Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်လခွဲလောက် ကြာပြီးမှ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဘရာဇီး သမ္မတ မှတ်ချက်ပေး

ဘော်လ်ဆိုနာရိုဟာ အခုအချိန်ထိ လူလာရဲ့ ရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို အသိအမှတ် မပြုသလို သူ့အပေါ် အားပေး ထောက်ခံသူတွေ အနေနဲ့ ဘရာဇီး စစ်စခန်းတွေနားမှာ ဆက်ပြီး ဆန္ဒပြသင့်ကြောင်း အရိပ်အမြွက်သဘော တိုက်တွန်းသွားတာလည်း တွေ့ရပါတယ်။

တစ်လခွဲလောက် ကြာပြီးမှ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဘရာဇီး သမ္မတ မှတ်ချက်ပေး
တစ်လခွဲလောက် ကြာပြီးမှ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဘရာဇီး သမ္မတ မှတ်ချက်ပေး

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာ အရမ်း နာကျင် ခံစားရပါတယ်လို့ ရွေးကောက်ပွဲအပြီး တစ်လခွဲလောက် အကြာကျမှ ဘရာဇီး သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက ပထမဆုံးအကြိမ် ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရွေးကောက်ပွဲမှာ သမ္မတဟောင်း လူးဝစ်ဇ် အစ်နာရှို လူလာ ဒါဆေးလ်ဗားကို အရေးနိမ့်ခဲ့တဲ့ အချိန်ကစလို့ ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့အမြင်ကို လူသိရှင်ကြား လုံးဝ ထုတ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ ရက်မှာတော့ လက်ယာစွန်း အမျိုးသားရေး ဝါဒစွဲ သမ္မတ သူ့ကို အားပေး ထောက်ခံသူတွေနဲ့ သမ္မတ အိမ်တော်ရှေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဘော်လ်ဆိုနာရိုရဲ့ အမာခံ အားပေးသူတွေက ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ဘရာဇီး စစ်တပ်က အာဏာသိမ်းသင့်ကြောင်း တိုက်တွန်းနေကြပါတယ်။

သူ့အနေနဲ့ အကြီးအကျယ် နာကျင် ခံစားခဲ့ရကြောင်း၊ ဒါပေမဲ့ သူဘယ်သွားမယ်၊ ဘရာဇီး စစ်တပ် ဘယ်ကို ဦးတည်မယ် ဆိုတာတွေ အကုန်လုံးကို ဆုံးဖြတ်နိုင်တာက သူ့ကို ထောက်ခံတဲ့ ပြည်သူတွေသာ ဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ နိုင်ငံရေးမှာ စစ်တပ်က ကြားဝင်စွက်ဖက်လာဖို့ တောင်းဆိုမှုတွေကိုတော့ ထောက်ခံမှာ မဟုတ်ကြောင်း ဘော်လ်ဆိုနာရိုက ဆိုပါတယ်။ ဘရာဇီးရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာလည်း နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေကို လေးစားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘော်လ်ဆိုနာရိုဟာ အခုအချိန်ထိ လူလာရဲ့ ရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို အသိအမှတ် မပြုသလို သူ့အပေါ် အားပေး ထောက်ခံသူတွေ အနေနဲ့ ဘရာဇီး စစ်စခန်းတွေနားမှာ ဆက်ပြီး ဆန္ဒပြသင့်ကြောင်း အရိပ်အမြွက်သဘော တိုက်တွန်းသွားတာလည်း တွေ့ရပါတယ်။

ဘော်လ်ဆိုနာရိုနဲ့ လူလာတို့ရဲ့ အားပြိုင်မှုဟာ ဘရာဇီးနိုင်ငံ သမိုင်းမှာ အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲတစ်ခု အနေနဲ့ မှတ်တမ်းဝင်စေခဲ့ပြီး လူလာက ပွတ်ကာသီကာ အနိုင်ရခဲ့တာပါ။ အဲဒီအတွက် အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ရှင်းလင်းဖို့လည်း ဘရာဇီး ရွေးကောက်ပွဲ ကော်မတီက အသင့်ဖြစ်နေပါတယ်။

ဘော်လ်ဆိုနာရိုက ဘရာဇီး လက်နက်ကိုင် တပ်တွေဟာ နိုင်ငံကို ဆိုရှယ်လစ် လမ်းစဉ်နောက် လိုက်မသွားအောင် ကာကွယ်ဖို့ တာဝန်ရှိကြောင်း ပြောပါတယ်။ ပြီးတော့ လက်ယာစွန်း နိုင်ငံရေး အင်အားစုတွေအတွက် ဘာဆုံးရှုံးမှုမှ မရှိခဲ့သလို သူတို့ရဲ့ ရပ်တည်မှုဟာ အရှည် တည်တံ့နေဦးမယ်လို့လည်း သူက ကြွေးကြော်သွားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရထားတဲ့ လူလာဟာ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ဘော်လ်ဆိုနာရိုဆီက သမ္မတ အရိုက်အရာကို လွှဲပြောင်းယူသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။