Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကနေ ခရိုင်းမီးယားကို သွယ်တန်းထားတဲ့ တံတားပေါ်မှာ ပေါက်ကွဲမီးလောင်မှုဖြစ်

တံတားပေါ်က ပေါက်ကွဲမှုဟာ ယူကရိန်းရဲ့လက်ချက် ဟုတ်မဟုတ် ဆိုတာကို လောလောဆယ် အတပ်မပြောနိုင်သေးပေမယ့် အဲဒီတံတားဟာ ယူကရိန်း စစ်တပ်ရဲ့ မဟာဗျူဟာ ပစ်မှတ်တစ်ခုအဖြစ် ကာလရှည်ကြာ သတ်မှတ် ခံထားရပါတယ်။

ရုရှားကနေ ခရိုင်းမီးယားကို သွယ်တန်းထားတဲ့ တံတားပေါ်မှာ ပေါက်ကွဲမီးလောင်မှုဖြစ်
ရုရှားကနေ ခရိုင်းမီးယားကို သွယ်တန်းထားတဲ့ တံတားပေါ်မှာ ပေါက်ကွဲမီးလောင်မှုဖြစ်

ရုရှား ကမ်းရိုးတန်းနဲ့ ခရိုင်းမီးယား ကျွန်းဆွယ်တို့ကြား ဆက်သွယ် ဖောက်လုပ်ထားတဲ့ တစ်ခုတည်းသော တံတားပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အပြင်းအထန် မီးလောင်ကျွမ်းခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် မနက်ပိုင်းက စတင်လောင်ကျွမ်းတဲ့မီးဟာ တံတားပေါ်က လောင်စာတင် ရထားတွဲတွေဆီ ကူးစက်သွားတာကြောင့် အရှိန်ပိုကောင်းလာပြီး မွန်းလွဲပိုင်းထိ မငြိမ်းသေးပါဘူး။ လတ်တလောမှာတော့ တံတားကို ယာယီ ပိတ်ထားပြီး မီးငြှိမ်းသတ်ဖို့ အားထည့် လုပ်ဆောင်နေရကြောင်း ရုရှား အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

ခရိုင်းမီးယားဟာ ယူကရိန်းပိုင်နက် နယ်မြေ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားတပ်တွေက ဝင်ရောက် သိမ်းပိုက်ထားခဲ့ပါတယ်။ နောက်ထပ် ၄ နှစ် အကြာမှာ ၁၂ မိုင် ရှည်လျားတဲ့ တံတားသစ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မစ်ခိုင်လို ပိုဒိုလ်ယက်ခ်က တံတားမီးလောင်မှုဟာ အစပဲ ရှိသေးတယ်လို့ ပြောကြားသွားပေမယ့် ယူကရိန်း လက်ချက်လို့တော့ အတည်မပြုခဲ့ပါဘူး။ တံတားရဲ့ တည်နေရာဟာ ယူကရိန်း တပ်တွေ ထိန်းချုပ်ထားရာ နယ်မြေတွေနဲ့ မိုင် ၁၀၀ လောက် ဝေးကွာသလို ဒုံးကျည် ထိမှန်တာမျိုးကြောင့် ပေါက်ကွဲတာလည်း မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ တံတားရဲ့ အောက်ပိုင်းကနေ ချိန်သားကိုက် ဖျက်ဆီးတဲ့ ဖောက်ခွဲရေး လုပ်ငန်းစဉ် တစ်ခုကြောင့်ဆိုရင် ဒီလိုမျိုး ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ ဖောက်ခွဲရေး ပညာရှင်တွေက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက် အရတော့ တံတားပေါ်က ထရပ်ကား တစ်စီးမှာ ထပေါက်ကွဲရာက အနားမှာရှိတဲ့ လောင်စာဆီတင် ရထားတွဲ ၇ ခုဆီ မီးကူးစက်သွားတာလို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ မတော်တဆ ဖြစ်တာလား၊ တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့်လား ဆိုတာကို ရုရှားက ရှင်းရှင်းလင်းလင်း မပြောပါဘူး။

မီးမငြိမ်းသေးတဲ့ အချိန်မှာတောင် တံတားရဲ့ ကားလမ်း အပိုင်းနှစ်ခုက ပြိုကျနေပြီလို့လည်း မျက်မြင်တွေက ဆိုပါတယ်။ ယူကရိန်း အစိုးရရဲ့ တရားဝင် Twitter အကောင့်ကတော့ ခရိုင်းမီးယားက တံတား မီးလောင်မှုကို စိတ်မချမ်းသာစရာ လောင်ကျွမ်းမှုလို့ အဓိပ္ပါယ် နှစ်ခွနဲ့ ရည်ညွှန်း သုံးစွဲထားပါတယ်။

ရုရှားက ဖွဲ့စည်းပေးထားတဲ့ ခရိုင်းမီးယားရဲ့ လွှတ်တော် ဥက္ကဋ္ဌ ဗလာဒီမာ ကွန်တန်တီနော့ဗ်ကတော့ တံတားမီးလောင်မှုဟာ ယူကရိန်း အဖျက်သမားတွေရဲ့ လုပ်ရပ်ကြောင့်လို့ စွပ်စွဲခဲ့ပြီး ပျက်စီးမှုတွေကို လျင်လျင်မြန်မြန် ပြန်လည် မွမ်းမံ ပြုပြင်နိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။

တံတားပေါ်က ပေါက်ကွဲမှုဟာ ယူကရိန်းရဲ့လက်ချက် ဟုတ်မဟုတ် ဆိုတာကို လောလောဆယ် အတပ်မပြောနိုင်သေးပေမယ့် အဲဒီတံတားဟာ ယူကရိန်း စစ်တပ်ရဲ့ မဟာဗျူဟာ ပစ်မှတ်တစ်ခုအဖြစ် ကာလရှည်ကြာ သတ်မှတ် ခံထားရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။