Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး
ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်ပြီး မြန်မာနိုင်ငံသား ရေယာဉ် အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ထိုင်ဝမ်ပိုင် ဝူကျူကျွန်းရဲ့ တောင်ဖက် ရေမိုင် ၂၅ မိုင်လောက် အကွာမှာ Kelsey 2 ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့ကြောင်း မိခင် ကုမ္ပဏီဖြစ်တဲ့ Wooshin Marineက ထုတ်ပြန်ပါတယ်။ သင်္ဘောဟာ ရေနံနဲ့ တခြား ဓာတုဗေဒပစ္စည်း တန်ချိန် ၇၅၀၀ လောက်ကို တင်ဆောင်ပြီး ဟောင်ကောင်ကနေ တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဆန်မြို့ကို ဦးတည် ခုတ်မောင်းနေရင်း နစ်မြုပ်သွားခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံက သင်္ဘောသားရေးရာ သတင်းအချက်အလက်တွေ ဖော်ပြနေတဲ့ Facebook စာမျက်နှာတွေရဲ့ အဆိုအရတော့ Kelsey 2 နစ်မြုပ်မှုမှာ သေဆုံးသူဟာ မြန်မာနိုင်ငံသား Chief Officer ကိုတင်မောင်ဦး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်လို့ ကုမ္ပဏီက စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ကနဦး သတင်း အချက်အလက်တွေအရ သင်္ဘောဟာ ပင်လယ်ပြင်မှာ ချွတ်ယွင်းမှုတစ်ခု ကြုံတွေ့ခဲ့တာကြောင့် အရှိန်လျှော့ မောင်းနှင်နေရာက အင်ဂျင်ခန်းထဲ ရေတွေဝင်လာပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။

Kelsey 2 သင်္ဘောကို ၂၀၀၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး တောင်ကိုရီးယား နိုင်ငံမှာ မှတ်ပုံတင်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။