Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်မ်ဂျုံအန်း လက်ဆောင် ပေးခဲ့တဲ့ ခွေးလေးတွေ တောင်ကိုရီးယားက တိရစ္ဆာန်ရုံ တစ်ခုဆီ ရောက်ရှိ

ဂိုမီနဲ့ ဆွန်ဂန်ဆိုတဲ့ Pungsan အမဲလိုက် ခွေးလေး နှစ်ကောင်ကို လွန်ခဲ့တဲ့ ၄ နှစ်က ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး အတော်လေး ပြန်အဆင်ပြေခဲ့တဲ့ အချိန်မှာ ကင်မ်က (အဲဒီတုန်းက) သမ္မတ မွန်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

ကင်မ်ဂျုံအန်း လက်ဆောင် ပေးခဲ့တဲ့ ခွေးလေးတွေ တောင်ကိုရီးယားက တိရစ္ဆာန်ရုံ တစ်ခုဆီ ရောက်ရှိ
ကင်မ်ဂျုံအန်း လက်ဆောင် ပေးခဲ့တဲ့ ခွေးလေးတွေ တောင်ကိုရီးယားက တိရစ္ဆာန်ရုံ တစ်ခုဆီ ရောက်ရှိ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက လက်ဆောင်ပေးခဲ့တဲ့ ခွေးကလေးတွေကို တိရစ္ဆာန်ရုံ တစ်ခုဆီ လွှဲပြောင်းပေးသွားဖို့ တောင်ကိုရီးယား အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

ခွေးလေးတွေကို ထိန်းသိမ်း စောင့်ရှောက်မှုအတွက် ကုန်ကျမယ့် စရိတ်စကကို ဘယ်သူကျခံသင့်သလဲ ဆိုတာကို လက်ရှိ အစိုးရနဲ့ တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျေအင်းတို့ကြား အငြင်းပွားမှုတွေ ကာလအတန်ကြာ ဖြစ်ပေါ်ခဲ့ရာက အခုလို အပြီးသတ် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

ဂိုမီနဲ့ ဆွန်ဂန်ဆိုတဲ့ Pungsan အမဲလိုက် ခွေးလေး နှစ်ကောင်ကို လွန်ခဲ့တဲ့ ၄ နှစ်က ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး အတော်လေး ပြန်အဆင်ပြေခဲ့တဲ့ အချိန်မှာ ကင်မ်က (အဲဒီတုန်းက) သမ္မတ မွန်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

စည်းမျဉ်းတွေအရ တခြားနိုင်ငံ ခေါင်းဆောင် တစ်ဦးက ပေးတဲ့လက်ဆောင် ဖြစ်တာကြောင့် ခွေးလေး နှစ်ကောင်ဟာ တောင်ကိုရီးယား အစိုးရပိုင်အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ မွန်းရဲ့ သမ္မတ သက်တမ်း ကုန်ဆုံးပြီး လက်ရှိ သမ္မတ ယွန်ဆွတ်ယိုလ် အာဏာရလာတဲ့ အချိန်မှာတော့ ခွေးလေးတွေရဲ့ အုပ်ထိန်းမှုနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ကနဦးတုန်းက သမ္မတဟောင်း မွန်းကိုပဲ ခွေးလေးတွေရဲ့ အုပ်ထိန်းသူအဖြစ် တာဝန်ယူပေးပြီး ပုံမှန် ထောက်ပံ့ကြေး ပေးနေဖို့ အစိုးရက သဘောတူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမ္မတယွန်က အဲဒီ သဘောတူညီမှုကို ကန့်ကွက်တဲ့ လက္ခဏာတွေ ပြသလာပါတယ်။ ယွန်ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တချို့က မွန်းဟာ ရယူထားတဲ့ ထောက်ပံ့ကြေးနဲ့ ထိုက်တန်တဲ့ ဂရုစိုက်မှုမျိုးနဲ့ ခွေးလေးတွေကို စောင့်ရှောက် မနေဘူးလို့ ဝေဖန်ခဲ့တဲ့နောက် မွန်းက ပြီးခဲ့တဲ့လမှာ ခွေးလေးတွေကို စွန့်လွှတ်ပြီး အစိုးရဆီ ပြန်လွှဲအပ်ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ခွေးလေးတွေကို နိုင်ငံ အရှေ့တောင်ပိုင်း ဂွမ်ဂျူမြို့က တိရစ္ဆာန်ရုံမှာပဲ နေထိုင်သွားရတော့မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်မှာ နာမည်ရေးထားတဲ့ လည်ပတ် ကိုယ်စီနဲ့ ခွေးလေးတွေကို တိရစ္ဆာန်ရုံမှာ စတင် ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားမျိုးရင်း ခွေးလေးတွေကို တိရစ္ဆာန်ရုံမှာ စတင်ပြသတဲ့ အစီအစဉ်ကို သတင်းထောက်တွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေပါ တက်ရောက်ခဲ့ပါတယ်။

ခွေးလေးနှစ်ကောင်ဟာ တောင်ကိုရီးယား ရောက်လာတဲ့နောက်ပိုင်း သားသမီး ၆ ကောင်ထိ မွေးဖွားခဲ့ပြီး သူတို့ထဲက ဘိုင်ယိုလ်ဆိုတဲ့ ခွေးထီးလေး တစ်ကောင်ကိုတော့ ၂၀၁၉ ခုနှစ် ကတည်းက ဂွမ်ဂျူ တိရစ္ဆာန်ရုံကို ရောက်နေခဲ့ပါတယ်။ ကျန်တဲ့ ခွေးလေးတွေကတော့ တခြား တိရစ္ဆာန်ရုံတွေနဲ့ တောင်ကိုရီးယားက စောင့်ရှောက်ရေး ဂေဟာတွေဆီ ခွဲဝေ ရောက်ရှိနေပါတယ်။

လောလောဆယ်တော့ ဘိုင်ယိုလ်နဲ့ သူ့မိဘတွေက အချင်းချင်း မမှတ်မိတာကြောင့် သီးသန့် ခွဲထားရပေမယ့် ရေရှည်မှာ အတူတကွ ပျိုးထောင် မွေးမြူပေးသွားဖို့ ရည်ရွယ်ထားကြောင်း တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်းဟာ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး အားထုတ်ခဲ့သူလို့ သတ်မှတ် ခံရပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက် ဆက်ဆံရေးက ပြန်လည် အေးခဲ တင်းမာသွားခဲ့ပါတယ်။ သူ့ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ ယွန်ကတော့ သဘောထား တင်းမာသူ တစ်ဦးဖြစ်ပြီး မွန်းရဲ့ မူဝါဒတွေဟာ မြောက်ကိုရီးယားကို အရှုံးပေးရာ ရောက်နေကြောင်း ဝေဖန် စွပ်စွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။