Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ ခိုက်ရန်ဖြစ်ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရ

နှစ်ဖက်စလုံး ခိုက်ရန်တွေ ဖြစ်ရာက စစ်သားတချို့ ဒဏ်ရာ အနည်းအကျဉ်း ရသွားခဲ့ကြတယ်လို့ သိရပါတယ်။ တရုတ်ဖက်က အခြေအနေကို အတိအကျ မသိရပေမယ့် အိန္ဒိယစစ်သား ၆ ယောက်လောက် ဒဏ်ရာ နည်းနည်း ရခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ ခိုက်ရန်ဖြစ်ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရ
နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ ခိုက်ရန်ဖြစ်ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရ

နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ စစ်တပ်တွေ ပဋိပက္ခ ဖြစ်ရာက နှစ်ဖက် ထိခိုက်မှုတချို့ ရှိခဲ့ကြောင်း အိန္ဒိယ စစ်တပ်က အတည်ပြုခဲ့ပါတယ်။

တစ်နှစ်ကျော်လောက် ကာလအတွင်း ဒီဖြစ်စဉ်ဟာ နယ်ခြားစောင့် တပ်တွေ အချင်းချင်း ကိုယ်ထိလက်ရောက် ရန်ပြုတာမျိုး ပထမဆုံးအကြိမ် ပြန်လည် ကြုံတွေ့လာခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်က အိန္ဒိယနဲ့ တရုတ် တပ်တွေဟာ ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်နေတဲ့ ကုန်းမြင့် ဧရိယာတွေမှာ အချင်းချင်း ရိုက်နှက်ရန်ပြုကြတာကြောင့် ၂၄ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ အဲဒီ သွေးထွက်သံယို ကိစ္စနောက်ပိုင်း နယ်စပ် တင်းမာမှုတွေကို လျှော့ချဖို့ နှစ်ဖက်စလုံးက အရေးတကြီး ညှိနှိုင်းလာကြပါတယ်။

ဒါပေမဲ့ တနင်္လာနေ့မှာတော့ အိန္ဒိယ စစ်တပ် အရူနာချယ်လ် ပရာဒက်ရှ် ပြည်နယ်က တာဝမ် ဧရိယာမှာ တရုတ်နဲ့ အိန္ဒိယ တပ်သားတွေ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း ကြေညာပါတယ်။ အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိန္ဒိယနိုင်ငံ အရှေ့ဖက်စွန်းမှာ ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက်စလုံး ခိုက်ရန်တွေ ဖြစ်ရာက စစ်သားတချို့ ဒဏ်ရာ အနည်းအကျဉ်း ရသွားခဲ့ကြတယ်လို့ သိရပါတယ်။ တရုတ်ဖက်က အခြေအနေကို အတိအကျ မသိရပေမယ့် အိန္ဒိယစစ်သား ၆ ယောက်လောက် ဒဏ်ရာ နည်းနည်း ရခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သက်ဆိုင်ရာ စစ်ဘက် ဦးစီး အရာရှိတွေက အရေးတကြီး ဖြန်ဖြေကြပြီး ပြဿနာဖြစ်တဲ့ နေရာကနေ နှစ်ဖက်စလုံး ဆုတ်ခွာပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ နောက်ဆက်တွဲအဖြစ် နှစ်ဖက်တပ်ဖွဲ့ ခေါင်းဆောင်တွေ ချက်ချင်း တွေ့ဆုံ ဆွေးနွေးပြီး ပြဿနာ အဓွန့်မရှည်အောင် ညှိနှိုင်းခဲ့ကြောင်းလည်း အိန္ဒိယ စစ်တပ်က ပြောပါတယ်။

ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်-အိန္ဒိယ နယ်စပ်ဟာ ကမ္ဘာပေါ်မှာ အစောင့်အရှောက် ချထားမှု အထူထပ်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ကြမ်းတမ်းပြီး ပထဝီ အနေအထားကလည်း မကြာခဏ ပြောင်းလဲသွားတတ်တာကြောင့် နယ်နိမိတ် တိတိကျကျ သတ်မှတ်ဖို့ ခက်ပါတယ်။ နှစ်ဖက် စစ်တပ်တွေဟာ နယ်မြေကိစ္စ အငြင်းပွားပြီး အရင်ကလည်း ခိုက်ရန် ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒါပေမဲ့ နယ်စပ်နားမှာ သေနတ်ပစ်ဖောက်တာမျိုး လုံးဝ မလုပ်ဖို့ နှစ်ဖက် သဘောတူထားတာကြောင့် ရန်ဖြစ်ကြတဲ့အခါ စစ်သားတွေဟာ သေနတ်တွေကို ပစ်ချပြီး တုတ်တွေ၊ တင်းပုတ်တွေ၊ လက်သီးတွေနဲ့သာ အပြန်အလှန် တိုက်ခိုက်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။