Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကုန်ကြမ်း ရောပါနေလို့ ဆိုင်းငံ့ထားတဲ့ F-35 တိုက်လေယာဉ် မှာယူမှုတွေ ပင်တဂွန် ပြန်ခွင့်ပြု

ဒီလို အရောအနှော ကိစ္စကြောင့် F-35တွေရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေး ကဏ္ဍကိုတော့ ဘယ်လို ထိခိုက် သက်ရောက်မှုမှ မရှိစေဘူးလို့ ပင်တဂွန်က အတည်ပြုပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ စစ်လက်နက် ဝယ်ယူရေး အက်ဥပဒေတွေအရ ရန်လိုတဲ့ နိုင်ငံတွေဆီက ကုန်ကြမ်းတွေကို အသုံးပြုခွင့် မရှိတာကြောင့် အရေးတကြီး တုံ့ပြန် လုပ်ဆောင်ခဲ့တာပါ။

တရုတ်ကုန်ကြမ်း ရောပါနေလို့ ဆိုင်းငံ့ထားတဲ့ F-35 တိုက်လေယာဉ် မှာယူမှုတွေ ပင်တဂွန် ပြန်ခွင့်ပြု
တရုတ်ကုန်ကြမ်း ရောပါနေလို့ ဆိုင်းငံ့ထားတဲ့ F-35 တိုက်လေယာဉ် မှာယူမှုတွေ ပင်တဂွန် ပြန်ခွင့်ပြု

တရုတ်ရဲ့ကုန်ကြမ်း ရောနှော ပါဝင်နေမှုကြောင့် ရပ်ဆိုင်းထားတဲ့ F-35 ဂျက်တိုက်လေယာဉ်တွေ မှာယူမှုကို ပြန်လည် ခွင့်ပြုသွားမယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ပင်တဂွန်ဟာ ပဉ္စမမျိုးဆက် အဆင့်မြင့် F-35 တိုက်လေယာဉ်တွေ မှာယူမှုကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Lockheed Martin ကုမ္ပဏီက တပ်ဆင် တည်ဆောက်တဲ့ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေမှာ တရုတ်ကနေ မှာယူထားတဲ့ ကုန်ကြမ်း အစိတ်အပိုင်းတချို့ ရောနှော ပါဝင်နေတာကြောင့် ဒီကိစ္စကို အကျေအလည် မဖြေရှင်းခင် အမှာစာ ရပ်တန့်ထားတာလို့ ပင်တဂွန်က ပြောပါတယ်။

အခုတော့ Lockheed Martinက အဲဒီသတ္တုစပ်ကို တခြားနိုင်ငံတစ်ခုကနေ အစားထိုး မှာယူနိုင်ပြီ ဖြစ်တာကြောင့် လေယာဉ်တွေ ဝယ်ယူမယ့် ကိစ္စကို ပင်တဂွန်က ပြန်ခွင့်ပြုပေးခဲ့တာပါ။ တိုက်လေယာဉ်တွေရဲ့ အင်ဂျင်မှာ အသုံးပြုထားတဲ့ သံလိုက်တစ်မျိုးမှာ ပါဝင်ဖွဲ့စည်းထားတဲ့ သတ္တုစပ်မှာ တရုတ်ကနေ တရားမဝင် တင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်း ရောနှော ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိတဲ့နောက် ပင်တဂွန်က F-35 အမှာစာတွေကို ဆိုင်းငံ့စေခဲ့တာပါ။

ဒီလို အရောအနှော ကိစ္စကြောင့် F-35တွေရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေး ကဏ္ဍကိုတော့ ဘယ်လို ထိခိုက် သက်ရောက်မှုမှ မရှိစေဘူးလို့ ပင်တဂွန်က အတည်ပြုပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ စစ်လက်နက် ဝယ်ယူရေး အက်ဥပဒေတွေအရ ရန်လိုတဲ့ နိုင်ငံတွေဆီက ကုန်ကြမ်းတွေကို အသုံးပြုခွင့် မရှိတာကြောင့် အရေးတကြီး တုံ့ပြန် လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပင်တဂွန်ရဲ့ စစ်လက်နက် ဝယ်ယူရေး အကြီးအကဲ ဝီလျံ လာပလန်တေက F-35 အင်ဂျင်တွေရဲ့ ချောဆီပို့လွှတ်ရာ ပိုက်တွေမှာ တရုတ်ကုန်ကြမ်း သတ္တုတစ်မျိုး ရောပါနေတာလို့ ပြောပါတယ်။ F-35တွေဟာ အမေရိကန်ရဲ့ အရေးအကြီးဆုံး စစ်လက်နက် စာရင်းမှာ ပါဝင်နေတာကြောင့် တရုတ်ကုန်ကြမ်း ရောနှောနေတာမျိုး လုံးဝ လက်ခံလို့ မရကြောင်း သူက ပြောပါတယ်။ အရင်က ထုတ်လုပ်ခဲ့ဖူးတဲ့ F-35တွေမှာ ဒီကိစ္စကြောင့် ဘယ်လို ထိခိုက်မှုတွေ၊ ပြဿနာတွေမှ မရှိနိုင်ဘူးလို့တော့ ပင်တဂွန်က အတည်ပြုထားပါတယ်။

F-35တွေဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ တချို့အတွက်ပဲ ထုတ်လုပ်ထားပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး၊ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရပါတယ်။ F-35တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် မြင့်မြင့်မားမား ပါဝင်ပြီး ရန်သူလေယာဉ်တွေကို အရမ်းဝေးကွာတဲ့ နေရာကနေ ထောက်လှမ်း ချေမှုန်းနိုင်တာမျိုး အပါအဝင် အားသာချက် ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေ ဖြည့်တင်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား ရန်လိုတိုက်ခိုက်နေမှုတွေကိုအရှေ့တောင်အာရှ ၊ တရုတ်၊ရုရှား နဲ့ အမေရိကန် သံအရာရှိတွေပူးပေါင်းပြီးရှုတ်ချသွားမယ်လို့သိရပါတယ်။

သတင်း

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တရုတ်ရေတပ်ရဲ့ ဩဇာချဲ့ထွင်မှုကို တန်ပြန်တဲ့ အနေနဲ့ အသုံးပြုပြီးသား ဖျက်သင်္ဘောတွေကို ဖိလစ်ပိုင်ဆီ လွှဲအပ်ပေးသွားဖို့ ဂျပန်က စီစဉ်နေပါတယ်။

သတင်း

ကရင်နီပြည် ၊ဖား​ဆောင်းမြို့တိုက်ပွဲမှာ ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီရဲ့ FTC 2000 G တိုက်​လေယာဥ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ကအတည်ပြုထုတ်ပြန်တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချတဲ့တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးရှိလာပြီဖြစ်ပါတယ်။