Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး
ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်ပြီး မြန်မာနိုင်ငံသား ရေယာဉ် အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ထိုင်ဝမ်ပိုင် ဝူကျူကျွန်းရဲ့ တောင်ဖက် ရေမိုင် ၂၅ မိုင်လောက် အကွာမှာ Kelsey 2 ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့ကြောင်း မိခင် ကုမ္ပဏီဖြစ်တဲ့ Wooshin Marineက ထုတ်ပြန်ပါတယ်။ သင်္ဘောဟာ ရေနံနဲ့ တခြား ဓာတုဗေဒပစ္စည်း တန်ချိန် ၇၅၀၀ လောက်ကို တင်ဆောင်ပြီး ဟောင်ကောင်ကနေ တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဆန်မြို့ကို ဦးတည် ခုတ်မောင်းနေရင်း နစ်မြုပ်သွားခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံက သင်္ဘောသားရေးရာ သတင်းအချက်အလက်တွေ ဖော်ပြနေတဲ့ Facebook စာမျက်နှာတွေရဲ့ အဆိုအရတော့ Kelsey 2 နစ်မြုပ်မှုမှာ သေဆုံးသူဟာ မြန်မာနိုင်ငံသား Chief Officer ကိုတင်မောင်ဦး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်လို့ ကုမ္ပဏီက စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ကနဦး သတင်း အချက်အလက်တွေအရ သင်္ဘောဟာ ပင်လယ်ပြင်မှာ ချွတ်ယွင်းမှုတစ်ခု ကြုံတွေ့ခဲ့တာကြောင့် အရှိန်လျှော့ မောင်းနှင်နေရာက အင်ဂျင်ခန်းထဲ ရေတွေဝင်လာပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။

Kelsey 2 သင်္ဘောကို ၂၀၀၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး တောင်ကိုရီးယား နိုင်ငံမှာ မှတ်ပုံတင်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။