Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ကာကွယ်ပြောဆို

မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေကို ထိခိုက်နိုင်တယ်လို့ ဝေဖန် စွပ်စွဲနေခြင်းက အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ နောက်ကွယ်က ပုံကြီးချဲ့ သွေးထိုးမှုသာ ဖြစ်တယ်လို့လည်း KCNAက တုံ့ပြန်ပါတယ်။

ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ကာကွယ်ပြောဆို
ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ကာကွယ်ပြောဆို

ပဲ့ထိန်း ဒုံးကျည်တွေ ဆက်တိုက် ပစ်ခတ်ပြနေတာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ရည်ရွယ်ချက် မှန်မှန်နဲ့ လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းခြေကို ဒုံးကျည် ၆ စင်းလောက် ပစ်ခတ်ပြခဲ့သလို အဲဒီထဲက ၁ စင်းဟာ ဂျပန်လေပိုင်နက်ပေါ်က ကျော်လွှား ပျံသန်းသွားခဲ့ပါတယ်။ ရန်လိုတဲ့ သဘောဆောင်တဲ့ ဒုံးကျည် စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဝေဖန်မှုတွေ မြင့်တက်လာချိန်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာကတော့ ဒီလုပ်ရပ်တွေအပေါ် ကာကွယ်သွားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေက အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတဲ့ ထောက်ပြမှုတွေနဲ့ ပတ်သက်ပြီး KCNA သတင်းဌာနက မြောက်ကိုရီးယား အနေနဲ့ ဒုံးကျည်တွေ စမ်းသပ်ရတယ် ဆိုတာဟာ အရပ်ဖက် လေကြောင်းလိုင်းတွေကို ထိခိုက်စေဖို့၊ ဒေသတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် လုံးဝ မပါကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီလို ဒုံးကျည် ပစ်ခတ်မှုတွေဟာ ပုံမှန် လုပ်ရိုးလုပ်စဉ်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အစီအမံ တစ်ခုလို့သာ သတ်မှတ်နိုင်ကြောင်း၊ အမေရိကန်က ဒေသတွင်း ငြိမ်းချမ်းရေးကို ရာစုနှစ်ဝက် ကာလလောက် အစဉ်တစိုက် ခြိမ်းခြောက်နေတဲ့အပေါ် မြောက်ကိုရီးယားက ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင် ကာကွယ်ဖို့သာ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယား လေကြောင်း ကာကွယ်ရေး အရာရှိတွေရဲ့ အဆိုကို ကိုးကားပြီး KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေကို ထိခိုက်နိုင်တယ်လို့ ဝေဖန် စွပ်စွဲနေခြင်းက အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ နောက်ကွယ်က ပုံကြီးချဲ့ သွေးထိုးမှုသာ ဖြစ်တယ်လို့လည်း KCNAက တုံ့ပြန်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မြောက်ကိုရီးယားကို နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုအဖြစ် အခုနှစ်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယား အနေနဲ့ ဒီနှစ်ထဲမှာ၊ အစောဆုံး အနေနဲ့ အခုလလယ်လောက်မှာ နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ခု နောက်တစ်ကြိမ် လုပ်ဆောင်လာနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။