Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူ ရေတပ်အတွက် Invincibleအဆင့် ရေငုပ်သင်္ဘောအသစ် နှစ်စီး တပ်တော်ဝင်

စင်ကာပူဟာ ပထမဆုံး Invincible အဆင့် သတ်မှတ်ထားတဲ့ ရေငုပ်သင်္ဘောကို ၂၀၁၉ ခုနှစ်မှာ စတင်ရရှိခဲ့ပြီး အခု တပ်တော်ဝင်တာကတော့ ဒုတိယနဲ့ တတိယမြောက် Invincibleတွေ ဖြစ်ပါတယ်။ စင်ကာပူ ရေတပ်ဟာ Invincibleအဆင့် ရေငုပ်သင်္ဘော ၄ စီးထိ မှာယူထားပါတယ်။

စင်ကာပူ ရေတပ်အတွက် Invincibleအဆင့် ရေငုပ်သင်္ဘောအသစ် နှစ်စီး တပ်တော်ဝင်
စင်ကာပူ ရေတပ်အတွက် Invincibleအဆင့် ရေငုပ်သင်္ဘောအသစ် နှစ်စီး တပ်တော်ဝင်

စင်ကာပူ ရေတပ်ဟာ Invincible အဆင့် သတ်မှတ်ထားတဲ့ ရေငုပ်သင်္ဘောအသစ် နှစ်စီးအတွက် တပ်တော်ဝင် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

Impeccableနဲ့ Illustriousလို့ အသီးသီး နာမည်ပေးထားတဲ့ Type 218SG တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို ဒီဇင်ဘာ ၁၃ ရက်မှာ စင်ကာပူ ရေတပ်က အခမ်းအနားနဲ့ စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရေငုပ် သင်္ဘောတွေဟာ စင်ကာပူရဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဂျာမန် ရေကြောင်း နည်းပညာ လုပ်ငန်းစုကြီး TKMSက တာဝန်ယူ တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

စင်ကာပူဟာ ပထမဆုံး Invincible အဆင့် သတ်မှတ်ထားတဲ့ ရေငုပ်သင်္ဘောကို ၂၀၁၉ ခုနှစ်မှာ စတင်ရရှိခဲ့ပြီး အခု တပ်တော်ဝင်တာကတော့ ဒုတိယနဲ့ တတိယမြောက် Invincibleတွေ ဖြစ်ပါတယ်။ စင်ကာပူ ရေတပ်ဟာ Invincibleအဆင့် ရေငုပ်သင်္ဘော ၄ စီးထိ မှာယူထားပါတယ်။

ရေယာဉ်သစ်တွေ တပ်တော်ဝင်မှု အခမ်းအနားကို စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းအပြင် ဂျာမန် အဓိပတိ အိုလက်ဖ် ရှော့ဇ်ပါ တက်ရောက်ခဲ့ပါတယ်။ နောက်ပြီး စင်ကာပူနဲ့ ဂျာမနီက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အကြီးအကဲတွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ်လီက ရေကြောင်းသွားလာမှုကို အထူးအလေးထားရတဲ့ စင်ကာပူလို နိုင်ငံမျိုးအတွက် အစွမ်းထက်တဲ့ ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်မှုဟာ ကာကွယ်ရေး ကဏ္ဍမှာ အရမ်း အရေးပါတယ်လို့ မိန့်ခွန်း ပြောကြားခဲ့ပြီး ကျွမ်းကျင်မှုနဲ့ နည်းပညာတွေ မျှဝေပေးခဲ့တဲ့ ဂျာမနီ ရေတပ်နဲ့ TKMSတို့ကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားပါတယ်။

Invincibleတွေကို စင်ကာပူရဲ့ ရေတိမ်တဲ့ အပူပိုင်း ပင်လယ်ရေနဲ့ ကိုက်ညီအောင် တည်ဆောက်ထားပါတယ်။ Xပုံသဏ္ဌာန် တက်မတွေက ပိုပြီး သပ်ရပ် ငြင်သာတဲ့ အကွေ့အဝိုက်နဲ့ စစ်ကစားမှု စွမ်းရည်မျိုးကို ပေါင်းစပ်ပေးပြီး လောင်စာဆဲလ် နည်းပညာနဲ့ မောင်းနှင်စေမှာ ဖြစ်ပါတယ်။ ၇၀ မီတာ ရှည်လျားတဲ့ ရေငုပ်သင်္ဘော အသစ်တွေဟာ စင်ကာပူရဲ့ ရှိရင်းစွဲ Archerအဆင့် ရေငုပ်သင်္ဘောတွေထက် ရေအောက်မှာ ၅၀ ရာခိုင်နှုန်း ပိုကြာအောင် ငုပ်လျှိုးနေနိုင်ပြီး ရေမျက်နှာပြင်ပေါ်မှာ တစ်နာရီကို ၁၉ ကီလိုမီတာနှုန်း၊ ရေအောက်မှာ တစ်နာရီကို ၂၈ ကီလိုမီတာနှုန်း ခုတ်မောင်းနိုင်မှာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘော တစ်စီးမှာ အဖွဲ့သား ၂၈ ဦး လိုက်ပါနိုင်ပြီး တော်ပီဒို ၈ စင်းထိ တင်ဆောင်နိုင်ပါတယ်။ စတုတ္ထမြောက် Invincibleအဆင့် ရေငုပ်သင်္ဘောဖြစ်တဲ့ Inimitableကတော့ လက်ရှိ တည်ဆောက်နေဆဲ အဆင့်မှာသာ ရှိသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။