Connect with us

Hi, what are you looking for?

ဗီဒီယို

နယ်စပ်နားထိ မြောက်ကိုရီးယား စစ်လေယာဉ်တွေ ရောက်လာလို့ တောင်ကိုရီးယား တိုက်လေယာဉ်တွေ ပျံတက်ခဲ့ရ

နောက်ပိုင်းမှာတော့ မြောက်ကိုရီးယား လေယာဉ်တွေဟာ သရုပ်တူ ဗုံးကြဲလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ပြီး လှည့်ပြန်သွားခဲ့ကြပါတယ်။ တောင်ကိုရီးယား လေတပ်ကတော့ နောက်ထပ် နာရီပိုင်းလောက်ထိ အသင့်အနေအထား တပ်လှန့်ပြီး အခြေအနေကို ဆက်စောင့်ကြည့်ခဲ့ပါတယ်။

နယ်စပ်နားထိ ချဉ်းကပ် ပျံသန်းလာတဲ့ မြောက်ကိုရီးယား စစ်လေယာဉ်တွေကြောင့် လိုအပ်တဲ့ အရေးပေါ် တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား လေတပ်က အတည်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယား လေယာဉ် တစ်ဒါဇင်ဟာ အောက်တိုဘာ ၆ ရက် ညနေပိုင်းမှာ အုပ်စုဖွဲ့ပြီး ကိုရီးယား နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရာ လေပိုင်နက်နားထိ ရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယား စစ်တပ်ရဲ့ ရေဒါမှာ မြောက်ကိုရီးယား တိုက်လေယာဉ် ၈ စီးနဲ့ ဗုံးကြဲလေယာဉ် ၄ စီးကို ထောက်လှမ်းမိခဲ့တဲ့နောက် လေတပ်က တိုက်လေယာဉ် အစီး ၃၀ ကို ချက်ချင်း ပျံတက်စေပြီး စောင့်ကြည့်ခဲ့ပါတယ်။

မြောက်ကိုရီးယား လေယာဉ်တချို့ဟာ တောင်ကိုရီးယားက သတ်မှတ်ထားတဲ့ အထူး စောင့်ကြည့်ထောက်လှမ်းရေး ဇုန်ထဲထိ ရောက်ရှိခဲ့ပေမယ့် တောင်ကိုရီးယား လေပိုင်နက်ကိုတော့ မကျူးကျော်ခဲ့ပါဘူး။ တောင်ကိုရီးယားဟာ F-15Kတွေ အပါအဝင် တိုက်လေယာဉ် အစီး ၃၀ ကို စေလွှတ်ပြီး မြောက်ကိုရီးယား လေယာဉ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်စေခဲ့ပါတယ်။ နှစ်ဖက် လေယာဉ်တွေ ဘယ်လောက်ထိ နီးနီးကပ်ကပ် ရှိခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

နောက်ပိုင်းမှာတော့ မြောက်ကိုရီးယား လေယာဉ်တွေဟာ သရုပ်တူ ဗုံးကြဲလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ပြီး လှည့်ပြန်သွားခဲ့ကြပါတယ်။ တောင်ကိုရီးယား လေတပ်ကတော့ နောက်ထပ် နာရီပိုင်းလောက်ထိ အသင့်အနေအထား တပ်လှန့်ပြီး အခြေအနေကို ဆက်စောင့်ကြည့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဒုံးကျည် ခြောက်စင်းထိ ဆက်တိုက် ပစ်လွှတ်ပြခဲ့အပြီး အခုလို စစ်လေယာဉ်တွေ အုံလိုက်ကျင်းလိုက် နယ်စပ်နားထိ စေလွှတ်ခဲ့တာဟာ မြောက်ကိုရီးယားရဲ့ နောက်ထပ် ရန်စမှု တစ်ခုအဖြစ် တောင်ကိုရီးယားက စွပ်စွဲပါတယ်။ အခြေအနေတွေ တင်းမာနေချိန် အတောအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန် ရေတပ်တွေကလည်း ကိုရီးယား ကျွန်းဆွယ်နားမှာ အင်အားကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို စတင်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။