်မျိုး ကျူးလွန်ခဲ့တာလို့ စွပ်စွဲသွားပါတယ်။ ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေးဖို့လည်း ကီရှီဒါက တောင်းဆိုသွားပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည် စတင်လွှတ်တင်ချိန် ကတည်းက ဂျပန်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရည်ရွယ်ဟန် မရှိပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ လေပိုင်နက်ကို ကျော်ပြီး ပဲ့ထိန်းဒုံး လွှတ်တင်တာဟာ နှစ်ဖက် ဆက်ဆံရေး ပိုမို ဆိုးရွားလာအောင် စိတ်လိုလက်ရ လုပ်ဆောင်မှုလို့ ယူဆနိုင်ပါတယ်။ နိုင်ငံတစ်ခုက ဒုံးကျည် စမ်းသပ်လို့ တခြားနိုင်ငံ တစ်ခုခုရဲ့ လေပိုင်နက်ကို ဖြတ်သန်းရမယ်ဆိုရင် ကြိုတင် သတိပေးတာ၊ ဒါမှမဟုတ် ခွင့်ပြုချက် တောင်းခံတာမျိုး ပြုလုပ်လေ့ ရှိပါတယ်။ နိုင်ငံ အများစုကတော့ အငြင်းပွားစရာတွေ ဖြစ်လာနိုင်တာကြောင့် ဒီကိစ္စမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားတတ်ကြပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားက စမ်းသပ်တဲ့ ဒုံးကျည် အများစုဟာ ကမ္ဘာ့လေထု အစွန်းဖက်ထိ မြင့်မြင့်မားမား တက်ရောက်ပြီးမှ ခရီးဆက် ပျံသန်းလေ့ ရှိတာကြောင့် ဒေသတွင်း လေကြောင်းခရီးစဉ်တွေကိုတော့ ထိခိုက် သက်ရောက်မှု မရှိတတ်ပါဘူး။ မြောက်ကိုရီးယားဟာ အခုနှစ်ကုန်ပိုင်းမှာ နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု တစ်ခု ထပ်မံပြုလုပ်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း အစဉ်တစိုက် ထွက်ပေါ်နေပါတယ်။