Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေး ၁၄၀ ကျော် ကျောက်ကပ်ပျက်ပြီး သေဆုံးတဲ့ကိစ္စ ဆေးကုမ္ပဏီတချို့ကို တရားစွဲဖို့ အင်ဒိုနီးရှား စီစဉ်

အခုဆိုရင် AKIကြောင့် သေဆုံးသူ ကလေးငယ် ၁၄၁ ဦးထိ အတည်ပြု တွေ့ရှိထားပြီး ကလေးတွေ သောက်ခဲ့တဲ့ ဆေးတွေထဲမှာ အထက်ပါ ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရရှိထားပါတယ်။

ကလေး ၁၄၀ ကျော် ကျောက်ကပ်ပျက်ပြီး သေဆုံးတဲ့ကိစ္စ ဆေးကုမ္ပဏီတချို့ကို တရားစွဲဖို့ အင်ဒိုနီးရှား စီစဉ်
ကလေး ၁၄၀ ကျော် ကျောက်ကပ်ပျက်ပြီး သေဆုံးတဲ့ကိစ္စ ဆေးကုမ္ပဏီတချို့ကို တရားစွဲဖို့ အင်ဒိုနီးရှား စီစဉ်

ကျောက်ကပ်ပျက်စီးလို့ ကလေးငယ် ၁၄၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဒီကိစ္စအတွက် တာဝန်ရှိတဲ့ ဆေးကုမ္ပဏီတွေကို ဖော်ထုတ် တရားစွဲဆိုဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက စီစဉ်နေပါတယ်။

အင်ဒိုနီးရှားမှာ ဒီနှစ်အတွင်း ၅ နှစ်အောက် အရွယ်တွေ အများစု အပါအဝင် ကလေး ၁၄၁ ဦးထက် မနည်းဟာ ပြင်းထန် ကျောက်ကပ်ပျက်စီးမှု အခြေအနေ (AKI)ကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီလို ကလေးတွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်းဟာ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ သောက်ဆေး အမျိုးအစား တချို့မှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ရောနှောနေတာကြောင့်လို့ တာဝန်ရှိသူတွေက ယူဆနေပါတယ်။

အခုအခါ အင်ဒိုနီးရှား အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန (BPOM)က ပြည်တွင်းမှာ သောက်ဆေးအရည် ရောင်းချမှုတွေကို ယာယီ ပိတ်ပင်ထားပြီး မှတ်ပုံမတင်ဘဲ စျေးကွက်ဖြန့်နေတဲ့ ဆေးဝါးတွေကို ဓာတ်ခွဲ စစ်ဆေးနေပါတယ်။ ကနဦး တွေ့ရှိချက်တွေအရ ဒိုင်အီသိုင်လင်း ဂလိုင်ကောနဲ့ အီသိုင်လင်း ဂလိုင်ကော ဓာတ်ပစ္စည်းတွေ ရောပါနေတဲ့ သောက်ဆေးရည်တွေကြောင့် ကလေးတွေ ကျောက်ကပ် ပျက်စီးခဲ့တာလို့ ယူဆကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုဆိုရင် AKIကြောင့် သေဆုံးသူ ကလေးငယ် ၁၄၁ ဦးထိ အတည်ပြု တွေ့ရှိထားပြီး ကလေးတွေ သောက်ခဲ့တဲ့ ဆေးတွေထဲမှာ အထက်ပါ ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆေးကုမ္ပဏီ နှစ်ခုကို တရားစွဲဆိုဖို့ အစိုးရ ရှေ့နေတွေက ဆွေးနွေး ပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပေမယ့် ကုမ္ပဏီ နှစ်ခုရဲ့ နာမည်တွေကိုတော့ မထုတ်ပြန်ပါဘူး။ BPOMရဲ့ အကြီးအကဲ ပန်နီ ကေ လူကီတိုက ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဌာနကလည်း ပူးပေါင်း ကူညီသွားမယ်လို့ ပြောပါတယ်။ လောလောဆယ် သေချာတာ တစ်ခုက ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ သောက်ဆေးရည် တချို့မှာ မပါဝင်သင့်တဲ့၊ အဆိပ်အတောက် ဖြစ်နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ရောနှောနေခဲ့တာ ဖြစ်တယ်လို့ ပန်နီက ဆိုပါတယ်။

အာဖရိကတိုက်က ဂမ်ဘီယာ နိုင်ငံမှာလည်း အလားတူ အကြောင်းရင်းကြောင့်ပဲ ကလေးငယ် ၇၀ လောက် ကျောက်ကပ်ထိခိုက် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ကြေညာဖူးပါတယ်။ ဂမ်ဘီယာက ဖြစ်စဉ်မှာတော့ အိန္ဒိယ ကုမ္ပဏီ တစ်ခုက တင်ပို့တဲ့ ဆေး ၄ မျိုးမှာ ဒိုင်အီသိုင်လင်း ဂလိုင်ကောနဲ့ အီသိုင်လင်း ဂလိုင်ကော ဓာတ်ပစ္စည်းတွေ ရောနှောပါဝင်ခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဆေး ၄ မျိုးကို အင်ဒိုနီးရှားဆီ တင်ပို့ရောင်းချနေတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။